တရုတ် ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးကို ပြန့်နှံ့နိုင်ကြောင်း WHO သတိပေး

medicalnewstoday

ယခုအပတ် အင်္ဂါနေ့တုန်းက တရုတ်က ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ လူအချင်းချင်း ကူးစက်နိုင်ခြေနည်းပေမယ့် အကြီးအကျယ်ပြန့်နှံ့နိုင်ခြေရှိကြောင်း WHO  ကြေညာခဲ့တာကို nbcnews အရ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဆားစ်ဗိုင်းရပ်စ်နဲ့ ဆင်တူတဲ့ အသက်ရှူလမ်းကြောင်းပိုင်းကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်တစ်မျိုးလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ၀ူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တာပါ။ ထိုင်းနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တရုတ်အမျိုးသမီးတစ်ဦးကို တွေ့ရှိရပါသေးတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာတွေက နမိုးနီးယားနဲ့ ခပ်ဆင်ဆင်ပါ။ ၀ူဟန်မြို့မှာတော့ နမိုးနီးယားဖြစ်နေသူ (၄၁) ဦး ရှိပါတယ်။ လူတစ်ဦး သေဆုံးခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ထပ်သေဆုံးသူဦးရေ မရှိသေးကြောင်း ဒေသခံ ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။

Wikimedia Commons

WHO က တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဗန်ကာ့ခ်ဟိုဗ်ကတော့ “…ကျွန်တော်တို့ ရထားတဲ့ သတင်းအချက်အလက်တွေအရတော့ လူလူချင်းကူးစက်တယ်ဆိုတာ မတွေ့ရသလောက်ပါပဲ။ အထူးသဖြင့် မိသားစုဝင် အချင်းချင်းထဲမှာလည်း ကူးစက်နိုင်ခြေ အရမ်းနည်းပါတယ်…” လို ဆိုပါတယ်။ ဒါပေမယ့်လည်း ဗိုင်းရပ်စ်ရဲ့ ကျယ်ပြန့်နိုင်ခြေကို ခန့်မှန်းလို့မရသေးတာကြောင့် ယခုထက်ပိုပြီး ဗိုင်းရပ်စ်ပြန့်လာတဲ့အခါ လိုအပ်တဲ့ ပြင်ဆင်မှုတွေလည်း လုပ်ထားဖို့ လိုတယ်လို့ ဗန်ကာ့ခ်က ဆိုပါတယ်။

Reduce your risk of coronavirus infection

Posted by World Health Organization (WHO) on Monday, January 13, 2020

UN Agency ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆေးရုံတွေကို အကြံပေးလမ်းညွှန်တာတွေ ပြုလုပ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်နဲ့ ပတ်သက်ပြီး တိကျတဲ့ ဆေးကုထုံးလည်း မရှိသေးပါဘူး။ ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံမှာ စတင် ဖြစ်ပွားခဲ့ပေမယ့် မကြာခင်ကပဲ တရုတ်အပြင်ဘက် ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်လည်း နီးနေပြီ ဖြစ်တဲ့အတွက် နိုင်ငံထဲ ၀င်လာမယ့် တရုတ်လူမျိုးတွေကို ထိုင်းတွေက သေချာစောင့်ကြည့်နေကြကြောင်းလည်း သိရပါတယ်။

READ
ဗိုင်းရပ်စ်ရန်ကြောင့် ဘယ်သူမှသူ့ကိုမထိရဘူးလို့ အမိန့်ထုတ်လိုက်တဲ့ ဒူတာတေး

လင်းလင်း (ShweMom)

SHARE