မေလ တတိယပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ

ဒီကနေ့မှာတော့ ကေပေါ့သီချင်းကောင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် မေလ တတိယအပတ်အတွင်း ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေ နားထောင်ပြီးပြီလဲ ဘယ်သီချင်းတွေ အကြိုက်ဆုံးလဲ။

EXID(이엑스아이디) – ‘ME&YOU’

ဒီသီချင်းလေးကတော့ EXID အဖွဲ့ကို အဖွဲ့ငါးယောက်အနေနဲ့ တွေ့ရတဲ့ နောက်ဆုံး comeback သီချင်းလေးလည်းဖြစ်ပါတယ်။ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်လို့ နားထောင်လိုက်ပါဦးနော်။

WINNER – ‘AH YEAH

WINNER အဖွဲ့ကတော့ အမြဲတမ်း သီချင်းကောင်းတွေနဲ့ပဲ comeback လာလေ့ရှိပြီး စောင့်ရကျိုးနပ်တဲ့ အဖွဲ့ပါ။ဒီတစ်ခေါက်မှာလည်း သီချင်းလေးက  တော်တော်လေးကို နားထောင်ကောင်းပါတယ်။

KYUHYUN 규현 ‘그게 좋은거야 (Time with you)’

ဒီသီချင်းကတော့ Kyuhyun တစ်ေ်ယာက် စစ်မှုထမ်းပြန်လာပြီးနောက်မှာ ပထမဆုံး ဆိုလိုသီချင်းလေးဖြစ်ပါတယ်။ Kyuhyun ရဲ့ အသံအေးအေးလေးနဲ့ အရမ်းကို လိုက်ဖက်တဲ့ သီချင်းလေးဖြစ်လို့ နားထောင်ကြည့်လိုက်ပါဦးနော်။

READ
အိနြ္̔ဒာကျော်ဇင်ရဲ့ အကယ်ဒမီရင်ခုန်သံ

Weki Meki 위키미키 – Picky Picky

Weki Meki ဆိုတဲ့ အဖွဲ့လေးကတော့ ပရိသတ်တွေနဲ့ သိပ်မရင်းနှီးတဲ့အဖွဲ့လေးဖြစ်ပေမဲ့ သီချင်းခပ်မြူးမြူးလေးတွေကြောင့် ကိုရီးယားမှာ လူကြိုက်များတဲ့ တက်သစ်မ အဖွဲ့လေးတစ်ဖွဲ့ဖြစ်ပါတယ်။ နားထောင်ကြည့်လိုက်ပါဦးနော်။

A.C.E(에이스) – UNDER COVER

ဒီအဖွဲ့ကလည်း မြန်မာပရိသတ်တွေကြားမှာ လူသိနည်းတဲ့ အဖွဲ့လေးဖြစ်ပေမဲ့ ခပ်ကြမ်းကြမ်းသီချင်းတွေ ကြိုက်တဲ့သူတွေ သူတို့ရဲ့ သီချင်းတွေကို နားထောင်သင့်ပါတယ်။ လုံးဝကို အကြိုက်တွေ့စေမှာပါ။ ဒီသီချင်းအသစ်လေးကိုလည်း နားထောင်ကြည့်လိုက်ပါဦးနော်။

source: youtube

SHARE