သင်ဘယ်လိုမှ လိုက်မလုပ်နိုင်တဲ့ Gym Trainer တစ်ယောက်ရဲ့စိန်ခေါ်မှုအသစ်

Instagram

ဆိုရှယ်မီဒီယာပေါ်မှာ Challenge တွေ ခေတ်စားလာတာနဲ့အမျှ ဘယ်သူမှ လိုက်မလုပ်နိုင်လောက်ဘူးထင်တဲ့ နည်းလမ်းတွေကို သုံးပြီး စိန်ခေါ်သူတွေရှိလာကြပါတယ်။ တချို့ကျတော့လည်း သူတစ်ယောက်တည်း ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်မယ် ထင်တဲ့အရာကို အများသိအောင်လုပ်ပြီး စိန်ခေါ်ကြတယ်။

ပြီးခဲ့တဲ့ လထဲမှာ ရေပန်းစားခဲ့တဲ့ BottleCapChallenge နဲ့ ChairChallenge တို့က နာမည်ကြီးတဲ့ စိန်ခေါ်မှုတွေ ဖြစ်ခဲ့ကြတာပေါ့။

အခုလည်း ဂျက်ဇ် ကရာနစ် လို့ခေါ်တဲ့ Gym Trainer တစ်ယောက်က တခြားလူတွေ လိုက်လုပ်နိုင်ဖို့ခက်တဲ့ နည်းလမ်းတစ်ခုနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ စိန်ခေါ်လိုက်ပြန်ပါပြီ။

Instagram

ဒီစိန်ခေါ်မှုကိုတော့ FlexChallenge လို့ခေါ်ပြီး သူမစိန်ခေါ်ထားတဲ့ပုံက တကယ်မလွယ်ပါဘူး။

စိန်ခေါ်မှုကို လက်ခံတဲ့သူဟာ ကြမ်းပြင်ပေါ်မှာ ၀မ်းလျားမှောက်လိုက်ရမှာဖြစ်ပြီး လက်နှစ်ဖက်ကို အနောက်ပစ်ကာ ဆုပ်ကိုင်ထားရပါမယ်။ အဲဒီလိုပုံစံမျိုးကနေ ကြမ်းပြင်ပေါ်ကနေ ပြန်ထဖို့ ကြိုးစားရမှာပါ။

READ
ဒေါ်နယ်ထရမ့် မျက်နှာဖုံးတပ်ပြီး ATMစက်တွေကို ဖောက်ထွင်းတဲ့ သူခိုးနှစ်ဦး အဖမ်းခံရ

စိန်ခေါ်မှုက ဒီလောက်ပဲဆိုလို့ လွယ်တယ် မထင်လိုက်ပါနဲ့။ အဲဒီမှာပါတဲ့ စည်းကမ်းချက်က တစ်ခုပဲရှိပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ဘေးဖက် ဒါမှမဟုတ် ကျောဖက်ကိုသုံးပြီး ပြန်ထဖို့ ကြိုးစားလို့မရပါဘူး။

Instagram

ဒီစည်းကမ်းချက်အရဆိုရင် သင့်အနေနဲ့ ခန္ဓာကိုယ်ကို ဘေးဖက်ကိုလည်း လှဲပြီး ထလို့မရသလို၊ လူကို ပက်လက်ပြန်လှန်ပြီး ထလို့လည်း မရတော့ပါဘူး။

ဂျက်ဇ် က ဒီစိန်ခေါ်မှုကို အောင်မြင်ဖို့ ဘယ်လိုလုပ်ရသလဲဆိုတာ ပြသသွားခဲ့ပါတယ်။ သူမ က မှောက်ရက်အနေအထားကနေ ခြေထောက်နှစ်ချောင်းကို ကားလိုက်ပြီး ထိုင်နေတဲ့ပုံစံအထိရောက်အောင် လုပ်လိုက်ပါတယ်။ အဲဒီနောက်တော့ ထရတာ လွယ်သွားပါပြီ။ ဒါပေမယ့် သူလုပ်တဲ့ ပုံစံအတိုင်း လိုက်လုပ်ဖို့ကတော့ တကယ့်ကို မလွယ်ကြောပါပဲ။

ကဲ….သင့်အနေနဲ့လည်း FlexChallenge ကို စိတ်ဝင်စားလို့ လိုက်လုပ်ချင်တယ်ဆိုရင် အောက်မှာ ပါတဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ကြိုးစားကြည့်လို့ရတယ်နော်…။

READ
ဝက်ခြံတွေကြောင့် အိမ်တွင်းပုန်းခဲ့ရပေမယ့် အလှမယ်သရဖူ ဆောင်းနိုင်ခဲ့တဲ့ ကောင်မလေး

 

 

View this post on Instagram

 

new flex challenge??? Tag a friend that you think can do this💁🏻‍♀️ • • Follow on Tik Tok @jax_kranitz for more videos!!

A post shared by jax (@jax.kranitz) on

Linn

 

SHARE