ကပ်ရောဂါကာလအတွင်း စားသောက်ဆိုင်ထိုင်ပြီး စားမယ်ဆိုရင် လိုက်နာသင့်တဲ့ အရာများ

Pexels- Kaboompics.com

New normal ဘဝနဲ့ အချိန်တော်တော်ကြာအောင် နေထိုင်ရတော့မယ့်အချိန်မှာ ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိရှိလိုက်နာတတ်ဖို့ လိုအပ်နေပါပြီ။ ဥပမာ ရောဂါအရှိန်သေလာပြီးနောက်ပိုင်း ပြန်ဖွင့်လာတဲ့ စားသောက်ဆိုင်တွေမှာ အန္တရာယ်အကင်းဆုံး ဘယ်လိုမျိုး စားသောက်ကြမလဲဆိုတဲ့ အချက်လိုမျိုးပေါ့။ Reader’s Digest မှ ကိုးကားဖော်ပြပေးလိုကပါတယ်။

စားသောက်ဆိုင်တွင်း mask တပ်ပြီးမှ ဝင်ရမယ်ဆိုတဲ့ကိစ္စ

Cameron Mitchell စားသောက်ဆိုင်အုပ်စုက အကြီးအကဲ Brian Hinshaw ကတော့ စားသောက်ဆိုင်တွင်း mask တပ်ပြီး ဝင်ခြင်းဟာ အဆင်ပြေနိုင်ပေမယ့်လို့ အစားအသောက်တွေ စားတော့မယ်ဆိုရင် mask ကို မေးမှာချိတ်တာမျိုး၊ စားပွဲပေါ်တွေမှာ ချတာမျိုး စသဖြင့် မလုပ်သင့်ဘဲ ကျန်းမာရေးဌာနမှ ညွှန်ကြားထားတဲ့အတိုင်း သေချာလိပ်ကာ စွန်ပစ်လိုက်သင့်ပါတယ်လို့ Reader’s Digest မှာ ဖော်ပြထားခဲ့ပါတယ်။

Pexels- Ketut Subiyanto

လက်နဲ့အစာစားခြင်း

ကျွန်တော်တို့ မြန်မာလူမျိုးတွေ တော်တော်များများဟာ ဘာလေးပဲ စားရစားရ လက်လေးနဲ့နှိုက်လိုက်ရမှမဟုတ်လား။ ဒီအကျင့်ကို အခုကာလမှာ လုံးဝရှောင်ရှားလိုက်ပါတော့။ ဇွန်းတွေ ခက်ရင်းတွေနဲ့ ပိုက်တွေကိုလည်း ပါးစပ်နဲ့ထိနိုင်တဲ့နေရာနဲ့ ခပ်ခွာခွာကိုင်ဖို့ မမေ့လိုက်ပါနဲ့။

READ
မရိုးနိုင်တဲ့ အသစ်အဆန်းပေါင်းများစွာနဲ့ လူသားတွေကို မိတ်ဆက်ပေးနေတဲ့ ကမ္ဘာကြီး

စားသောက်ဆိုင်မှချမှတ်တဲ့ စည်းမျဉ်းတွေကို မလိုက်နာခြင်း

အိမ်ကနေ ကိုယ်ပိုင်ကားနဲ့တန်းလာလို့ ဆိုင်ရောက်ရင်တော့ လက်မဆေးတော့ပါဘူးလေဆိုပြီး အကြောင်းပြချက်မျိုးစုံနဲ့ စည်းမျဉ်းသေးသေးလေးတွေကို မလိုက်နာဘဲမနေလိုက်ပါနဲ့။ လက်ဆေးပြီးမှဝင်ဆို ဆေးလိုက်ပါ။ အဖျားတိုင်းရင် အတိုင်းခံလိုက်ပါ။ ခုံတွေခြားထားတာကိုလည်း ကိုယ့်သဘောနဲ့ကိုယ် ဖယ်ပစ်တာမျိုးတွေ မလုပ်လိုက်ပါနဲ့။

Pexels- Kaboompics.com

အုပ်စုလိုက်ကြီးစားပွဲကျင်းပခြင်း

လူငါးဦးထက်ပိုမစုရဆိုတဲ့အတိုင်း မွေးနေ့ပွဲတွေ၊ တွေ့ဆုံပွဲတွေလိုမျိုးမှာ အုပ်စုလိုက်ကြီးတွေ စုဝေးတာမျိုး ရှောင်ကျဉ်ပါ။

မီနူးစာအုပ်နဲ့ပိုက်ဆံများ

မီနူးစာအုပ်နဲ့ ပိုက်ဆံရွက်တွေဟာ လူတကာလက်ထဲ ကြင်လည်နေတဲ့အရာတွေမလို့ အခုဆိုရင် စားသော်ကဆိုင်တော်တော်များများမှာ အွန်လိုင်းမှ မီနူးကြည့်တဲ့စနစ်တွေနဲ့ card နဲ့ငွေပေးချေမှုတွေသာလက်ခံလာကြပါပြီ။ ဒီမှာတောင် စားသောက်ဆိုင်တွေဟာ ဒီစနစ်ကိုကျင့်သုံးလျက်ရှိနေပါတယ်။

Pexels- ELEVATE

ဝေစားမျှစားလုပ်ခြင်း

ပန်းကန်တစ်ခုတည်းက အစားအသောက်တွေ၊ ခွက်တစ်ခွက်ထဲက အရည်တွေကို အတူတူစားသုံးတာမျိုး ရှောင်ကျဉ်ပါ။ အနည်းဆုံး ပန်းကန်တစ်ချပ်အပိုတောင်းပြီး ခွဲစားတာမျိုး လုပ်နိုင်ပါတယ်။

အိမ်သာအသုံးပြုမှု

စားသောက်ဆိုင်သွားတိုင်း အိမ်သာဝင်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ပါ။ အိမ်သာကနေလည်း ရောဂါပိုးတွေ ကူးစက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

READ
သေမင်းနဲ့လက်တစ်ကမ်းမှာပဲရှိတဲ့ ကမ္ဘာတစ်ဝှမ်းက အန္တရာယ်အများဆုံး ဆဲလ်ဖီနေရာများ

Penny

 

SHARE