ယခုအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ

youtube

ဒီကနေမှာတော့ ကေပေါ့ သီချင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေ နားထောင်ပြီးပြီလဲ။

BOL4(볼빨간사춘기) _ 25

အမြဲမြူးကြွတဲ့ သီချင်းလေးတွေနဲ့ ပရိသတ်တွေအကြိုက်တွေ့စေတဲ့ Bol4 အဖွဲ့ကတော့ သီချင်းအသစ်လေးနဲ့ ပြန်လည်ရောက်ရှိလာပါပြီ။ နားထောင်ကြည့်လိုက်ပါဦးနော်။

CHUNG HA(청하), Mommy Son(마미손) _ FAST

ဒီသီချင်းကတော့ ခပ်မြူမြူးလေးဖြစ်လို့ အားကစားလုပ်ရင်း နားထောင်လို့ ကောင်းမယ့် သီချင်းကောင်းလေးပါ။ နားထောင်ကြည့်လိုက်ပါဦးနော်။

BOL4(볼빨간사춘기) _ Workaholic

Bol 4 အဖွဲ့ကတော့ ဒီအပတ်ထဲမှာ သီချင်းကောင်းလေး ၂ ပုဒ်ကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းလေးကိုလည်း နားထောင်ကြည့်လိုက်ပါဦးနော်။

걸카인드XJR (GIRLKIND XJR) – All you want

ကောင်မလေး အလန်းလေးတွေဖြစ်တဲ့ GIRLKIND နဲ့ JR  တို့က သီဆိုထားတာဖြစ်ပြီး သီချင်းရော MTV ရော တော်တော်လေး မိုက်တဲ့ သီချင်းပါ။

READ
"တခါကဆတ်သေချောင်း" ဇာတ်ကား ကန်တော့ပွဲမှာ တွေ့ရတဲ့ ဟန်နာယူရီ

CLC _ Devil

CLC အဖွဲ့ကတော့ Devil ဆိုတဲ့ သီချင်းအသစ်နဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။ အမိုက်စား အကတွေနဲ့ တင်ဆက်ထားတဲ့ ဒီသီချင်းလေးကိုလည်း နားထောင်ကြည့်လိုက်ပါဦးနော်။

 

AP

SHARE