ကိုဗစ် ကင်းရှင်းကြောင်း ကြေညာလိုက်တဲ့ နယူးဇီလန်

Image:wikicommon

နယူးဇီလန် နိုင်ငံ အတွက် ရော ကမ္ဘာတစ်ဝန်း က နိုင်ငံ တွေ အတွက် ပါ သတင်း ကောင်း တစ်ခု ဇွန်လ (၈) ရက်ေ န့က ထွက် ပေါ် လာခဲ့ပါတယ်။အဲ့ဒါ ကတော့ နယူးဇီလန် မှာ ကိုဗစ် ကူးစက် ခံရသူ လူနာ သစ် ထပ် မ တွေ့   တော့ ပဲ ကိုဗစ်ကင်းရှင်း သွားပြီလို့ ကြေညာလိုက်ပါတယ်။နယူးဇီလန်က တော့ အစတည်းက ကိုဗစ်နဲ့ ပတ်သက်ပြီး ကိုင် တွယ် ဖြေရှင်းတဲ့ နေရာမှာ နာမည်ကောင်းရထားတဲ့ ကမ္ဘာ့နိုင်ငံတွေထဲက တစ်နိုင်ငံပါ။ဝန်ကြီးချုပ် Jacinda Ardern ရဲ့ ခေါင်းဆောင်မှု နဲ့ အတူ နိုင်ငံသူ ၊နိုင်ငံသား တွေ ရဲ့ ပူးပေါင်း ပါဝင်ပေးမှု ကြောင့် ဒီလို ရလဒ် ကောင်း ကို ပိုင် ဆိုင် နိုင် ခဲ့တာပါ။ဒီသတင်းကိုတော့ BBC မှာ ဖော် ပြထားတာပါ။

Image:IG/ Jacinda Ardern

ရောဂါကူး စက်သူ အသစ် ထပ် မ တွေ့ ရ တော့တာ ကြောင့် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ထိန်းချုပ်မှု အားလုံး နီးပါးကိုလည်း ပြန် ဖြေ လျော့ ပေး ခဲ့ပါတယ်။ရောဂါ ကင်းစင် ကြောင်း ကြေညာ ပြီး နောက်  အသစ် ထုတ် လိုက်တဲ့  ဥ ပ ဒေ စည်းကမ်းသစ်တွေ မှာတော့ social distancing နဲ့ တခြား လူစု ဝေး ခြင်း ကန့် သတ် ချက် တွေ  ကို ဖြေ လျော့ ပယ်ဖျက် ပေးလိုက်ပါတယ်။ဒါပေမယ့် လည်း နယ်စပ်မှာ ပြည်ပ နိုင်ငံသားတွေ ၀င် ရောက် တာ ကိုတော့ ဆက်ပြီး ပိတ် ထားအုံးမှာပါ။နှစ်ပတ် ကျော် ကြာတဲ့ အထိ နောက်ထပ် ကိုဗစ် လူနာ သစ် ကို လုံးဝ ထ ပ်  မ တွေ့ ရတော့တာ ကတော့ နယူးဇီလန် ရဲ့ အောင်မြင်မှုကြီး တစ်ခုပါ။

Image:IG/ Jacinda Ardern

ဝန်ကြီးချုပ်  Jacinda Ardern က တော့ သတင်း ထောက်တွေ ကို  ပြောရာမှာ..နယူးဇီလန်ဟာ လက်ရှိမှာ လုံခြုံ စိတ် ချ ရ တဲ့ အ ခြေအ နေ တစ်ခုကို ရောက် နေ ကြောင်း၊ ကျန်းမာ ရေး ဆိုင်ရာ ကိစ္စ တွေ ကို အာရုံစိုက် လုပ်ေ ဆာင်ခဲ့ပြီး၊အခုအချိန်မှာတော့ နိုင်ငံရဲ့ စီးပွားရေး ပြန်လည် ထူထောင် ရေးကို အာရုံစိုက် လုပ်ေ ဆာင် သွား တော့မ ယ်လို့ ဆိုပါတယ်။အခုလို အောင်မြင်မှု ရ အောင် ပါဝင် ပေးခဲ့ကြတဲ့ အတွက် လည်း နိုင်ငံသူ နိုင်ငံသား တွေ ကို ကျေး ဇူး တင်တယ်လို့ ပြောခဲ့ပါတယ်။နယူးဇီလန် ကတော့ မတ် (၂၅)က စပြီး Lockdown ချ ခဲ့တာပါ။ကိုဗစ် အန္တရာယ်  ကို အဆင့် (၄)ဆင့် သတ်မှတ် ခဲ့ပါတယ်။အဆင့် (၄) မှာတော့ စီးပွားရေးလုပ်ငန်းတွေ နဲ့ ကျောင်း တွေ ကို ပိတ်ပြီး လူတွေ ကို အိမ်မှာပဲ နေခိုင်းခဲ့ပါတယ်။ဧပြီ လ မှာတော့ အဆင့် Level (3) ကို ရောက် ခဲ့ပါတယ်။အဲ့ဒီ အဆင့် မှာ တော့ အစားအစာ တွေကို ပါဆယ်နဲ့ စားသောက်ခွင့် ပြု ခဲ့ပြီး မရှိ မဖြစ် မလိုအပ်တဲ့ စီးပွား ရေး လုပ်ငန်း တစ်ချို့ကို ပြန် ဖွင့် ခွင့် ပေးခဲ့ပါတယ်။

 

View this post on Instagram

 

Had the most incredible visit out in West Auckland today at a programme called Kiwi Can Do. They provide trades training for anyone on government support who wants to find work in plastering, construction, scaffolding, painting or working heavy machinery. I was there for the graduation, but also managed to meet some of the tutors, and some of what they call “Dads Army” – folks who have been in the trades themselves but have come out of retirement to act as tutors and mentors. A brilliant programme that I’m so glad we’ve boosted funding to so they can provide 1400 places in the year ahead. PS Thank you Robbie (the tutor) for sharing your story and the story of your graduates. We should never underestimate the power of someone who truly believes in the people they’re privileged enough to teach.

A post shared by Jacinda Ardern (@jacindaardern) on

Level 1 ကိုတော့ ဇွန် (၂၂) လောက်ကျ မှ ရောက်မယ်လို့ အစ က ထင် ခဲ့ ပေမယ့်လည်း လူနာသစ် ထပ် မ တွေ့တာ (၁၇)ရက် လောက်ရှိခဲ့ပြီး ခန့်မှန်းထားတာ ထက် ပိုပြီး အဆင် ပြေ ခဲ့တာပါ။အခု အသစ်ထုတ်တဲ့ ဥ ပ ဒေ စည်းကမ်း အသစ် မှာတော့ ကျောင်းတွေနဲ့ အလုပ်တွေအားလုံး ပြန် ဖွင့် နိုင်  သလို မင်္ဂလာဆောင်၊နာ ရေး၊အများသုံး ပို့ ဆောင် ဆက်သွယ် ရေး တွေ အားလုံးကို တားမြစ် ကန့် သတ် ချက် မရှိပဲ ပြန် ဖွင့် နိုင်ပါပြီ။ဒါ့ အပြင် Social distancing  ကိုလည်း မဖြစ် မ နေ လိုက်နာ ဖို့ မလို တော့ပဲ တက်နိုင် ရင် တော့ ဆက်ပြီး လိုက်နာ ပေးဖို့  တိုက် တွန်း သွားမှာပါ။နိုင်ငံခြား သား ၀င်ရောက်မှု အတွက် တော့ ခွင့်မပြု သေးပဲ နယ်စပ် ဂိတ် တွေ ဆက်ပြီး ပိတ် ထားအုံး မှာပါ။ ပြည်ပ က ပြန်လာတဲ့ နယူးဇီလန် နိုင်ငံသားတွေက တော့ (၁၄)ရက်ကြာ solation ဒါမှမဟုတ် quar antine ၀င် ဖို့ လို တယ်လို့ ကိုဗစ်နဲ့ ပတ်သက်တဲ့ နယူးဇီလန်ရဲ့ စည်းမျဉ်း ဥ ပ ဒေသစ်မှာ ဖော်ပြထားပါတယ်။

READ
မြွေ မြွေချင်း အကောင်လိုက်မြိုခဲ့တဲ့ အညိုရောင် အရှေ့တိုင်းမြွေ

#SHWEMOM

SHARE