အချိန်ကုန်သက်သာပြီး ထမင်းရောဟင်းပါတစ်ခါတည်း တွဲချက်လို့ရတဲ့ပစ္စည်းလေး

YouTube/soranews24

ဂျပန်လိုနိုင်ငံမျိုးမှာ လူတွေဟာ အလုပ်အရမ်းများကြတဲ့အတွက် ကိုယ့်စိတ်ကြိုက် အစားအသောက်တွေ သေချာချက်ပြုတ်ဖို့တောင် အချိန်မရှိလောက်အောင်ပါပဲ။ ဈေးကွက်ထဲမှာဆိုရင်လည်း ဟင်းသက်သက် ထမင်းသက်သက်ပဲ ချက်စားလို့ရတဲ့ စက်ပစ္စည်းတွေက အများစုပါပဲ။ ဒါပေမယ့် အခုအခါမှာတော့ soranews24 သတင်းစာမျက်နှာကနေ ထူးထူးဆန်းဆန်း Twin Chef လို့ခေါ်တဲ့ ဟင်းချက်စက်ပစ္စည်းတစ်မျိုးကို တွေ့လိုက်ရပါတယ်။

YouTube/soranews24

အချိန်ကုန်လည်းသက်သာ၊ နေရာစားလည်းသက်သာစေတဲ့ ဒီပစ္စည်းလေးဟာ အလုပ်နှစ်မျိုးကို တစ်ပြိုင်တည်း လုပ်နိုင်ပါတယ်။ တစ်ချိန်ထဲမှာ ထမင်းလည်းချက်နိုင်သလို ဟင်းလည်း ချက်နိုင်ပါတယ်။ နောက်ပြီးတော့ စက်ထဲမှာ ရေနွေးငွေ့ပေါင်းအိုးပါပါတဲ့အတွက် တစ်ချိန်တည်းနဲ့ အမျိုးအစားမတူတဲ့ အမယ် () မျိုးအထိ ချက်ပြုတ်ပေးနိုင်ပါတယ်။

ဒါကတော့ Twin Chef ရဲ့ အခြေခံသဘောတရားကို ရိုးရိုးရှင်းရှင်းနဲ့ပြထားတဲ့ပုံ ဖြစ်ပါတယ်။ စက်ထဲမှာတော့ အဓိက အကန့်ကြီး () ကန့်ပါဝင်ပါတယ်။ တစ်ကန်ကို ဆန်ထည့်၊ နောက်တစ်ကန်ကို အသားထည့်ပြီး ချက်ပြုတ်နေတာ ဖြစ်ပါတယ်။

YouTube/soranews24
YouTube/soranews24

သိထားရမှာက အထဲထည့်ထားတဲ့ ကန်နှစ်ကန်ကို ကိုယ်လိုချင်တဲ့ သီးခြား cooking modes တွေ ပြောင်းပေးရမှာဖြစ်ပါတယ်။ စက်နဲ့ ချက်ပြုတ်လို့ရနိုင်တဲ့ ဟင်းလျာအမယ်တွေကတော့ ထမင်း ၊ ဟင်း၊ စွတ်ပြုတ်၊ အမဲသားကင်၊ ငါးပေါင်း၊ ကိတ်မုန့်စသဖြင့် သိရပါတယ်။

YouTube/soranews24
YouTube/soranews24

မိနစ် (၄၀) လောက်ကြာပြီးတဲ့အခါမှာတော့ ထမင်းရော ဟင်းရော တစ်ခါတည်း ကျက်နေပြီဖြစ်လို့ စားသောက်လို့ ရနေပါပြီ။

YouTube/soranews24
YouTube/soranews24

တစ်ခါချက်ရင် လူ() ယောက်စာလောက်အထိ ချက်ပြုတ်နိုင်တော့ အလုပ်များလွန်းတဲ့ ဂျပန်တွေအတွက် တော်တော်လေးအဆင်ပြေမယ့် ဟင်းချက်စက်လေးလည်း ဖြစ်ပါတယ်။ ချက်ပြုတ်ရတာလည်း လွယ်ကူ၊ အချိန်ကုန်လည်း သက်သာစေတဲ့ ဖော်ပြပါစက်လေးဟာ ယန်း ၁၉,၈၀၀ (အမေရိကန်ဒေါ်လာ ၁၈၀) ၀န်းကျင်နဲ့ ၀ယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE