ဒီတစ်ပတ်အတွက် မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကား Trailer ( ၅) ခု

Image:imdb

ဇာတ်ကားတွေကို ကြည့်ရတာ ကြိုက်တဲ့ Shwemom စာဖတ်သူတွေ အတွက် ဒီတစ်ပတ်မှာ အသစ်ထွက်ရှိလာတဲ့ ဇာတ်ကား Trailer တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်ချစ်ပရိသတ်တွေ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကား Trailer တွေ ကတော့…

Knives and Skin

Knives and Skin ကတော့ ဆိုက်ကို ဆန်ဆန် လျှို့ဝှက်သည်းဖို ဇာတ်ကားပါ။ဒါရိုက်တာကတော့  Jennifer Reeder  ပါ။ အမေရိကန် အထက်တန်းကျောင်းသူတစ် ယောက်ပျောက်ဆုံးတဲ့ ကိစ္စကနေ စခဲ့တာပါ။အဲ့ဒီကိစ္စက နောက်ဆုံးမှာတော့ မြို့ထဲက လူတွေကို သက်ရောက်မှုတွေရှိခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ Ty Olwin, Marika Engelhardt, Marilyn Dodds Frank, Tim Hopper, Audrey Francis, Grace Smith, James Vincent Meredith, Robert T. Cunningham, Kayla Carter တို့ ပါဝင် ထားကြပါတယ်။ဒီဇာတ်ကားကိုတော့ 2019 Berlin International Film Festival နဲ့ Tribeca Film Festival တို့ မှာ ပြသခဲ့တာပါ။ရုပ်ရှင်ပွဲ တော်တွေမှာ Review ကောင်းကောင်းရထားတဲ့ အဲ့ဒီဇာတ်ကားဟာ (၂၀၁၉) ဒီဇင်ဘာ (၆)မှာ ပြသတော့မှာပါ။

READ
ချစ်စရာကောင်းလွန်းတဲ့ အတွင်းရေးမှူးမလေးအဖြစ်တွေ့ရတဲ့ နော်ဖောအယ်ထား

Seberg

Seberg ကတော့ အတ္ထုပ္ပတိဇာတ်ကားပါ။ သရုပ်ဆောင် လောကနေ နိုင်ငံ ရေးလောကထဲ ရောက်လာတဲ့ Jean Seberg  ဆိုတဲ့ မင်းသမီါ် အကြောင်းရိုက်ထားတာပါ။ ဒါရိုက်တာကတော့  Benedict Andrews ပါ။ ဒီဇာတ်ကားမှာတော့  Kristen Stewart, Jack O’Connell, Margaret Qualley, Zazie Beetz, Anthony Mackie ၊ Vince Vaughn တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ (၂၀၁၉) သြဂုတ် (၃၀)တုန်းက Venice နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တာပါ။အမေရိကန်မှာတော့ (၂၀၁၉) ဒီဇင်ဘာ (၁၃)မှာ ပြသမှာပါ။ဗြိတိန်မှာ တော့ (၂၀၂၀) ဇန်န၀ါရီ (၃)ရက်နေ့မှာ ပြသမှာပါ။

The Invisible Man

Horror ဇာတ်ကားအမျိုးအစားပါ။ ဇာတ်အိမ် အကြောင်းကတော့ အခုထိ မသိရသေးပါဘူး။မင်းသမီး Elisabeth Moss ပါဝင်သရုပ်ဆောင်ထားပါတယ်။မတ် (၁၃)လောက်မှာ ထွက်မယ်လို့  wiki မှာတော့ ဖော်ပြ ထားပါတယ်။

READ
ဝေဖန်မှုတွေကို ဖြေရှင်းရင်း အိမ်စည်ရဲ့ အတွင်းရေးတွေကိုပါ Miss Golden Land Myanmar ဖွင့်ချ

Sonic the Hedgehog

(2020)  ဖေ ဖော်ဝါရီ (၁၄)မှာ ထွက်ရှိမှာပါ။စွန့်စား ဟာသ ဇာတ်ကားအမျိုးအစားပါ။ဒီဇာတ်ကားမှာတော့ Sonic the Hedgehog ဆိုတဲ့ ဇာတ်ကောင်အတွက် Ben Schwartz  က အသံနဲ့ သရုပ်ဆောင် ပေးထားပါတယ်။ Jim Carrey ကတော့  Doctor Robotnik ဆိုတဲ့ ဇာတ်ကောင် အတွက် အသံ သရုပ်ဆောင်ပေးထားပါတယ်။

6 Underground

အမေရိကန် အက်ရှင် ရုပ်ရှင်ဇာတ်ကား အမျိုးအစားပါ။ဒီဇာတ်ကားမှာတော့  Ryan Reynolds, Mélanie Laurent, Dave Franco, Manuel Garcia-Rulfo, Peyman Maadi, Adria Arjona, Corey Hawkins တို့ ပါဝင်ထားပါတယ်။  6 Underground  ကိုတော့ (၂၀၁၉) ဒီဇင်ဘာ (၁၃)ရက်နေ့ကျရင်  Netflix ကနေ ထုတ်လွှင့်ပြသသွားမှာပါ။

Ref:imdb/wiki/theverge

SHARE