ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရေခဲတွေနဲ့ဖုံးလွှမ်းသွားတဲ့ နယူးယောက်ကအိမ်များ

youtube/insideedition

နယူးယောက် ဟမ်းဘာ့ဂ်မြို့နေပြည်သူတွေဟာ စနေတနင်္ဂနွေနှစ်ရက်ကြာ လေပြင်းတိုက်ခတ်ခံရပြီးတဲ့နောက် ၄င်းတို့အိမ်တွေပေါ် ရေခဲတွေနဲ့ဖုံးလွှမ်းနေတာကို အံ့အားသင့်ဖွယ်တွေ့မြင်ခဲ့ရပါတယ်။ မြို့ကို ဓာတ်ပုံရိုက်ထားတဲ့ပုံတွေမှာဆိုရင် အီရီရေကန်နဲ့ကိုက်အနည်းငယ်လှမ်းတဲ့နေရာတွေက အိမ်တွေနဲ့ အနီးနားသစ်ပင်တွေဟာ ရေခဲတွေနဲ့ခဲနေတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

Skynews အရ သိရတဲ့သတင်းမှာ ထူးခြားတဲ့ရာသီဥတုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတွေက ချောက်ချားနေတယ်ဆိုပါတယ်။ (၈) နှစ်ကြာမြို့မှာနေထိုင်သူတစ်ဦးဖြစ်တဲ့ အက်ဒ်မီးစ်ကတော့ သူ့ရဲ့အိမ်နီးချင်းတွေက ရေခဲတွေ ပြန်အရည်ပျော်လာတဲ့အခါ အိမ်တွေဘယ်လိုဖြစ်မှာလဲဆိုပြီး စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

“ကြည့်ရတာ ရေခဲဆိုင်အတုကြီးလိုပဲ။ အိမ်ထဲမှာတော့ မှောင်မည်းနေတာ။ ချောက်ချားဖွယ်ဖြစ်သလို ကြောက်စရာလည်းကောင်းတယ်..” လို့ အက်ဒ်မီးစ်က ဆိုပါတယ်။ သူဟာ သောကြာနေ့မနက်ပိုင်းလောက်မှာ ရေခဲတွေကို စတွေ့ခဲ့တာပါ။ ရေခဲတွေက ခေါင်မိုးပေါ်မှာစုပြုံနေတဲ့အတွက် အရည်ပျော်တဲ့အခါ အခက်တွေ့မှာကို သူစိုးရိမ်နေတာပါ။ မြင်ကွင်းကလှတော့လှပေမယ့် ဒီလိုမျိုးကြီးတော့ မနေချင်ဘူးလို့လည်းဆိုပါသေးတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ အပူချိန်တွေဟာ အနုတ်၁၁ အထိကို ကျဆင်းသွားတာ ဖြစ်ပါတယ်။

READ
လူ၎ယောက်ကအဓမ္မကျင့်ခဲ့သည်ဟုလိမ်လည်တိုင်တန်းသည့်အမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ
YouTube_InsideEdition

အခုလို ရေခဲစိုင်ကြီးတွေဟာ ရေကန်ဆီကနေလူနေအိမ်တွေဆီတိုက်ခတ်လားတဲ့လေပြင်းတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဟမ်းဘာ့ဂ်ရဲ့ အရေးပေါ်ဌာနမန်နေဂျာကတော့ ရေခဲတွေကိုမြန်မြန်အရည်ပျော်အောင်လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ နို့မိုဟုတ်ရင်တော့ အခြေအနေပိုဆိုးလာတဲ့အခါ အိမ်တွေကိုပါ ထိခိုက်ပျက်စီးနိုင်ခြေရှိတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE