ရုပ်ရှင်ချစ်သူတွေ အတွက် လက်မလွှတ်သင့်တဲ့ Trailer ( ၆) ခု

Image:Imdb

ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက် ဒီတစ်ပတ်မှာ အသစ်ထွက်ရှိလာတဲ့ ဇာတ်ကား Trailer တွေနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ဒီတစ်ပတ်အတွက် မလွတ်တမ်းကြည့်သင့်တဲ့ Trailer တွေ ကတော့…

1.Queen & Slim

Queen & Slim ကတော့ ကင်းလှည့်ရဲ တစ်ယောက်ကို မတော်တဆ ပစ်မိသွားရာကနေ မမျှော်လင့်တဲ့ အဖြစ် အပျက် တွေနဲ့ ကြုံရတဲ့ စုံတွဲ တစ်တွဲရဲ့ အကြောင်းလေးပါ။သူတို့ရဲ့ ပထမဆုံး ဒိတ်မှာတင်ပဲ အခုလို အဖြစ် ဆိုးမျိုး နဲ့ ကြုံ ခဲ့ရတာပါ။(၂၀၁၉)နိုဝင်ဘာ (၂၇)ရက်နေ့မှာ ထွက်ရှိမှာပါ။

2.Doctor Sleep

Doctor Sleep ကတော့ Horror ဇာတ်ကားအမျိုးအစားပါ။Stephen King ရဲ့ ၀တ္ထုကို အခြေခံရိုက်ထားတာပါ။ (၂၀၁၉) နိုဝင်ဘာ (၈)ရက်နေ့မှာ ထွက်ရှိမှာပါ။Rebecca Ferguson, Ewan McGregor တို့ ပါဝင် သရုပ်ဆောင် ထားပါတယ်။

READ
ချစ်စရာအပြုံးတွေ၊အကြည့်တွေနဲ့ ပရိသတ်ကို ညို့ယူဖမ်းစားလိုက်တဲ့ နန်းခင်ဇေယျာ

3.Portrait of a Lady on Fire

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ  Queer Palm ဆုရထားတဲ့ ဇာတ်ကားပါ။အမျိုးသမီးဒါရိုက်တာ တစ်ယောက်ရတဲ့ ဇာတ်ကားက ဒီဆု ကို ဆွတ်ခူးတာ ဒါပထမဆုံး ပါ။ဒါရိုက်တာ  Sciamma  ကတော့ ဒီဇာတ်ကားအတွက် ကိန်းစ်မှာ  အကောင်းဆုံး ဇာတ်ညွှန်းဆုကို ရခဲ့ပါတယ်။ပြင်သစ်သမိုင်းကြောင်းဇာတ်ကားလေးပါ။စက်တင်ဘာ (၁၈)မှာ ထွက်ရှိမှာပါ။

4.Watchmen (TV Series 2019)

Watchmen ကတော့ အက်ရှင် ဇာတ်ကား အမျိုးအစားပါ။TV စီးရီးပါ။Season တစ်ခုမှာ အပိုင်း (၉) ပိုင်း ပါရှိမှာပါ။စူပါဟီးရိုးနဲ့ မျက်နှာဖုံးစွပ် စေတနာ့ဝန်ထမ်းကင်းတွေကို ၀ရမ်းပြေး အဖြစ် ကြေညာ ခံခဲ့ရပါတယ်။သူတို့ရဲ့ အကြမ်း ဖက်တဲ့ နည်းလမ်းတွေကြောင့် ခုလို ကြေညာခံရတာပါ။ဒီကိစ္စကြောင့် တစ်ချို့က တောလှန်ပုန်း ကန်ဖို့ ကြိုးစားပြီး တစစ်ချို့ကတော့ ဒါကို ရပ်တန့်ဖို့ ကြိုးစားကြမှာပါ။

READ
ကျောင်းအတူတူတက်နေကြတဲ့ မိုးယုစံရဲ့သားလေးနဲ့ သင်ဇာနွယ်ဝင်းရဲ့သားလေး

5.SEE

See ကတော့  Game of Thrones-level စိတ်လှုပ်ရှားစရာကောင်းတဲ့ Show တစ်ခုပါ။ ဒီ Show ကိုတော့ နိုဝင်ဘာ (၁)ရက်နေ့ကနေ စပြီး မိတ်ဆက်ပြသမှာပါ။

6.Limetown (TV Series 2019 – )

TV စီးရီးပါ။ဒီဇာတ်ကားမျှာတော့ အမေရိကန် Public Radio (APR) ရဲ့ သတင်းထောက် တစ်ယောက်က  neuroscience သုတေသန အဆောက်အအုံမှာ လူအယောက် သုံးရာ ကျော် ထူးထူးဆန်းဆန်း ပျောက်ဆုံး သွားရတဲ့ ဖြစ်ရပ် ရဲ့ နောက်ကွယ်က အကြောင်းအရင်းကို အဖြေရှာ ဖြေရှင်းသွားမှာပါ။အောက်တိုဘာ (၁၆) ကနေ စပြီး ပြသမှာပါ။

Source:theverge

SHARE