လူတွေပြောနေကြသလောက် တကယ်တမ်း မဆိုးပါဘူးဆိုတဲ့ တရုတ်နိုင်ငံက Anal Swab Test 

Pexels- Matilda Wormwood

တရုတ်မှာတော့ လက်တလော ကိုဗစ်အတည်ပြုလူနာတွေဟာ တော်တော်လေးကို ထိုးတက်နေခဲ့ပါတယ်။ နှစ်သစ်ကူးကာလလည်းဖြစ်နေတာကြောင့် လူတိုင်းကို အခုအချိန်မှာ တိုးမြှင့်ပြီးစစ်ဆေးနေခဲ့ကြပါတယ်။

ဒါပေမဲ့ ကိုဗစ်ပိုးရဲ့ ဥာဏ်များမှုကြောင့် အခုဆိုရင် test kit နဲ့ စစ်တာမျိုးတွေ၊ နှာခေါင်းထဲထည့်ပြီး swap test ယူတာမျိုးတွေတင်မလုံလောက်တော့ဘူးလို့ ဆိုတဲ့အတွက်ကြောင့် anal ကနေတစ်ဆင့် swap test ယူခဲ့ကြရပါတယ်။ 

Freepik- freepik

အနှာခေါင်းမှတစ်ဆင့် swap test လုပ်တာတောင်မှပဲ အလုပ်ခံဖူးတဲ့လူတွေဟာ နားထင်တောင် အောင့်တယ်တို့၊ နာတယ်လို့ ပြောနေခဲ့ကြတဲ့အတွက် အခု anal ထဲ ထည့်မယ်ဆိုတော့ လူတွေက ကြံဖန်ပြီး စိုးရိမ်နေခဲ့ကြပြန်ပါတယ်။ လူတွေဟာ ထည့်ပြီးတော့ အစစ်သာ ခံရမယ်ဆိုရင် လမ်းလျှောက်ဖို့ ခက်ခဲသွားမယ်ဆိုပြီးတော့ ကောလဟာလတွေ ထွက်နေခဲ့ကြပအါတယ်။

Freepik- freepik

လူမှုကွန်ယက်တွေမှာတောင်မှပဲ anal swab test စစ်ပြီးပြီးချင်းမှာပဲ လမ်းလျှောက်ရတာ ကတောက်ကဆတွေဖြစ်ပြီးတော့ ကို့ရို့ကားယားပုံစံဖြစ်တတ်ပါတယ်ဆိုပြီးတော့ ဗီဒီယိုတွေတောင် တင်နေခဲ့တာပါ။ ပင်ဂွင်းလမ်းလျှောက်သလိုပဲတဲ့။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရုတ်နိုင်ငံမှ ဆေးပညာရှင်တွေကတော့ အဲဒီလောက်လည်း မဆိုးပါဘူးဆိုပြီးတော့ ပြောတရားဝင် Forbes မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

Penny

SHARE