ဒီတစ်ပတ်မှာ အသစ်ထွက်ရှိလာတဲ့ ဇာတ်ကား Trailer သစ် ( ၆) ခု

Image:Netflix/Youtube screenshot

ဇာတ်ကားအသစ်တွေကို ကြိုက်တဲ့ ပရိသတ်တွေ အတွက် ဒီတစ်ပတ်မှာ အသစ်ထွက်ရှိလာတဲ့ ဇာတ်ကား သစ် Trailer တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

The King’s Man

ဒီဇာတ်ကားကတော့ စပိုင် အက်ရှင်ဇာတ်ကားအမျိုးအစားပါ။ ဒါရိုက်တာကတော့ Matthew Vaughn ပါ။ ဒီဇာတ်ကား ထဲမှာတော့ Ralph Fiennes, Gemma Arterton, Rhys Ifans, Matthew Goode, Tom Hollander, Harris Dickinson, Daniel Brühl တို့ ပါဝင်ထားပါတယ်။(၂၀၂၀) ဖေဖော်ဝါရီ (၁၄)မှာ ထွက်ရှိမှာပါ။

1917

ပထမကမ္ဘာစစ်အတွင်းက ဗြိတိန်လူငယ်စစ်သားနှစ်ယောက်ရဲ့ အကြောင်းပါ။မဖြစ်နိုင်တဲ့ မစ်ရှင်ကို ထမ်းဆောင် ကြမယ့်လူငယ်နှစ်ယောက်ပါ။အန္တာရယ်အရမ်းများတဲ့ ရန်သူ့ပိုင်နက်ထဲကို ၀င်ပြီး မက်ဆေ့ခ်ျ အမှာစကားကို ပို့ ပေးရမှာပါ။ ဒီဇာတ်ကားကတော့ ဒီဇင်ဘာ (၂၅)ရက်နေ့မှာ ထွက်ရှိလာမှာပါ။

READ
Britney Spears သေဆုံးပြီဆိုတဲ့ သတင်းမှားအတွက် Sony Music တောင်းပန်

Lupin III: The First

ဒီဇာတ်ကားကတော့ anime / manga series ပါ။ဇာတ်ကားထဲမှာတော့ နာမည်ကြီး သူခိုးတစ်ယောက်ရဲ့ မြေး ဖြစ်သူ Arsene Lupin ရဲ့ စွန့်စားခန်းတွေကို တွေ့ရမှာပါ။ ဂျပန်မှာတော့ (၂၀၁၉) ဒီဇင်ဘာ (၆)ရက်နေ့မှာ ထွက်ရှိမှာပါ။

6 Underground

ဒီဇာတ်ကားကတော့ ဘီလီယံနာ (၆)ယောက်က သေချင်ယောင်ဆောင်ပြီး အဖွဲ့ဖွဲ့ကာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရာဇ၀တ်သားတွေကို နှိမ်နင်းတဲ့ အကြောင်းလေးပါ။ Ryan Reynolds ကတော့ ဘီလီယံနာ (၆)ယောက် အဖွဲ့ကို ဦးဆောင်သူပါ။ ဒီဇင်ဘာ (၁၃)မှာ ထွက်ရှိမှာပါ။

Richard Jewell

Richard Jewell ကတော့ အမေရိကန် လုံခြုံရေးဝန်ထမ်းတစ်ယောက်ရဲ့ အကြောင်းပါ။AT&T ရဲ့ လုံခြုံ ရေး အ စောင့် Richard Jewell အဖြစ်  Paul Walter Hauser က သရုပ်ဆောင်ထားပါတယ်။(၁၉၉၆)ခုနှစ် အိုလံပစ် ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု အတွင်းလူတွေကို ကယ်တင်ပေးတဲ့ သူရဲ ကောင်းတစ်ယောက်ပါ။ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ သတင်းထောက်တွေက သူ့ကို ဖောက်ခွဲမှုရဲ့ တရားခံလို့ သံသယရှိသူဆိုပြီး သတ်မှတ်ခဲ့ပါတယ်။

READ
တစ်နေ့တစ်ခြား ပိုပြီးတော့ နုပျိုလှပလာတဲ့ ပရိသတ် အချစ်တော် မင်းသမီး မိုးဟေကို

Eli

ဒီဇာတ်ကားကတော့ ရှားပါးရောဂါကို ကုနေစဉ် အတွင်း ထူးဆန်းတဲ့ အိမ်ကြီးထဲမှာ ပျောက်ဆုံးသွားတဲ့ ကောင်လေး တစ်ယောက်ရဲ့ အကြောင်းပါ။ Netflix မှာ အောက်တိုဘာ (၁၈)ရက်နေ့က စပြီး ပြသမှာပါ။

Source:theverge/wiki

SHARE