ဆယ်စုနှစ်တစ်ခုအတွင်း အဘိဓာန်ထဲရောက်လာတဲ့ ထူးထူးဆန်းဆန်းစကားလုံးအသစ်တွေ

Unsplash/CCA

Oxford English Dictionary ဟာ အဘိဓာန်ထဲကို နောက်ပေါ်လာတဲ့ စကားလုံးတွေကို နှစ်စဉ်လိုလိုထည့်လေ့ရှိတာပါ။ လူသုံးများတဲ့ စကားတွေ၊ လူတွေ ခဏ ခဏ ပြောနေတဲ့ စကားလုံးတွေ၊ ဗန်းစကားအသစ်တွေနဲ့ အင်တာနက်သုံး အခေါ်အဝေါ်တချို့ဟာ  Oxford English Dictionary ထဲမှာ ရောက်ရှိလာပါပြီ။ အခု ၂၀၂၀ ခုနှစ်ရောက်ခါနီးနေချိန်မှာ ဆယ်စုနှစ်တစ်စုကို ဖြတ်ဖို့ အချိန်ရောက်လာပါပြီ။ ဆယ်စုနှစ်တစ်စုအတွင်းမှာ ဘယ်ထူးထူးဆန်းဆန်း စကားလုံးတွေက အဘိဓာန်ထဲရောက်လာသလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

Instagram/SaltBae

၁ – “Bae”

ဘေဘီရဲ့ အတိုကောက် လို့ ပြောလို့ရမယ့် Bae ဆိုတဲ့ စကားလုံးဟာ Oxford English Dictionary ထဲကို အသစ်ရောက်ရှိသွားတဲ့ စကားလုံးပါ။ ချစ်သူ အချင်းချင်း ချစ်စနိုးနဲ့ ရင်းနှီးပြောဆိုတဲ့အခါ သုံးတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။

၂ – “Bridey”

သတို့သမီးကို ခေါ်တဲ့ အသုံးအနှုန်းအသစ်တစ်ခုဖြစ်ပါတယ်။ Bride ဆိုတဲ့ သတို့သမီးစကားလုံးကို ပြုပြင်ထားတဲ့ စကားလုံးဖြစ်ပါတယ်။Bridey ဆိုတဲ့ စကားလုံးက ဆိုရှယ်မီဒီယာတွေမှာ ခဏ ခဏ သုံးနေကျ စကားလုံးတစ်လုံးလည်း ဖြစ်ပါတယ်။

၃ – “Jerkface”

တစ်ခုခုကို အလိုမကျတဲ့အခါ၊ မုန်းတီးနေတဲ့ အခါဖြစ်လာတဲ့  မျက်နှာပုံစံရဲ့ အခေါ်အဝေါ် အသစ်ဖြစ်ပါတယ်။ Jerkface ဖြစ်ပါတယ်။

YouTube/ABCNews

၎ – “Noob”

Noob ဆိုတဲ့ စကားလုံးကတော့ ဂိမ်းဆော့တဲ့လူတွေနဲ့ တော်တော်ကြီး ရင်းနှီးနေတဲ့ စကားလုံးပါ။ ဗီဒီယိုဂိမ်းတွေမှာ အခုမှ စဆော့သူ၊ ဆော့တာ သိပ်မကြာသေးဘူး။ ဂိမ်းရှုံးနေတဲ့လူကို Noob လို့ ခေါ်ဝေါ်ပါတာပါ။

၅ – “Spit take”

READ
သင့်အသံကနေ တစ်ဆင့် အမှန်အတိုင်း သိနိုင်မယ့် သင့်ပင်ကိုယ်စရိုက်နဲ့ သင့်အကြောင်း

ရေသောက်နေရင်း ရယ်စရာတစ်ခုခုကြားလိုက်လို့ ရေတွေ သီးပြီး ထွက်လာတာကို Spit Take လို့ ခေါ်ဝေါ်လိုက်ပါသတဲ့။ ဆယ်စုနှစ်အတွင်းမှာ ထွက်လာတဲ့ စကားလုံးအသစ်ပါပဲ။

၆ – “Bro hug”

ခင်တဲ့ မင်တဲ ယောက်ျားလေး နှစ်ယောက် ဖက်ခြင်းကို Bro Hug လို့ ခေါ်တာပါ။

၇ – “YOLO”

ဆိုရှယ်မီဒီယာတွေရဲ့ Bio နေရာမှာ ခဏ ခဏ တွေ့ရတဲ့ စကားလုံးပါပဲ။ YOLO လို့ ခေါ်ပါတယ်။ အရှည်ကတော့ You Only Live Onceပါ။ လာမယ့် အနာဂါတ်ကို တွေးပူမနေဘဲ လက်ရှိ ပစ္စုပ္ပန်မှာနေထိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။

၈ – “Adorbs”

Adorable ဆိုတဲ့ စကားလုံးကနေ ဆင့်ပွားဖြစ်လာတဲ့ စကားလုံးအသစ်တစ်လုံးပါ။ ချစ်စရာကောင်းတဲ့ အရာတွေလို့ အဓိပ္ပာယ်ရပါတယ်။

Freepik/David

၉ – “Selfie”

မိုဘိုင်းဖုန်းရဲ့ အရှေ့ကင်မရာကနေ ဓာတ်ပုံရိုက်တယ်ဆိုတဲ့ ဆယ်ဖီဆိုတဲ့ စကားလုံးဟာ စိမ်းနေမယ့် စကားလုံးတော့ မဟုတ်ပါဘူး။ မိုဘိုင်းဖုန်းတွေ လူတွေလက်ထဲရောက်ရှိလာတာနဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပေါ်လာတဲ့ စကားလုံးအသစ်တစ်လုံးဖြစ်ပါတယ်။

၁၀ – “Fuhgeddaboudit”

မြန်မာလို အဓိပ္ပာယ်ကတော့ ခေါက်ထားလိုက်စမ်းပါကွာဆိုတဲ့ အဓိပ္ပာယ်ပါ။ ထားလိုက်စမ်းပါ၊ လွှတ်ထားလိုက်ဆိုတဲ့  အဓိပ္ပာယ်မျိုးပါ။ forget about it ကို အမြန်ပြောလိုက်တဲ့အခါမှာဖြစ်လာတဲ့ စကားလုံးပါ။ သူလည်း စကားလုံးအသစ်တစ်လုံးပါတဲ့။

၁၁ – “Yas”

READ
အမြင်ဆန်းပေမယ့် ကြည့်ရဆိုးနေတဲ့ မင်္ဂလာပွဲအလှဆင်မှုများ

တစ်ခုခုကို စိတ်လှုပ်ရှားနေတဲ့အခါမျိုး၊ အလွန်အမင်း ရင်ခုန်နေရတာမျိုးကို ဖော်ပြတဲ့ စကားလုံးပါတဲ့။ Yes မဟုတ်ပါဘူးနော်။ Yas ပါ။

၁၂ –  “Vom”

Vomit လို့ ခေါ်တဲ့ အော့အန်ခြင်းရဲ့ နောက်ထပ်အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။

၁၃ – “Phablet”

ပုံမှန်မိုဘိုင်းဖုန်းတွေရဲ့ အရွယ်အစားထက်ပိုကြီးမားတဲ့ စမတ်ဖုန်းတွေကို ခေါ်တဲ့ အသုံးအနှုန်းတစ်ခုပါ။

Imdb/Red

၁၄ – “Glam-ma”

အသက်အရွယ်ကြီးလာလို့ အဘွားအရွယ်ရောက်နေပေမယ့် လူငယ်တွေနဲ့ ယှဉ်ပြီး လန်းနေသေးတဲ့၊ ဂေါ်နေသေးတဲ့ အဘွားအရွယ်တွေကို ခေါ်တဲ့ အသုံးအနှုန်းတစ်ခုပါ။

၁၅ – “Emoji”

“Emoji” ကိုတော့ ဆိုနယ်နက်ဝေါ့ခ်သုံးတဲ့ လူတိုင်းနီးပါး သိကြမယ် ထင်ပါတယ်။ သူလည်း ဆယ်စုနှစ်တစ်စုအတွင်းမှာပေါ်လာတဲ့ စကားလုံးအသစ်ဖြစ်ပါတယ်။

Unsplash/phillymag

၁၆ – “Bestie”

အကောင်းဆုံး သူငယ်ချင်း၊ မိတ်ဆွေတွေကို ခေါ်တဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။

၁၇ – “Bookaholic”

စာအုပ်ချစ်သူ၊ စာအုပ်ဖတ်သူ၊ စာအုပ်တွေကို အရူးအမူးချစ်သူတွေကို ခေါ်တဲ့ စကားလုံးပါ။

၁၈ – “Vlog”

ဗီဒီယိုအတိုလေးတွေကို  Website မှာဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာမှာဖြစ်ဖြစ် ပုံမှန်တင်နေတဲ့ နေရာကို ခေါ်တာပါတဲ့။

Ye Yint Kyaw

SHARE