ဒီတစ်ပတ်အတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကား Trailer (၆ ) ခု

Image: imdb

ဒီတစ်ပတ်မှာ အသစ်ထွက်ရှိလာတဲ့ ဇာတ်ကား Trailer တွေနဲ့ Shwemom စာဖတ်သူတွေကို မိတ်ဆက် ပေး ချင်ပါတယ်။အသစ်ထွက်ရှိလာတဲ့ Trailer တွေ  ကတော့…

Beanpole

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ် ကာလ 1945 ကာလကို ဇာတ်အိမ်တည် ရိုက်ထားတာပါ။စစ်ကြောင့်မြို့ ပျက်စီးနေပြီး အဲ့ဒီမှာနေတဲ့ ပြည်သူတွေက စုတ်ပြတ်နေတဲ့ ဘ၀မှာ ရှင်သန်နေရတဲ့ အကြောင်းလေးပါ။စိတ်ပိုင်းဆိုင်ရာ  ရော ၊ရုပ်ပိုင်းဆိုင်ရာပါ ပျက်စီးနေခဲ့ကြပါတယ်။လူငယ်အမျိုးသမီးတွေက  မျှော်လင့်ချက်ရဲ့ အဓိပ္ပါယ် နဲ့ ပျက်စီး မှု တွေကြားမှာ သူတို့ ဘ၀ကို ဘယ်လို တည်ဆောက်မလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ။ဇန်န၀ါရီ (၂၉) မှာ ပြသမှာပါ။

Lady and the Tramp

Lady and the Tramp က တော့ ချစ်စရာကောင်းတဲ့ တိရစ္ဆာန်ဇာတ်ကားလေးပါ။ခွေးလေးတွေနဲ့ နောက်ခံ လူစကားပြောဇာတ်ကားလေးပါ။နိုဝင်ဘာ (၁၂)ရက်နေ့မှာ ထွက်ရှိမှာပါ။

READ
Katy Perry ရဲ့ Never Really Over သီချင်း ထွက်ရှိ

American Son

ဒီဇာတ်ကားလေးတော့ သား ပျောက်ရှာတဲ့ ဇာတ်ကားလေးပါ။ခပ်စိမ်းစိမ်း ဖြစ်နေတဲ့ လင်မယား နှစ်ယောက်ဟာ ပျောက် ဆုံးနေတဲ့ ဆယ်ကျော်သက်သားကို ကြိုးစားပမ်းစားရှာကြတဲ့ ဇာတ်လမ်းပါ။နိုဝင်ဘာ (၁)ရက်နေ့ မှာပြသမှာပါ။

Bombshell

Biography ဇာတ်ကားပါ။ဒီဇာတ်ကားကတော့ Fox News က အမျိုးသမီးဝန်ထမ်းတွေဟာ အမျိုးသမီး တွေ အပေါ် နှိမ်ချ ဆက်ဆံ အသားယူလွန်းတဲ့ CEO ကို တွန်းလှန်ကြမှာပါ။ Charlize Theron, Nicole Kidman, Margot Robbie,  John Lithgow တို့ ပါဝင်ထားပါတယ်။ CEO Roger Ailes က sexual harassment ကျူးလွန်နေတယ်ဆိုတာကို  အမျိုးသမီးဝန်ထမ်းတွေက ဖော်ထုတ်ပြမှာပါ။ ဒီဇင်ဘာ (၂၀) မှာ ထွက်ရှိမှာပါ။

Marriage Story

နိုဝင်ဘာ (၆)ရက်နေ့မှာ ထွက်ရှိမှာပါ။ဒီကားမှာတော့ Scarlett Johansson, Adam Driver, Laura Dern, Alan Alda,  တို့ ပါဝင်ထားပါတယ်။လက်ထပ်ထားတဲ့ စုံတွဲ ရဲ့ အိမ်ထောင်ရေး အဆုံးသတ်ကွာရှင်းတဲ့ အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။

READ
သူမရဲ့ တင်ပါးကြောင့် နေ့တိုင်းမျက်ရည်ကျရတယ်ဆိုတဲ့ Kim Kardashian

The Man Without Gravity

ဒီဇာတ်ကားလေးကတောာ့ အီတလလီ ဟာသ ဒရမ်မာ ဇာတ်ကားလေးပါ။lio Germano, Michela Cescon ၊ Elena Cotta တို့ ပါဝင်ထားပါတယ်။နိုဝင်ဘာ (၁)ရက်နေ့မှာ ပြသမှာပါ။

Source:wikipedia/theverge

SHARE