တစ်ချက်ကိုက်လိုက်ရုံနဲု့ လူ့သွေးပုပ်သွားစေနိုင်တဲ့ ပင့်ကူမျိုးစိတ်သစ်တစ်မျိုးကို တွေ့ရှိ

National Autonomous University of Mexico

မက္ကဆီကိုတောင်ကြားဒေသမှာ သွားလာကျက်စားနေတဲ့ ပင့်ကူမျိုးစိတ်သစ်တစ်မျိုးကို သိပ္ပံပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ အဲဒီ ပင့်ကူမျိုးစိတ်သစ်ဟာ အဆိပ်ပြင်းပင့်ကူအမျိုးအစားထဲမှာ ပါဝင်ပြီး သူ့ရဲ့ အဆိပ်ဟာ အင်မတန်ပြင်းထန်လွန်းတာကြောင့် တစ်ချက်ကိုက်လိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ သွေးကို ပုပ်သွားစေနိုင်ပါတယ်။ Loxosceles tenochtitlan လို့ အမည်သစ်ပေးထားတဲ့ အဆိုပါ ပင့်ကူဟာ မက္ကဆီကိုဒေသက တောင်ကြားတွေမှာပဲ တွေ့ရတဲ့ ပင့်ကူအမျိုးအစားတစ်ခုအဖြစ် စာရင်းသွင်းခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြထားပါတယ်။

အဲဒီ အဆိပ်ပြင်းပင့်ကူဟာ ဘယ်လောက်အထိ အဆိပ်ပြင်းသလဲဆိုရင် ခန္ဓာကိုယ်အတွင်းထဲကို ပင့်ကူအဆိပ်နည်းနည်းလေး ရောက်သွားတာနဲ့ အဆိုပါ အဆိပ်ဟာ လူခန္ဓာကိုယ်ထဲမှာရှိတဲ့ တစ်သျှူးတွေကို အလွယ်တကူဖျက်ဆီးပစ်နိုင်ပါတယ်။ ဒီနောက်မှာတော့ အသက်သေဆုံးမှုတွေအထိတောင် ဖြစ်လာနိုင်စေပါတယ်။ တစ်ခါအကိုက်ခံရရင်တော့ သေဆုံးဖို့ ရာနှုန်းများတဲ့ အဆိပ်ပြင်းပင့်ကူမျိုးစိပ်သစ်တစ်မျိုးပါ။ 

အဲဒီ အဆိပ်ပြင်းပင့်ကူအကိုက်ခခံရပြီး ပြန်လည် ကောင်းမွန်လာစေဖို့အတွက် လပေါင်းများစွာ အချိန်ယူရမယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်တွေ ဖယ်ထုတ်ပြီးပြီ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဆိုဦးတောင် ပင့်ကူအကိုက်ခံရတဲ့ နေရမှာ အမာရွတ်တော့ ကျန်နေဦးမှာပါ။

National Autonomous University of Mexico

မက္ကဆီကိုက သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Mr Valdez-Mondragon ရဲ့ ပြောကြားချက်အရ အခု တွေ့ရှိရတဲ့ ပင့်ကူမျိုးစိတ်သစ်က စတွေ့တုန်းကတော့  Loxosceles misteca ပင့်ကူမျိုးစိတ်နဲ့ အပြင်ပိုင်းမှာ တူသလိုလို ရှိနေပေမယ့် တကယ့် တကယ် ဓာတ်ခွဲလေ့လာမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ Loxosceles misteca နဲ့ လုံးဝကို မတူတဲ့ မျိုးစိတ်သစ်တစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ မက္ကဆီကို ကို သွားရင် သတိထားစရာ အကောင်တွေထဲက တစ်ကောင်ပါပဲ။

Ye Yint Kyaw

SHARE