ပင်လယ်ဆားငံရေကို သောက်သုံးရေအဖြစ်ပြောင်းလဲပေးမယ့် ကင်ညာက နည်းပညာ

Instagram/givepowerfoundation

ကမ္ဘာပေါ်မှာနေထိုင်ကြသူတွေထဲ လူဦးရေ(၂.၂) ဘီလီယံဟာ သောက်သုံးရေသန့်ကို မှီဝဲသောက်သုံးခွင့် မရကြပါဘူး။ ကမ္ဘာ့နေရာအတော်များများမှာလည်း လူအတွက်ဘေးဥပဒ်ကင်းတဲ့ သောက်ရေသန့်ရရှိဖို့ဟာ အခက်အခဲဖြစ်လာနေပါတယ်။ ဒါပေမယ့် ကင်ညာနိုင်ငံထဲက မြို့လေးတစ်မြို့ကတော့ ပင်လယ်ဆားငံရေကနေ သောက်သုံးရေရေချိုရရှိအောင် ပြုလုပ်နိုင်တဲ့ စက်ရုံတစ်ရုံကို တည်ဆောက်ခဲ့ပြီးဖြစ်တယ်လို့ Brightside သတင်းမှာ တွေ့ရပါတယ်။

နေစွမ်းအင်သုံးပြီး ရေသန့်ထုတ်လုပ်ပေးတဲ့ ၄င်းစက်ရုံကို GivePower အမည်ရ NGO အဖွဲ့အစည်းတစ်ခုက တည်ထောင်ခဲ့တာပါ။ စက်ရုံကနေ ထွက်လာတဲ့ ရေသန့်စစ်ဆေးမှုဟာ ၄င်းကင်ညာမြို့လေး ကီရန်ဂါက မြို့သူမြို့သားတွေအဖို့ အတော်အဆင်ပြေနေတာကြောင့် ဒီနည်းပညာကို အခြားသော ရေရှားပါးတဲ့ အရပ်ဒေသတွေဖြစ်တဲ့ ကိုလံဘီယာနဲ့ ဟေတီတို့မှာ အသုံးပြုဖို့လည်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Instagram/givepowerfoundation

စက်ရုံကိုတော့ ပြီးခဲ့တဲ့ နှစ်ကတည်းက ကင်ညာမှာ တည်ဆောက်ထားခဲ့တာပါ။ ၄င်းဟာ ပထမဆုံးနေစွမ်းအင်သုံးတဲ့ ရေသန့်စနစ်ဖြစ်ကာ အိန္ဒိယသမုဒ္ဒရာထဲက ဆားငံရည်တွေကို ရေသန့်အဖြစ် ပြောင်းလဲပေးနိုင်တာ ဖြစ်ပါတယ်။  သာမန်ရိုးကျဆားငံရေကို ဖယ်ထုတ်ပစ်တဲ့ စက်ရုံတွေမှာ အမှန်တော့ အကုန်ကျအလွန်များပါတယ်။

© GivePower

ဒါကို GivePower ကနေ solar water farms လို့ခေါ်တဲ့ နည်းပညာကို သုံးပြီး စွမ်းအင်ရအောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Solar water farms နည်းပညာမှာတော့ စွမ်းအင် (၅၀) ကီလိုဝပ်အားထွက်နိုင်တဲ့ ဆိုလာပြားတွေကို တပ်ဆင်ကာ Telsa ဘက်ထရီတွေနဲ့ စွမ်းအင်တွေကို သိုမှီးထားပါတယ်။ (၂၄) နာရီလုံးလုံး သုံးစွဲလို့ရအောင် ရေစုပ်စက်(၂) လုံးကိုလည်း ထားပေးထားပါတယ်။

READ
နေ့စဉ်ဘ၀ကို ပိုပျော်စရာဖြစ်အောင် ဖြည့်ဆည်းပေးနေတဲ့ တီထွင်မှုအဆန်းများ

 

အခုဆိုရင်တော့ Solar water farms စနစ်နဲ့ တစ်နေ့ကို လူပေါင်း (၃၅,၀၀၀) အတွက် သောက်သုံးရည်ဖန်တီးပေးနိုင်နေပါပြီ။ ဒီမတိုင်ခင်ကတော့ ကီရန်ဂါမှာ နေထိုင်ကြတဲ့ မြို့သူမြို့သားတွေဟာ ရေရဖို့ တစ်နာရီလောက် ခရီးနှင်ရသလို ရလာတဲ့ရေကလည်း ညစ်ပတ်လှပါတယ်။ ကီရန်ဂါဟာ မိုးခေါင်ပြီး ရေရှားတဲ့နေရာဖြစ်တဲ့အတွက် ကီရန်ဂါသားတွေဟာ ရေရှားပါးတဲ့ဒဏ်ကို တော်တော်ကြီး ခံစားခဲ့ရတာပါ။ ဒါ့အပြင် သူတို့သုံးရတဲ့ ရေနေရာဟာလည်း တိရစ္ဆာန်တွေရေချိုးတဲ့ ရေလမ်းကြောင်းမှာ ဖြစ်နေတဲ့အတွက် လူကို ဥပဒ်ဖြစ်စေနိုင်တဲ့ အီကိုလိုင်ရောဂါပိုးတွေ၊ အခြားကပ်ပါးကောင်တွေပါ ရေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

READ
အိမ်၊ ရုံ၊ ဆိုင်တွေမှာ အိမ်သာဆိုင်းဘုတ်လေးတွေကို ဒီလို အဆန်းလုပ်လို့ရတယ်....
Instagram/givepowerfoundation

ကီရန်ဂါသားတွေဟာ  ဒီညစ်ပတ်လွန်းပြီး ငန်ကျိနေတဲ့ရေကိုပဲ သောက်သုံးတာ၊ ရေချိုးတာ၊ အ၀တ်လျှော်တာမျိုးတွေ လုပ်ခဲ့ရပါတယ်။ ဒါကြောင့် အခုလို Solar water farms စနစ်တပ်ဆင်အပြီးမှာတော့ ကီရန်ဂါမြို့သူမြို့သားတွေအဖို့ အပျော်ကြီးပျော်ခဲ့ပါတယ်။ ပညာရှင်တွေ ခန့်မှန်းထားတာကတော့ (၂၀၂၅) ခုနှစ်အရောက်မှာ ကမ္ဘာ့လူဦးရေထက်ဝက်လောက်ဟာ ရေရှားပါးမှုအန္တရာယ်ကို ကြုံတွေ့ရနိုင်တယ်ဆိုပြီးတော့ပါ။ ကမ္ဘာ့ရေထုထဲ (၂.၅) ရာခိုင်နှုန်းလောက်ပဲ ရေချိုရှိတာကြောင့် ပညာရှင်တွေအနေနဲ့ ကမ္ဘာနဲ့အ၀ှမ်းရေရှားပါးတဲ့ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ လူတွေအတွက် အန္တရာယ်ကင်းတဲ့ ရေသန့်စနစ် Solar water farms တွေဟာ ပေါ်ပေါက်လာနေပြီဖြစ်တာကြောင့် လူ့အဖွဲ့အစည်းအတွက် အကျိုးများတဲ့ ရှာဖွေတွေ့ရှိချက်လို့ ဆိုရမှာပဲ ဖြစ်ပါတော့တယ်။

လင်းလင်း (ShweMom)

SHARE