Mulan ကို စစချင်းကမ္ဘာကသိအောင် မိတ်ဆက်ပေးလိုက်တာကတော့ Walt Disney ကနေပြီး နာမည်ကြီး Disney princess တွေထဲ ထည့်သွင်းပြီးကာတွန်းကားအဖြစ် ရိုက်ကူးခဲ့တာပါပဲ။ ၁၉၉၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တုန်းက ထွက်ခဲ့ပြီးတော့ Disney ကနေပဲ ထပ်ပြီး Mulan ကို ၂၀၂၀ ခုနှစ်မှာ ပြန်လည်အသက်သွင်းခဲ့ပါတယ်။
ဒါပေမ့ တုန့်ပြန်မှုတွေ တော်တော်လေး မကောင်းခဲ့ဘဲနဲ့ အရင်ထွက်ခဲ့တဲ့ Mulan ကာတွန်းနဲ့လည်း မတူ၊ ရာဇဝင်ထဲက Mulan ဇာတ်လမ်းကိုလည်း မမှီဘူးဆိုပြီး ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကို ဆက်တိုက်ခံနေခဲ့ရပါတယ်။ တစ်ချို့ဆိုရင် Mulan ဇာတ်ကားမှာ ကောင်းတာဆိုလို့ မင်းသမီးပဲရှိတယ်ဆိုပြီး ပြောရလောက်တဲ့အထိကို ဖြစ်သွားခဲ့တာပါ။

အခု Independent ရဲ့ ဖော်ပြချက်အရ Mulan ဇာတ်လမ်းကို တရုတ်နိုင်ငံကနေပြီး ပြန်လည်ရိုက်ကူးပါတော့မယ်တဲ့။ ဒါရိုက်တာအနေနဲ့ကတော့ အမျိုးသမီးဒါရိုက်တာ Xia Wen က ရိုက်ကူးမှာဖြစ်ပြီး Mulan နေရာမှာတော့ Yang Ning ဆိုတဲ့ မင်းသမီးလေးက သရုပ်ဆောင်မှာပါ။ ရိုက်ကူးရေးတွေကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စတင်နေခဲ့တာဖြစ်ပြီးတော့ ပြသမယ့်ရက်ကိုတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာပဲ စတင်သွားမယ်လို့ ဖော်ပြထားပါတယ်။ နာမည်ကတော့ “Fight Mulan” ပါတဲ့။



အရင် ၂၀၀၉ ခုနှစ်တုန်းကလည်း Mulan ဇာတ်လမ်းကို တရုတ်ပြည်တွင်းကုမ္ပဏီတစ်ခုကပဲ မင်းသမီး Zhao Wei နဲ့ ရိုက်ကူးထားပါသေးတယ်။ အဲဒါလည်း တော်တော်လေးကို နာမည်ကြီးတဲ့အထဲမှာ ပါဝင်နေခဲ့ပါတယ်။
penny