မီလီယံရာနဲ့ချီပြီး ထီပေါက်သော်လည်း မိန်းမနဲ့ ပြန်ပေါင်းထုတ်မရခဲ့တဲ့ သနားစဖွယ်အမျိုးသား

New Jersey မှ အမျိုးသားတစ်ဦးဟာ မီလီယံရာနဲ့ချီတဲ့ ထီဆုကြီးကို ပေါက်ခဲ့ပါတယ်။ သို့ပေမယ့် ဘဏ်စာရင်းထဲကတိုးလာတဲ့ ကိန်းဂဏန်းတွေဟာ ချစ်ဇနီးဟောင်းရဲ့အချစ်ကိုတော့ ဘယ်လိုမှ ပြန်ရအောင် လုပ်ပေးနိုင်ဘူးလို့ဆိုကာ စင်ပေါ်မှာ ရင်ဖွင့်ခဲ့ပါတယ်။

Fox News

အသက် ၅၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Mike Weirsky ဟာ မတ်လ ၇ ရက်နေ့တုန်းက ထီပေါက်တယ်ဆိုတဲ့အကြောင်း ဖုန်းဆက်အကြောင်းကြားတာကို ခံခဲ့ရပါတယ်။ ဒီသတင်းဟာ အလုပ်မရှိဘဲ ပိုက်ဆံမရှာနိုင်လို့ လင်မယားချင်း အဆင်မပြေဖြစ်ကာ ကွာရှင်းခဲ့ရတဲ့ Mike Weirsky အတွက်တော့ အလုပ်လည်း မလုပ်ချင်ရင် လုပ်စရာမလိုတဲ့အပြင် ဇနီးသည်ပင်ပင်ပန်းပန်းနဲ့ အလုပ် လုပ်စရာမလိုတော့တဲ့အတွက် သတင်းကောင်းတစ်ခု ဆိုတာထက်ကို ပိုတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။

Facebook

Mike နဲ့ ဇနီးဟောင်း အသက် ၅၃ နှစ်ရှိနေပြီဖြစ်တဲ့ Eileen Murray တို့ဟာ ၂၀၁၈ အောက်တိုဘာလတုန်းက အဆင်မပြေဖြစ်ကာ လမ်းခွဲခဲ့ကြတာပါ။ Mike ဟာ အလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး ကူဖော်လှောင်ဖက်မရဘဲ Eileen Murray ချည်းပဲ အရာလုံးလုံးကို ဦးဆောင်ကာ သိမ်းကျုံးလုပ်ကိုင်နေရတာမို့ သည်းမခံနိုင်တဲ့အဆုံး နှစ်ဦးသားလမ်းခွဲခဲ့ကြတာပါ။

READ
တိရစ္ဆာန်မွေးမြူခွင့် သက်ဆိုင်ရာက ပိတ်ပင်ခဲ့လို့ သေကြောင်းကြံစည်ခဲ့သူ
Faebook

လမ်းခွဲပြီးသည့်တိုင်အောင်လည်း Eileen ဟာ Mike အတွက် စားဖို့သောက်ဖို့ ထောက်ပံ့ကြေးတွေ ပေးနေရတုန်းပါပဲလို့လည်းသိရပါတယ်။

သို့ပေမယ့် Mike ဟာ Eileen အပေါ် အချစ်လျော့ဟန်တော့မရှိပါဘူး။ Mike ထီပေါက်သွားပြီးတဲ့အချိန်မှာတော့ Eileen ကို ပထမဦးဆုံးအကြောင်းကြားကာ ပြန်ပေါင်းထုတ်ဖို့အတွက် တိုင်ပင်ခဲ့ရာ Eileen က ငြင်းဆိုခဲ့ပါတယ်။

Facebook

Mike အတွက် ကုန်ကျထားတဲ့ ထောက်ပံ့စရိတ်ကို ပြန်ပေးမယ်ဆိုရင်တော့ လက်ခံမှာဖြစ်ပေမယ့် ပိုက်ဆံလေးချမ်းသာသွားရုံနဲ့တော့ သူမရဲ့အချစ်တွေကို ပြန်ရတော့မှာ မဟုတ်ဘူးလို့ Eileen ကဆိုပါတယ်။ ပိုက်ဆံတွေကို Mike ရဲ့ မိသားစုကို ပြန်ထောက်ဖို့ မျှော်လင့်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့သာ ပိုက်ဆံတွေကို သုံးဖို့ ဆုတောင်နေပါတယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။

Tim Wynkoop

သို့ပေမယ့် သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ Eileen ဟာ သူထီပေါက်တဲ့သတင်းကို ကြားကြားပြီးခြင်း သူ့ကို ဖုန်စဆက်ခဲ့တယ်လို့ပြောခဲ့ပေမယ့် Eileen ကတော့ ဘယ်တုန်းကမှ ဖုန်းမဆက်ခဲ့ဘူးလို့ဆိုပါတယ်။

READ
စိတ်ဖိစီးမှုဒဏ်တွေကြောင့် ရထားရှေ့မှာ ခုန်ချသေကြောင်းကြံခဲ့တဲ့ ကောင်မလေး

Mike ဟာ ထီပေါက်တဲ့ ပိုက်ဆံတွေကိုတော့ Ford ကထုတ်တ့ Raptor ထရပ်ကားတစ်စီး အရင်ဆုံး ဝယ်ပစ်ပါမယ်တဲ့။

Tim Wynkoop

Source: Daily Mail, Fox News

Penny

 

 

SHARE