တိုက်တန်းနစ်လမ်းကြောင်းအတိုင်း ခရီးစဉ်ဆွဲကာ အတ္တလန္တိတ်ထဲခြေဆန့်မည့် အစီအစဉ်

llightmax84_shutterstock, @jordan_bissell9_Twitter

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၇ နှစ်တုန်းက ဗြိတိသျှခရီးသည်တင်သင်္ဘောကြီး တိုက်တန်းနစ်ဟာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲ ရွက်လွှင့်နေရင်း ရေခဲပြင်ကြီးတစ်ခုကို တိုက်မိကာနစ်မြုတ်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ၁၉၁၂ ခုနှစ်မှာတောာ့ သတင်းစာခေါင်းကြီးပိုင်းတွေမှာ တော်တော်လေးနေရာယူသွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ တရားဝင်ခရီးသည်ပေါင်း ၂၂၂၄ ယောက် သယ်ဆောင်လာတဲ့ တိုက်တန်းသင်္ဘောနစ်နစ်မြုပ်မှုကြောင့် လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ရပြီး ကမ္ဘာ့အကြီးအကျယ်ဆုံး ယာဉ်မတော်တဆမှုထဲက တစ်ခုဖြစ်သွားခဲ့ပါတယ်။

ရုပ်ရှင်တွေ၊ ပုံပြင်ဇာတ်လမ်းတွေနဲ့ အမျိုးမျိုးသရုပ်ဖော်ထားခဲ့တာကြောင့် နှစ်ပေါင်းတစ်ရာကျော်သည့်တိုင်အောင် သတင်းမွှေးဆဲ၊ မစိမ်းဆဲဖြစ်နေခဲ့တာပါ။ ဒီလိုသတင်းတွေမွှေးခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောကြီးအတိုင်း ပုံစံတူတည်ဆောက်ထားတဲ့ သင်္ဘောကြီးဟာဆိုရင် ၂၀၂၂ ခုနှစ်မှာ ပထမဆုံးရေချပြီး ခရီးစဉ်ပြေးစွဲမှာပဲဖြစ်ပါတယ်။ သင်္ဘောနာမည်ကိုတော့ ရိုးရိုးရှင်းရှင်းပဲ Titanic II လို့ ပေးထားခဲ့ပြီး အမေရိကန်ဒေါ်လာ သိန်း ၅၀၀ အကုန်ကျခံတည်ဆောက်သွားမှာပါ။ တရုတ်သင်္ဘောကုမ္ပဏီတစ်ခုဖြစ်တဲ့ Blue Star Line မှ တာဝန်ယူသွားမှာဖြစ်ပြီး မူလတိုက်တန်းနစ်သင်္ဘောကို တည်ဆောက်ခဲ့တုန်းက သင်္ဘောကုမ္ပဏီရဲ့နာမည် White Star Line နဲ့တောင် နာမည်ခပ်ဆင်ဆင်ဖြစ်နေခဲ့ပါတယ်။

READ
အသက်(၉၈)နှစ်ရှိနေပြီဖြစ်တဲ့ ကမ္ဘာ့အသက်အကြီးဆုံး ယောဂဆရာမ

 

ခရီးစဉ်ကိုတော့ ဒူဘိုင်း၊ ဗြိတိန်၊ နယူးယောက်ဆိုပြီး လောလောဆယ်တော့ အကြမ်းဖြင်းရေးလျာထားကာ မူလတိုက်တန်းနစ်ရဲ့ ခရီးစဉ်လမ်းကြောင်းအတိုင်း အတ္တလန္တိတ်ထဲကိုလည်း ခြေဆန့်ဦးမှာပါ။ ဒါပေမဲ့လည်း အရင်ကလိုမျိုး ရေခဲတုံးတွေ၊ ရေခဲပြင်ပြတ်တွေပေါများလှတဲ့ အအေးရာသီမှာမဟုတ်ဘဲ ဒီတစ်ခေါက်မှာတော့ သာယာပြီး နွေးနွေးထွေးထွေးရှိတဲ့ နွေရာသီမှာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အပမ်းဖြေစခန်းသဘောမျိုး ပြုလုပ်ပေးသွားမှာပါ။

သက်ကယ်အင်္ကျီတွေနဲ့ သက်ကယ်လှေတွေကိုလည်း လုံလောက်တာထက်ကို ပိုတဲ့ အရေအတွက်နဲ့ထည့်ပေးကာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားမှာဖြစ်ပြီး ၂၁ ရာစုကအဆင့်မြင့်နည်းပညာတွေအသုံးပြုကာ Titanic II ကို ပုံစံတူသော်လည်း လုံခြုံရေးမှာတော့ တင်းတင်းကြပ်ကြပ်နဲ့ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး ကမ္ဘာလှည့်ခီးသွားတွေို ဆွဲဆောင်ဖို့ စိတ်ကူးထားကြပါတယ်။ သင်္ဘောရဲု့အပြင်ပိုင်းပုံစံဒီဇိုင်းတွေတင်မဟုတ်ဘဲ မူရင်းတိုက်တန်းနစ်ဒီဇိုင်းနဲ့ Titanic ရုပ်ရှင်ထဲက စားသောက်ခန်းတွေ၊ လျှောက်လမ်း၊ အိပ်ခန်းစတာတွေကို မှီငြမ်းပြီး အတတ်နိုင်ဆုံး ချွတ်စွတ်တူအောင် တည်ဆောက်သွားကြမှာပါ။

READ
အိမ်ထဲကိုဝင်ပြီး ရန်ရှာဖို့ကြိုးစားတဲ့ သားပိုက်ကောင်ကြောင့် မိသားစုအိမ်ထဲမှာပိတ်မိနေခဲ့
lightmax84/shutterstock

ဒီ Titanic II ဟာ ၂၀၁၆ ခုနှစ်ကတည်းက ရွက်လွှင့်မယ်လို့ စီစဉ်ထားခဲ့ပေမယ့်လည်း သင်္ဘောတည်ဆောက်မှုကို အဓိကတာဝန်ယူထားခဲ့တဲ့ Palmer’s ကုမ္ပဏီနဲ့ တရုတ်ခြေစိုက် CITIC တို့ကြား ငွေကြေးအငြင်းပွားမှုတွေကြောင့် သင်္ဘောကြီးကို တည်ဆောက်ဆဲအခြေအနေမှာပဲ ရပ်ဆိုင်းထားခဲ့ရတာကြောင့် ကြန့်ကြာသွားခဲ့ရတာပါ။ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အထိ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပြီး အခု ၂၀၁၉ ခုနှစ်ကျကာမှ  တည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ခဲ့ကာ ၂၀၂၀ ခုနှစ်မှာတော့ ခရီးစဉ်စတင်ပြေးဆွဲတော့မှာဖြစ်ပါတယ်။

ဒီလိုတည်ဆောက်မှုနဲ့ပတ်သက်ပြီး လူတွေဆီကနေ ဝေဖန်မှုတွေရရှိနေပေမယ့် Plemer’s ကုမ္ပဏီဘက်ကတော့ ရာဇဝင်တွင်ခဲ့တဲ့ ကိစ္စကြီးကို ပြန်လည်ဖန်တီးရတဲ့အတွက် ဂုဏ်ယူတယ်လို့Townsville သတင်းစာရှင်းလင်းပွဲမျာ ပြောခဲ့ပါတယ်။

တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောကြီးကို စီးရတဲ့ခံစားချက်နဲ့ အတ္တလန္တိတ်သမုဒ္ဒရာထဲ ရွက်လွှင့်ချင်တယ်ဆိုရင်တော့ Titanic II ဟာ ပရိတ်သတ်တို့အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်နော်။

Penny

SHARE