ရုပ်ရှင်ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ထိတ်လန့်သည်းဖို စီးရီးအသစ် October Faction

Netflix.com

Netflix က October Faction အမည်ရှိတဲ့ သည်းထိတ်ရင်ဖို အမျိုးအစားရုပ်သံစီးရီးသစ်တစ်ခုကို ဇန်န၀ါရီလ(၂၃)ရက်နေ့က ထုတ်လွှင့်ခဲ့ပါတယ်။အဆိုပါ ရုပ်သံစီးရီးဟာ ဇန်န၀ါရီလကုန်ပိုင်းလောက်မှ စလွှင့်ခဲ့ပေမယ့် အချိန်တိုအတွင်း လူစိတ်ဝင်စားခြင်းခံနေရပါတယ်။

အခုအချိန်မှာတော့ Netflix ဟာ Sex Education နဲ့ Brooklyn Nine-Nine စီးရီးတို့အတွက် ကြေငြာအားကောင်းကောင်းနဲ့ လှုံဆော်နေပေမယ့် အခု  October Faction နဲ့ ပတ်သက်လို့ ကြေငြာတာတို့ ဘာတို့ လုပ်တာ မတွေ့ရပါဘူး။ ကြော်ငြာတွေထဲမှာ မပါပေမယ့်လည်း October Factionဟာ တစ်ခဏအတွင်း လူစိတ်ဝင်စားလာတဲ့ ရုပ်သံစီးရီးတစ်ခုဖြစ်လာခဲ့တာပါ။

Netflix.com

October Factionဟာ comic စာအုပ်တစ်အုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ supernatural horror အမျိုးအစား စီးရီးတစ်ခုပါ။ Comic Book ကို ရေးသားသူတွေကတော့ Steve Niles နဲ့ Damien Worm တို့ ဖြစ်ပါတယ်။ သရဲတစ္ဆေမြေဖုတ်ဘီလူးတို့ကို လိုက်လံသတ်ဖြတ်တဲ့ Fred နဲ့ Deloris ဆိုတဲ့ လင်မယားနှစ်ယောက်ရဲ့ ဇာတ်လမ်းကို အခြေခံထားတဲ့ အတွက်လည်း ကြောက်ရွံထိတ်လန့်တဲ့ အရသာနဲ့ ဆန်းကြယ်တဲ့ သဘာဝတွေကို မြင်တွေ့ရဦးမယ့် စီးရီးတစ်ခုပါ။

လူမှုကွန်ရက်စာမျက်နှာတွေမှာ  October Faction နဲ့ ပတ်သက်တဲ့ ကြော်ငြာတွေ မရှိသလောက် နည်းပါးပေမယ့် စီးရီးကို စကြည့်နေတဲ့ လူတွေအချင်းချင်း Review တွေရေးသားထားတာကြောင့် လူစိတ်ဝင်စားတဲ့ စီးရီးတစ်ခုဖြစ်လာခဲ့ပါတယ်။

October Faction ထဲမှာ သရုပ်ဆောင်တဲ့ မင်းသားမင်းသမီးတွေကတော့  Bones စီးရီးထဲမှာ သရုပ်ဆောင်ခဲ့တဲ့ Tamara Taylor ၊ J. C. MacKenzie က Fred အဖြစ် အဓိက သရုပ်ဆောင်ထားပါတယ်။ Sex Education စီးရီးထဲက  Aurora Burghart နဲ့ Slasher စီးရီးထဲက Gabriel Darku တို့က သူတို့နှစ်ယောက်ရဲ့ သားသမီးများအဖြစ် သရုပ်ဆောင်ထားတာပါ။

October Factionဟာ Episode ၁၀ နဲ့ ထွက်လာမှာဖြစ်ပြီး Episode ၁ ခုချင်းစီမှာ မိနစ် ၄၀ လောက် ကြာမှာဖြစ်လို့ တစ်ဝကြီး ကြည့်ရဦးမယ့် စီးရီးကောင်းတစ်ခုပါပဲ။ ဒီစီးရီးကို ကြည့်ပြီးတဲ့သူတွေကတော့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာတွေမှာ အထူးချီးကျူးခဲ့ကြပါတယ်။

 

 

READ
Oscar ဆန်ကာတင်ဝင်သွားလို့ လေးနက်တဲ့ ပို့စ်တစ်ခုတင်လိုက်တဲ့ Rami Malek

ပရိသတ်တစ်ဦးက “ဒီစီးရီးကို ငါ အမှတ်မထင်ကြည့်မိသွားတယ်။ Season တစ်ခုလုံးကို ညလုံးပေါက်ထိုင်ကြည့်လိုက်တယ်။ ကောင်းလွန်းအားကြီးတယ်။ အခုတော့ October faction က Netflix မှာ ငါ အကြိုက်ဆုံး စီးရီးတစ်ခုဖြစ်သွားပြီ။ Season 2 အတွက် အဆင့်သင့်ပဲ” ဆိုပြီး အထူးတလည် ချီးကျူးခဲ့ပါတယ်။

Ye Yint Kyaw

SHARE