Mask က မေးစေ့အကာမဟုတ်ဘူးလို့ ပြည်သူတွေကိုဆူခဲ့တဲ့ နယူးယောက်မြို့တော်ဝန်

Instagram- @nygovcuomo

တစ်ကမ္ဘာလုံး ကပ်ရောဂါဘေးဖြစ်ပွားနေတဲ့အချိန် အမေရိန်မှာတစ်ပူပေါ် တစ်ပူဆင့်ဆိုသလိုပဲ ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပေါ်နေခဲ့တာ လနဲ့ချီတောင်ကြာနေပါပြီ။ ကပ်ရောဂါဘေးရှောင်ရှားဖို့အတွက်ဆိုရင် လိုက်နာရမယ့် စည်းကမ်းချက်တွေထဲ လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ သောချာအောင်ဆေးရမယ်၊ လူစုလူဝေးရှောင်ရှားပြီး mask တပ်ရမယ်ဆိုပြီး ရှိတယ်မဟုတ်လား။

ဒါပေမဲ့လည်း ဆန္ဒပြသူတွေကတော့ ဒီစည်းကမ်းချက်တွေနဲ့ တော်တော်လေးကို မကိုက်ညီနေခဲ့တာပါ။ ဒါဟာ ကျန်းမာရေးရှုထောင့်အရကြည့်မယ်ဆိုရင် တော်တော်လေးကိုစိုးရိမ်ဖွယ်ရှိနေတဲ့ အနေအထားတစ်ခုပါပဲ။ ဒါကြောင့် နယူးယောက်ရဲ့မြို့တော်ဝန် Andrew Cuomo ဟာ အခုလိုပဲ သတင်းစာရှင်းလင်းပွဲမှာ သတိပေးပြောကြားလာခဲ့ပါတယ်။

READ
အကုန်အကျ သက်သာအောင် တစ်ရက်တည်း မင်္ဂလာပွဲအတူဆင်နွှဲခဲ့ကြတဲ့ မောင်နှစ်မနှစ်ဦး

ဆန္ဒပြတာတွေကို မတားမြစ်ပေမယ့် ဆန္ဒပြတဲ့လူအုပ်ထဲရှိနေတဲ့အခါ စည်းကမ်းလေးတော့ တတ်နိုင်သမျှ လိုက်နာပေးကြပါဖို့ တောင်းဆိုခဲ့တာပါ။ အထူးသဖြင့် mask ကို တပ်မယ်ဆိုရင် သေချာလေးတပ်စေချင်ပါတယ်တဲ့။ Mask ဆိုတာ နှာခေါင်းနဲ့ပါးစပ်ကို ကာဖို့ဖြစ်ပြီး မေးစေ့ကာမဟုတ်ဘူးဆိုပြီး ကရုဏာဒေါသနဲ့ပြောလာခဲ့ပါတယ်။

ကြည့်ရတာ mask ကိုမေးစေ့ချိတ်တဲ့အကျင့်က တစ်ကမ္ဘာလုံးမှာရှိနေတယ်ထင်ပါရဲ့။

Penny

SHARE