၂၀၂၀ ထဲ ရုံတင်မယ့် Wonder Woman 1984 ရုပ်ရှင်မှာ ပါဝင်လာမယ့် ဝတ်စုံအသစ်

Kathy Hutchins/Shutterstock.com, gal_gadot Instagram

Gal Gadot ဟာ DC Extended Universe နဲ့ လက်တွဲပြီး Wonder Woman ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့တာ ၂၀၁၆ ခုနှစ်ကတည်းကပါ။ Wonder Woman အဖြစ် Gal Gadot ကို ၂၀၁၆ နှစ်တုန်းက ထွက်ခဲ့တဲ့ Batman Vs. Superman: Dawn of Justice မှာ ပွဲဦးထွက်စမြင်ခဲ့ရပါတယ်။

Kathy Hutchins/Shutterstock.com

Wonder Woman ဇာတ်ရုပ်ကို တာဝန်ယူသရုပ်ဆောင်ဖို့အတွက် ဓားရေး၊ ကွန်ဖူး၊ ကစ်ဘောက်စင်၊ capoeira လို့ခေါ်တဲ့ ကိုယ်ခံပညာနဲ့ ဂျူဂျစ်ဆုတို့ကို အားသွန်ခွန်စိုက်သင်ခဲ့ရပါတယ်။ တိုက်ခိုက်ရတဲ့ဇာတ်ရုပ်ကို တာဝန်ယူရတဲ့သရုပ်ဆောင်တစ်ယောက်အနေနဲ့ အတိုက်အခိုက်စွမ်းရည်တွေကို တတ်ကျွမ်းထားလေတော့ ကြည့်ရတာ စည်းဝါးကိုက်တဲ့အပြင် ကိုယ်ခံပညာနဲ့အဆက်အဆံမရှိဘဲ ဟန်ရေးပြနေတာထက် ပိုအသက်ဝင်နေခဲ့ပြီး Gal Gadot ရဲ့ တည်ကြည်ပြတ်သားတဲ့ရုပ်အခံကြောင့်လည်း Wonder Woman ဇာတ်ရုပ်နဲ့ အရမ်းကို လိုက်ဖက်လွန်းလှတယ်လို့ ပရိတ်သတ်တွေက ချီးကျူးခဲ့ကြပါတယ်။ အားပေးမှုတွေကြောင့်ပဲ ၂၀၁၇ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Wonder Woman ဇာတ်ကားဟာလည်း တခဲနက်အားပေးခြင်းကို ခံခဲ့ရပြီး အဲဒီနှစ် နိုဝင်ဘာမှာ ထွက်ရှိခဲ့တဲ့ Justice League မှာလည်း Batman, Superman, Aquaman, Falsh, Cyborg တို့လို DC ရဲ့ နာမည်ကြီး ဇာတ်ကောင်တွေနဲ့ တစ်စုတစ်စည်းထဲ သရုပ်ဆောင်ခဲ့ပါသေးတယ်။

READ
လက်မှတ်တွေ ရောင်းမကုန်ဖြစ်နေရှာတဲ့ Nicki Minaj
Faiz Zaki/Shutterstock.com

အခုသတင်းကြားတာကတော့ Wonder Woman ရဲ့ နောက်ထပ်ဇာတ်လမ်းအဆက်ဖြစ်တဲ့ “Wonder Woman: 1984” ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှာ ရုံတင်သွားမယ်ဆိုတဲ့သတင်းပါ။ ဒီအတွက် ရိုက်ကူးရေးတွေစတင်နေပြီလိုလည်း ကြားရပြီး ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့တုန်းကတော့ ရုပ်ရှင်ဒါရိုက်တာ Patty Jenkins က သူမရဲ့ Twitter မှာ အဲဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပုံတစ်ပုံကို tweet လုပ်ခဲ့ပါတယ်။

 

Tweet လုပ်ထားတဲ့အကြောင်းအရာကတော့ “နောက်ထပ်တစ်နှစ်တိတိပြည့်တဲ့နေ့” ဆိုတဲ့ caption နဲ့ Wonder Woman ရဲ့ ဓာတ်ပုံတစ်ပုံပါ။ ထူးခြားချက်အနေနဲ့ မြင်တွေ့ရတာက Wonder Woman ရဲ့ ဝတ်စုံပါ။ အရင်ဇာတ်လမ်းတွေမှာတုန်းက လူသိခဲ့တဲ့ Wonder Woman ဆိုတာ ရင်ပြတ်အင်္ကျီ၊ စက်နဲ့ လည်ရှည်ဖိနပ်တို့ကိုစီးထားတဲ့ ပုံစံမျိုးလေးဖြစ်ပေမယ့် အခုအခါမှာတော့ လက်ရှည်၊ဘောင်းဘီရှည်တို့နဲ့ တစ်ကိုယ်လုံး လုံလုံခြုံခြုံဝတ်ထားတဲ့ Wonder Woman ကို မြင်တွေ့ရမှာပါ။

READ
"ဥပဒေဘောင်အတွင်းကပဲ ပြန်လာပါ့မယ်" လို့ ပြောလိုက်တဲ့ မျိုးကိုကိုစန်း

 

 

View this post on Instagram

 

She’s back… 🙅🏻‍♀️ #WW84

A post shared by Gal Gadot (@gal_gadot) on

ဇာတ်လမ်းကလည်း ၁၉၈၄ ခုနှစ်ကို အခြေခံပြီး ရိုက်မယ်လို့ မျှော်မှန်းထားရတဲ့အတွက် ဒီ armour အသစ်ကရော ဘယ်လိုအခြေအနေမျိုးတွေကြောင့် ပြောင်းလဲသွားရတာလဲဆိုတာ ရင်ခုန်ရင်းကြည့်ရဖို့စောင့်နေပါပြီ။

Penny

 

 

SHARE