ခရီးသွားဝါသနာထုံသူများ တကူးတကသွားသင့်တဲ့ ရင်သက်ရှုမောဖွယ်နေရာများ

Wiki, haylsa_Instagtam

ပိုက်ဆံပေးတာနဲ့ တန်တာထက်ပိုတဲ့ ခံစားချက်မျိုးကို ပိုင်ဆိုင်ချင်ရင် ခရီးသွားပါ။ ခရီးသွားခြင်းဟာ မရောက်ဖူးတဲ့ဒေသတွေ၊ မတူညီတဲ့ဓလေ့တွေ၊ စားသောက်ဖွယ်အသစ်အဆန်းတွေနဲ့ မိခင်ကမ္ဘာမြေကြီးရင် ရင်သတ်ရှုမောဖွယ် ရှုမျှော်ခင်းတွေကို အတားအဆီးမရှိ ခံစားနိုင်မှာဖြစ်တဲ့အပြင် စားဝတ်နေရေးကိစ္စအဝဝတို့ရဲ့ နေ့တဒူကစိတ်ဖိဆီးမှုတွေကိုလည်း လျော့နည်းပြေပျောက်စေတဲ့အတွက် အဖိုးမဖြတ်နိုင်ပါဘူး။

တောတောင်တွေမှာ နားခိုမယ်၊ ပင်လယ်ကမ်းစပ်မှာ ထိုင်ပြီး အဆုံးမရှိတဲ့ ရေပြင်ကြီးကို ငေးမောမယ်၊ သဘာဝပတ်ဝန်းကျင်နဲ့ တသားတည်းဖြစ်အောင် ထူးဆန်းလှတဲ့ ပတ်ဝန်းကျင်တွေကို လေ့လာကြမယ်၊ ပတ်ဝန်းကျင်အသစ်နဲ့ မြို့ပြအဖွဲ့အစည်းတစ်ခုမှာ နေထိုင်ကြည့်ကြမယ်။ ဒီလိုခံစားချက်အသစ်အသစ်တွေကို ရရှိဖို့အတွက် တကူးတကအချိန်ပေးပြီး ခရီးသွားတိုင်း ရောက်ဖူးပြီးသားနေရာတွေချည်းမဟုတ်ဘဲ နေရာအသစ်အဆန်းလေးတွေကို ခရီးသွားဖို့ ရည်မှန်းချက်ထားကာ စတင်စိတ်ကူးကြည့်ကြပါစို့လား။ ဒါကြောင့် ယခုခရီးသွားကဏ္ဍမှာတော့ သင်တို့ရဲ့ဘဝမှာ တစ်ခါလောက်တော့ ရောက်ဖူးသင့်တဲ့ ပြည်ပခရီးနေရာလေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

နယူးဇီလန်က ဝေတိုမိုဂူတွေထဲ အလင်းရောင်ထွက်နေတဲ့ တီကောင်တွေကို ကြည့်ကြမယ်။

 

View this post on Instagram

 

A post shared by Charles Brooks (@charlescellist) on

သဘာဝပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်ချင်ပြီး လူသူဆိတ်ငြိမ်းရာမှာ အေးအေးလူလူရှုခင်းကြည့်ချင်တယ်ဆိုရင်တော့ ကယ်လီဖိုးနီးယားမြောက်ပိုင်းရဲ့ နာမည်ကြီး ဆန်တာခရုစ်တောကို ညွှန်းချင်ပါတယ်။ ဒီတောထဲ ကမ္ဘာ့အမြင့်ဆုံးသစ်နီပင်တွေပေါ် အန္တရာယ်ကင်းကင်းနဲ့ သစ်ပင်တက်ကြည့်ကြရင်ရော။

 

View this post on Instagram

 

A post shared by tree climbing planet – (@treeclimbingplanet) on

ပင်ပင်ပန်းပန်းနဲ့စွန့်စားခရီးတွေ မသွားချင်ဘူးဆိုရင်တော့ ဖင်လန်မှာရှိတဲ့ ခက်စလောက်တနန် အာတိတ် အပန်းဖြေစခန်းရှိပါတယ်။ လက်ပ်လန်းမှာတည်ရှိတဲ့ ဒီအပန်းဖြေစခန်းလေးဟာ သာမန်အပန်းဖြေစခန်းနဲ့မတူတာကတော့ ကိုယ့်အခန်းထဲကအိပ်ယာနွေးနွေးလေးပေါ်မှာနေပြီး northern lights တွေ ကို မှန်အမိုးကနေတစ်ဆင့် ခံစားနိုင်တာပါပဲ။

 

View this post on Instagram

 

A post shared by Louise Tee🌙 mountains & travel (@wzylouisey) on

အေးတဲ့ဒေသကို ကြိုက်နှစ်သက်သူဖြစ်ပြီး ရေခဲပြင်စကိတ်ကို သဘာဝရေခဲပြင်ပေါ်မှာ စီးကြည်ချင်သူတွေကတော့ ရုရှားမှာရှိတဲ့ ဘေကယ်လ်ရေကန်ကြီးဆီ သွားလည်သင့်ပါတယ်။

READ
(၂၄၅)ရက်နဲ့ ကမ္ဘာတစ်ပတ်ပတ်မယ့် ကမ္ဘာ့ရက်အရှည်ဆုံး အပျော်စီးသဘောင်္ခရီးစဉ်
hobopeeba_Instagram

ဟာဝိုင်အီ၊ အိုဝါဟူမှာရှိတဲ့ နေရာလေးပါ။ အိုဝါဟူမြောက်ပိုင်းကမ်းခြေတစ်နေရာမှာ ကုန်းတွင်းပိုင်းထဲ စီးဝင်နတဲ့ ဝိုင်မီယာမြစ်ကြီးရဲ့ အစွန်းတစ်နေရာဖြစ်ပါတယ်။ ရေလှိုင်းတွေကတော့ လူလုပ်ရေလှိုင်းတုတွေဖြစ်ပေမယ့် သဘာဝရေတွေကို အသုံးပြုထားပြီး ဒေသခံတွေနဲ့ ခရီးသွားတော်တော်များများကတော့ ဒီရေလှိုင်းတုတွေပေါ်မှာ ရေလွှာလျှောစီးလေ့ရှိကြပါတယ်။ 

 

View this post on Instagram

 

A post shared by Eric Sterman (@ericsterman) on

ရာသီဥတုချမ်းစိမ့်စိမ့်လေးမှာ သဘာဝရေပူစမ်းလေး စိမ်ရင်းချစ်ရသူတွေနဲ့ ကြည်နူးစရာအချိန်လးကိုတော့ အီတလီ၊ တစကန်နီမှာရှိတဲ့ စက်တူလ်နီရာရှိနေပါတယ်။

 

View this post on Instagram

 

A post shared by Harimao Lee | Hong Kong 🇭🇰 (@harimaolee) on

ကိုယ်တွေကို ဥရောပခရီးစဉ်တွေကို ခြေဆန့်ဖို့မနိုင်သေးသူတွေအတွက် နီးနီးနားနားညွှန်းချင်တာတော့ ဘာလီဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာတည်ရှိပြီး ရင်သက်ရှုမောဖွယ် အလှတွေနဲ့ ဘာလီကိုရောက်ဖြစ်မယ်ဆိုရ၈င်တော့ ကာမယာ ဘာလီ ဝါးအိမ်လေးမှာ တစ်ညလောက်တော့ အေးအေးဆေးဆေး တည်းဖြစ်အောင် တည်းကြည့်ပါလို့။

READ
လွတ်လပ်တာကြိုက်တဲ့ မေတို့အတွက် စပိန်နိုင်ငံက မိန်းကလေးသီးသန့် အပန်းဖြေစခန်း
haylsa_Instagtam

 

View this post on Instagram

 

A post shared by HANNAH & NICK (@saltinourhair) on

နောက်ထပ် နီးနီးနားနားမှာရှိနေတဲ့ ခရီးသွားရတနာလေးကတော့ ဖိလစ်ပိုင်၊ ဒါဗောင်ဝ်မှာရှိတဲ့ ဆမဲလ်ပါ။ ရေသယံဇာတပေါကြွယ်ဝပြီး သူ့ကထွက်တဲ့ ဂုံးယောက်သွားကြီးတွေဟာဆို တစ်ခါတစ်ရံ ပေါင်ချိန် ၄၄၀ လောက်ရှိတဲ့ ဧရာမအရွယ်အစားကြီးတွေ တွေ့ရတတ်ပါတယ်။

ilovemynamefran_Instagram

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ရီပိုင်ပွဲတော်ကျင်းပနေစဉ် ချင်းမိုင်ကို သွားလည်ကြည့်ပါလို့ ပြောချင်ပါတယ်။ အဲဒီအချိန်ဆိုရင် ဆုတောင်းပြီးလွှတ်တင်တဲ့ မီးပုံးလေးတွေဟာ ကောင်းကင်ထက်မှာ စုပြုံနေတာမို့ သိပ်ကိုလှတဲ့ ရှုခင်းတွေကို အသက်ရှုမှားလောက်အောင် ခံစားရမှာပါ။

Wiki

Penny

SHARE