(၁၄) နှစ်နဲ့ ဆုရဓာတ်ပုံဆရာကောင်းတစ်ဦးဖြစ်လာတဲ့ Steve Irwin ရဲ့ သားလေး

အသက်(၁၄) နှစ်အရွယ်သာ ရှိသေးတဲ့ Robert Irwin ဟာ သတ္တဗေဒကို စိတ်ပါဝင်စားတဲ့ တောတွင်းတိရစ္ဆာန် ဓာတ်ပုံရိုက်ကူးရေး သမားလေးတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော် မိကျောင်းမုဆိုးအမည်တွင်သူ Steve Irwin ရဲ့ သားလည်း ဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးတဲ့ ဖခင်ရဲ့ အမွေအနှစ်ကို Robert က ရရှိထားတာ ဖြစ်ပါတယ်။

Robert Irwin
Robert Irwin

Robert ဟာ ငယ်ငယ်လေးတည်းက သဘာဝတရားကို စိတ်ဝင်စားသူပါ။ နာမည်ကျော် Irwin မိသားစုဟာ သြစတေးလျတိရစ္ဆာန်ဥယျာဉ်ရုံကြီးကို ပိုင်ဆိုင်ရုံတင်မဟုတ်ပဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးလုပ်ငန်းတွေကိုလည်း ခရီးတွေထွက်ပြီး လုပ်ကိုင်ပါသေးတယ်။

Robert Irwin
Robert Irwin

ဒီလိုခရီးသွားတဲ့အခါမျိုးတွေမှာ Robert ဟာ ကမ္ဘာတစ်ခွင်မှာ ရှိတဲ့ တိရစ္ဆာန်လေးတွေရဲ့ အလှအပကို ဓာတ်ပုံတွေရိုက်ပြီး မှတ်တမ်းတင်လေ့ရှိပါတယ်။ ပြီးနောက် သူရိုက်ကူးပြီးတဲ့ ဓာတ်ပုံတွေကိုလည်း အင်စတာဂရမ်ပေါ်မှာ တင်လေ့ရှိကာ သူ့ရဲ့တောတွင်းအတွေ့အကြုံတွေကို ပြန်လည် မျှဝေလေ့ရှိပါတယ်။

READ
ချို့တဲ့တဲ့ကလေးတွေကို စာသင်ပေးရင်း အကျိုးပြုနေတဲ့ ကျောင်းသူလေးတစ်ဦး
Robert Irwin
Robert Irwin

Robert Irwin ရဲ့ တောတွင်းဓာတ်ပုံတွေဟာ ဓာတ်ပုံပြိုင်ပွဲပေါင်းများစွာမှာလည်း ဆုတွေရရှိခဲ့ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ ဓာတ်ပုံပညာမှာထူးချွန်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အနုပညာရှင်လေး Robert ရဲ့ ဓာတ်ပုံလက်ရာ အချို့ကိုလည်း အောက်ဘက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Robert Irwin
Robert Irwin
Robert Irwin
Robert Irwin
Robert Irwin
Robert Irwin
Robert Irwin
Robert Irwin

လင်းလင်း (ShweMom)

Ref: boredpanda

SHARE