ဘယ်တော့မှ ရှိလာမှာမဟုတ်တဲ့ ပြဿနာတွေကို ဖြေရှင်းထားတဲ့ တီထွင်မှုအသစ်များ

လူသားတွေဟာ စိတ်ကူးဥာဏ်ကွန့်မြူးနိုင်တဲ့ သတ္တ၀ါတွေဖြစ်ပြီး အတွေးတွေကို လက်တွေ့အကောင်အထည်ဖော်ကြသူတွေပါ။ ဒီအတွေးတွေကနေပဲ လူ့လောကကို အကျိုးပြုတဲ့ နေ့စဉ်သုံးပစ္စည်းတွေဟာ ထွက်ပေါ်လာပါတယ်။ အချို့တီထွင်ဖန်တီးသူတွေကတော့ ထူးထူးဆန်းဆန်းပါပဲ။ သူထွင်လိုက်တဲ့ ပစ္စည်းက လက်တွေ့မှာ လူသားတွေအတွက် အကျိုးကျေးဇူးကြီးကြီးမားမား မရှိတာတောင် အဆုံးသတ်အကောင်အထည်ပေါ်လာတဲ့အထိ ဆက်လက်တီထွင်ဆဲပါပဲ။ အောက်ဘက်မှာတော့ တီထွင်သူ Matt Benedetto ရဲ့ ဘယ်တော့မှ ရှိလာမှာမဟုတ်တဲ့ ပြဿနာတွေအတွက် အဖြေထုတ်ထားတဲ့ ဖန်တီးမှုအသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

The FlopFlips™️

boredpanda
boredpanda

ကမ်းခြေမှာ ကိုယ့်နောက် တိတ်တဆိတ် နောက်ယောင်ခံလိုက်လာတဲ့သူကို လှည့်စားလို့ရတဲ့ ဖိနပ်ပါ။ ကိုယ်လမ်းလျှောက်တဲ့အရပ်ရဲ့ ဆန့်ကျင်ဘက်နေရာကို ညွှန်ပြပေးဖို့ ဖိနပ်ရဲ့ အောက်ခံဆိုးလ်ပြားကို ပြောင်းပြန်လုပ်ပေးထားပါတယ်။

StubStoppers™️

boredpanda
boredpanda

တကယ်လို့ သင်ဟာ ကိုယ့်နေအိမ်အခန်းထဲမှာ လျှောက်သွားတဲ့အခါ အခန့်မသင့်ရင် သင့်ခြေမဟာ တစ်စုံတစ်ခုနဲ့ ထိမိ တိုက်မိတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့ သင့်ရဲ့ ခြေမကို ဦးထုပ်လေး ဆောင်းထားပေးနိုင်ပါတယ်။ ဒီလိုဆိုရင် ခြေမမှာ မတော်တဆ ထိခိုက်တာတွေ ဘာတွေ မဖြစ်နိုင်တော့ပါဘူး။

READ
နေ့စဉ်သုံး ရိုးရိုးတမ်းတမ်း အသုံးအဆောင်တွေကို အမိုက်စားဒီဇိုင်းတွေနဲ့ ဖန်တီးထားပုံများ

Slice Slicer™️

boredpanda
boredpanda

လူတိုင်း ပီဇာညီတူညီမျှ စားရဖို့ ထွင်ထားတဲ့ ပစ္စည်းလေးပါ။ သင်အကြိုက်နှစ်သက်ဆုံး ပီဇာကို တစ်ချက်တည်းနဲ့ အညီအမျှ (၈) စိတ် စိတ်ချင်တယ်ဆိုရင်တော့ ဒီပစ္စည်းလေးကို အသုံးပြုနိုင်ပါတယ်။

iDangle™️

boredpanda
boredpanda

တစ်ခါတစ်လေ ဖုန်းသုံးနေရင်း မျက်နှာပေါ် ဖုန်းပြုတ်ကျတာမျိုး ဖြစ်ဖူးမယ် ထင်ပါတယ်။ ဒါကို ဖြေရှင်းနိုင်တဲ့ ပစ္စည်းသစ်တစ်မျိုး ရှိပါတယ်။ အဲဒါကတော့ မျက်နှာကနေ လက်မအနည်းငယ်အကွာအဝေးမှာ ဘာမှကိုင်စရာမလိုပဲ ဖုန်းကြည့်လို့ရတဲ့ ပစ္စည်းပါ။ ဖုန်းနောက်ကျောဘက်မှာ စုပ်ခွက်တပ်ပြီး မျက်နှာကြက်မှာ ကြိုးနဲ့ချိတ်ဆွဲကာ ဖုန်းကြည့်လို့ရနိုင်ပါတယ်။

OneCan TrashCan™️

boredpanda
boredpanda

အအေးဘူးတစ်ဘူးစာသာရှိတဲ့ အမှိုက်ပုံး အသေးစားလေးတွေ ဖြစ်ပါတယ်။ သောက်ပြီး ကုန်သွားတဲ့ အအေးဘူးကို လွှင့်ပစ်ဖို့ ပျင်းနေတယ်ဆိုရင်တော့ ဒီအမှိုက်ပုံးထဲ အအေးဘူးထည့်ပြီး လွှင့်ပစ်နိုင်ပါတယ်။

The Smellmet™️

boredpanda
boredpanda

ကိုယ့်နားက လူရဲ့ အမွှေးရနံ့ကြောင့် ခေါင်းမူးနေပြီ၊ နှာခေါင်းနားမှာ ဝေ့သီနေတဲ့ ဟင်းနံ့ သို့မဟုတ် အမှိုက်နံ့တွေကြောင့် စိတ်ညစ်နေရပြီဆိုရင် ဒီပန်ကာလေးက အသုံးဝင်မှာပါ။ ခေါင်းမှာ တပ်ထားရမယ့် ဒီပန်ကာလေးဟာ ကိုယ့်ဆီကို ကိုယ်မနှစ်သက်တဲ့ အနံ့အသက်တွေ မရောက်လာအောင် တားဆီးပေးပါတယ်။

READ
အမြဲတမ်းပျော်ပျော်နေတတ်တဲ့ ကောင်မလေးတွေရဲ့ လူမသိတဲ့ စိတ်ဒဏ်ရာများ

The ReadyNapper™️

boredpanda
boredpanda

ဘယ်နေရာရောက်ရောက် အိပ်ရမှ ကျေနပ်သူတွေအတွက် ဖန်တီးထားပုံပါပဲ။ ခေါင်းအုံးလေးပါ တွဲပါတာကြောင့် ဘယ်ကိုပဲ ရောက်နေနေ တစ်ရေးလောက်အိပ်ဖို့ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: boredpanda

SHARE