အောက်တိုဘာလ ၁၂ ရက်နေ့တုန်းကပဲ Miss Intercontinental ဆိုတဲ့ အလှမယ်ရွေးချယ်မှုပြိုင်ပွဲကြီးအတွက် New Zealand ကိုယ်စားပြု miss တစ်ဦးကို ရွေ့းချယ်ပွဲပြုလုပ်ခဲ့ပါတယ်။
ဒီဆုကိုတော့ Arielle Keil ဆိုတဲ့ အလှမယ်က ရရှိသွားခဲ့ပါတယ်။ Arielle Keil ဆိုတာ ဘယ်သူလဲ၊ တစ်ချက်လောက်ကြည့်လိုက်ရအောင်။
View this post on Instagram
အသက် ၂၆ နှစ်ရှိနေပြီဖြစ်တဲ့ Arielle Keil ဟာ ဖိလစ်ပိုင်က Davao မှာ မွေးခဲ့ပေမယ့် Auckland မှာ ကြီးပြင်းခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ဖိလစ်ပိုင်နဲ့ ဂျာမနီစပ် ကပြားမလေးတစ်ဦးပါ။ ဒီအပြင် Arielle Keil ဟာ transgender တစ်ဦးလည်းဖြစ်ပါတယ်တဲ့။
ဒီလိုမျိုး transgender တစ်ဦးအနေကို New Zealand ရဲ့ အလှမယ်အဖြစ်ရွေးချယ်ခဲ့တာဟာ သမိုင်းတစ်လျှောက်ပထမဆုံးလို့တောင် ဆိုရမှာပါပဲ။ Arielle Keil ကတော့ လာမယ့် ၂၀၂၁ ရဲ့ Miss Intercontinental မှာ New Zealand ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ဒါကြောင့် အခုလို အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တော့လည်း တစ်ကမ္ဘာလုံးကလူတွေကို Arielle Keil ဟာ transgender တစ်ဦးပါလို့ ပေးသိရမှာဖြစ်တဲ့အတွက်ကြောင့် သိပ်ကိုစိုးရိမ်ခဲ့ရပါတယ်တဲ့လေ။ အသက် ၇၀ အရွယ်ရောက်ပြီး နာမကျန်းဖြစ်တဲ့အချိန်ကျမှာ ငါ ၂၆ နှစ်တုန်းက လုပ်ခဲ့တဲ့လုပ်ရပ်တွေဟာ သိပ်ကိုမှားယွင်းတယ်ဆိုပြီး နောင်တမရချင်ပါဘူးတဲ့။
Arielle Keil ရဲ့ ပြောပြချက်အရ ဘဝမှာ gay ဖြစ်တယ်လို့ ဝန်ခံတာဟာ transgender တစ်ဦးအဖြစ် ခံယူလိုက်တာလောက်တော့ ခက်ခဲမှုမရှိခဲ့ပါဘူးတဲ့။ လူတွေဟာ ဒီလိုပြောင်းလဲလိုက်တာကြီးကိုပဲ တစ်သက်လုံးတွဲပြီး မြင်သွားတော့မှာပါတဲ့လေ။ ဒါပေမဲ့လည်း သူ့ရဲ့ မိဘတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေကြောင့်သာ မိမိရဲ့ ဖြစ်တည်မှုနဲ့ ခံယူချက်ကို သတ္တိရှိစွာနဲ့ပဲ ထုတ်ဖော်ပြနိုင်ခဲ့ပါတယ်တဲ့။ ဖခင်ဖြစ်သူဟာ ဘာသာရေးကိုင်းရှိုင်းသူတစ်ဦးဖြစ်တဲ့အတွက်ကြောင့် အခုလို လိင်စိတ်တိမ်းညွန့်မှုကို ထုတ်ပြောပြဖို့အတွက် တကယ်ကြီးဝန်လေးခဲ့ပေမယ့်လည်း သိသွားတဲ့အချိန်မှာတော့ ထုတ်ပြောရဲတဲ့ Arielle Keil ကို ဂုဏ်တောင်ယူနေပါသေးတယ်တဲ့လေ။
အခုလည်း ၂၀၂၀ ခုနှစ်ရဲ့ Miss Intercontinental အဖြစ် ရွေးချယ်ခံလိုက်ရပြီဆိုတော့ နောက်ပိုင်းမှာတော့ LGBTQ+ တွေအတွက် အကျိုးရှိနိုင်မယ့်အရာမှန်သမျှကို ပြုလပ်သွားမှာဖြစ်တယ်လို့ ပြောထားခဲ့ပါတယ်။
View this post on Instagram
penny