လတ်တလောမှာ အသစ်ထွက်ရှိထားတဲ့/အသစ်ထွက်လာမယ့် ကေဒရာမာဇာတ်လမ်းတွဲများ

ကေဒရာမာပရိသတ်တွေအတွက် ဒီနှစ်ဆောင်းရာသီမှာ အသစ်ထွက်ရှိလာပြီး ကြည့်ရှုသူတွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိထားတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီနှစ်ဆောင်းမှာတော့ အိပ်ရာထဲမှာကွေးပြီး အသစ်ထွက်ထားတဲ့ ကေဒရာမာတွေကို တစ်ခုမှ လက်မလွှတ်စတမ်း ကြည့်လိုက်ရအောက်လေ။

1. The Crowned Clown

The Crowned Clown ထဲမှာတော့ ကလေးသရုပ်ဆောင်ဘဝကတည်းက လူသိများခဲ့တဲ့ Yeo Jin Gooက အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး သူကတော့ စရိုက်နှစ်မျိုးနဲ့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ သူ့ရဲ့ အသက်အတွက် ကြောက်နေရတဲ့ ဘုရင်က သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် သူနဲ့ ရုပ်တူတဲ့ လူပျက်တစ်ယောက်ကို ငှါးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘုရင်ရဲ့ အစီအစဉ်တွေအတိုင်းမဖြစ်လာခဲ့ပဲ ဘုရင်၊မိဖုရားနဲ့ ဘုရင်နဲ့ရုပ်တူတဲ့ လူပျက်တို့ရဲ့ကြားမှာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်လာခဲ့ပါတယ်။ စတင်ပြသတဲ့ရက် မကြာသေးပေမဲ့လည်း ခိုင်မာတဲ့ ဇာတ်အိမ်နဲ့ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုတွေရနေတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

2. Sky Castle

ကေဒရာမာ ပရိသတ်တစ်ယောက်ဖြစ်ပြီး Sky Castleကို မကြည့်ရသေးဘူးဆိုရင်တော့ တော်တော်လေးကို ခေတ်နောက်ကျနေပါပြီ။ ဒီဇာတ်လမ်းတွဲကတော့ တောင်ကိုရီးယားနိုင်ငံမှာ ချမ်းသာတဲ့ မိသားစုတွေက သူတို့ရဲ့ ကလေးတွေကို တက္ကသိုလ်ကောင်းကောင်းတွေ ပို့နိုင်ဖို့အတွက် ဘာမဆိုလုပ်ကြတဲ့ အကြောင်းကို ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားကတော့ “Goblin” ဇာတ်ကားရဲ့ ကြည့်ရှုသူနှုန်းစံချိန်ကိုတောင် ကျော်သွားခဲ့လောက်တဲ့အထိ လူတွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိနေတာဖြစ်ပါတယ်။

READ
ဇာတ်လမ်းအသစ်ရိုက်ကူးတော့မယ့်​ ရိန်း၊ ကန်ဆိုရာ နဲ့ မင်ဟိုရင်

3.Touch Your Heart

ဒီဇာတ်လမ်းတွဲကတော့ မကြာခင်မှာ ထုတ်လွှင့်တော့မယ့် ဇာတ်လမ်းတွဲတစ်ဖြစ်ပါတယ်။ Goblin ဇာတ်လမ်းတွဲရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့Touch Your Heartကို သေချာပေါက် ကြည့်ကို ကြည့်သင့်ပါတယ်။ ဒီဇာတ်လမ်းတဲ့အဓိကသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Lee Dong Wook နဲ့Yoo In Naတို့ကတော့ ဘယ်လိုအတွဲညီညီနဲ့ သရုပ်ဆောင်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီဇာတ်လမ်းကတော့ နာမည်ကျသွားတဲ့မင်းသမီးတစ်ယောက်က သူမရဲ့ အောင်မြင်မှုတွေ ပြန်လည်ရယူဖို့အတွက် အခက်အခဲတွေ၊ စွန့်စားမှုတွေနဲ့ ကြုံတွေ့ရတဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီး အချစ်ဟာသ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဖေဖေါ်ဝါရီမှာ စတင်ထုတ်လွှင့်မှာပါ။

4.Kingdom

ရာဇဝင်ဇာတ်ကားလား? လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားလားဆိုတာတော့ ဒီဇာတ်ကားကို စောင့်ကြည့်မှပဲ သိမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ အသစ်စက်စက် ကေဒရာမာဇာတ်လမ်းတွဲဖြစ်ပြီး ပဟေဠိဆန်ဆန်သေဆုံးသွားခဲ့တဲ့ ဂျိုဆွန်းဘုရင်နဲ့ တဖြည်းဖြည်း ပိုဆိုးလာတဲ့ ကပ်ဘေးကြီးအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် အဓိကသရုပ်ဆောင်ကလည်း Joo Ji Hoonဖြစ်တာကြောင့် ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။

READ
Drama ဇာတ်ကားတွေမှာ သရုပ်ဆောင်ချင်ကြောင်း ဖွင့်ဟခဲ့တဲ့ နပန်းသမားကြီး Bautista

5.Romance is a Bonus Book

Lee Jong Suk နဲ့ Lee Na Youngတို့နှစ်ယောက်ကို အတူတွဲပြီး တွေ့ရမယ့် ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းကတော့ စာပေဖြန့်ချိရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ စာရေးအရမ်းကောင်းတဲ့ စာရေးဆရာ၊အယ်ဒီတာတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။

6. My Strange Hero

ဒီဇာတ်လမ်းတွဲကတော့ အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပြီး စိတ်ဝင်စားစရာ ဇာတ်အိမ်နဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ကင်ဘုတ်ဆူဆိုတဲ့ကျောင်းသားလေးက ကျောင်းမှာ အနိုင်ကျင့်တယ်လို့ စွပ်စွဲခံရပြီး ကျောင်းထုတ်ခံခဲ့ရပါတယ်။ သူရဲ့ အချစ်ဦးကလည်း သူ့ကို သစ္စာဖောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကင်ဘုတ်ဆူ အသက် ၂၇ နှစ်အရွယ်ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ ကျောင်းကနေ သူ့ကို ကျောင်းပြန်တက်ဖို့အတွက် စာပို့ခဲ့ပါတယ်။ သူ့ကို ဘာကြောင့် ကျောင်းပြန်တက်ဖို့ ပြန်ခေါ်ခဲ့သလဲ။ ကင်ဘုတ်ဆူကရော သူ့ကို နာမည်ဖျက်ပြီး ကျောင်းထုတ်ခဲ့တဲ့ ကျောင်းကို ပြန်သွားမလဲဆိုတာ ဇာတ်လမ်းတွဲထဲမှာ စောင့်ကြည့်လိုက်ပါဦးနော်။

Source: Koreaboo

SHARE