ဆေးဘက်ဆိုင်ရာအမှုထမ်းတွေကို (၂) မိနစ်ကြာ လက်ခုပ်တီးဂုဏ်ပြုခဲ့တဲ့ နယူးယောက်မြို့

Twitter/TaylorLorenz

ပြီးခဲ့တဲ့ သောကြာ မတ်လ (၂၇) ရက်နေ့တုန်းက ည(၇)နာရီအချိန်မှာ နယူးယောက်တစ်မြို့လုံး အကြိုအကြားထောင့်တွေပါ မကျန် လက်ခုပ်သံတွေနဲ့ ညံနေခဲ့ပါတယ်။ တစ်မြို့လုံး လက်ခုပ်သံတွေလွှမ်းနေရတဲ့အကြောင်းရင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်း ရှေ့တန်းကနေ စွမ်းစွမ်းတမံတိုက်ခိုက်နေရတဲ့ ဆေးအမှုထမ်းတွေကို ချီးကျုးဂုဏ်ပြုလိုတာ ဖြစ်ပါတယ်။

 

 

ခုလိုနယူးယောက်မြို့သူမြို့သားတွေရဲ့ (၂) မိနစ်ကြာ လက်ခုပ်တီးအားပေးတဲ့အချိန်မတိုင်ခင် ဆိုရှယ်မီဒီယာပေါ်မှာ #ClapBecauseWeCare ဆိုတဲ့ hashtag နဲ့ ပို့်စ်တွေ ကြိုတက်လာပါတယ်။ ၄င်းပို့စ်တွေမှာတော့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကုန်စုံဆိုင်ဝန်ထမ်းတွေ၊ စားသောက်ဆိုင်ဝန်ထမ်းတွေ၊ ထရပ်ကားဒရိုင်ဘာတွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အိမ်နီးနားချင်းတွေနဲ့ ကပ်ရောဂါအတွင်း ကိုယ့်အလုပ်ကိုယ်လုပ်ပြီး လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနေတဲ့ သူမှန်သမျှအတွက် လက်ခုပ်တီးပြီး အချင်းချင်း အားပေးဖေးမကြဖို့ နှိုးဆော်ထားတာ ဖြစ်ပါတယ်။

READ
မိသားစုလိုက် ခါးပိုက်နိုက်တဲ့ CCTVဗွီဒီယိုဖိုင်မှာ အင်တာနက်မှာ နာမည်ကြီးနေ

 

 

အောက်ဘက်မှာတော့ တွစ်တာပို့စ်တွေမှာ နယူးယောက်သားတွေ ရှဲထားတဲ့ ဗီဒီယိုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
နယူးယောက်ဟာ အခုလို လက်ခုပ်တီးပြီး အားပေးတဲ့အပြုအမူကို အခြားဥရောပမြို့ကြီးတွေဖြစ်တဲ့ ဂျနီဗာ၊ ရောမနဲ့ ဘာစီလိုနာတို့ကို မှီငြမ်းပြီး ပြုလုပ်ခဲ့ပုံရပါတယ်။ ယနေ့အချိန်ထိ နယူးယောက်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း (၂၅,၅၀၀) ကျော်ရှိနေပြီး အမေရိကန်ရဲ့ အဓိကကူးစက်ပြန့်နှံ့မှုဖြစ်ပွားရာနေရာလည်း ဖြစ်နေပါတယ်။ မြို့ဆေးရုံတွေဟာလည်း နောက်ထပ်(၁၁) ရက်လောက်အထိပဲ လူနာတွေကို လက်ခံနိုင်တော့မှာဖြစ်ပြီး (၁၁) ကျော်ရင်တော့ လူနာလက်ခံထားစရာ ကုတင်မရှိတော့ဘူးလို့လည်း insider သတင်းအရ သိရပါတယ်။

READ
မီးလောင်နေတဲ့အိမ်ထဲဝင်ပြီး သေကြေပျက်စီးမှုပိုများမယ့်ဘေးကို တားဆီးခဲ့တဲ့ သူရဲကောင်းရဲသား

 

လင်းလင်း (Shwemom)

SHARE