တစ်ပတ်(၄)ရက် အလုပ်,လုပ်ဖို့ ပြောလာတဲ့ နယူးဇီလန်ဝန်ကြီးချုပ်

Image:twitter/Jacinda Ardern

နယူးဇီလန် ၀န်ကြီးချုပ် Jacinda Ardern က တော့ တစ်ပတ်(၄)ရက် အလုပ်လုပ်တာ နိုင်ငံရဲ့ စီးပွားရေး ကို ပြန် လည်  ဦး မော့ လာနိုင်ဖို့ အတွက် အကူအညီ ဖြစ်စေ လိမ့်မယ်လို့ ပြောခဲ့ ကြောင်း CBS News မှာ ဖော်ပြ  ထားပါ တယ်။ကိုရိုနာဗိုင်းရပ် ကြောင့် နိုင်ငံတွေရဲ့ စီးပွားရေး တွေ အနည်းနဲ့ အများဆိုသလို ထိခိုက် နစ်နာခဲ့ ရပါ တယ်။စီးပွား ရေးထိခိုက်ရတဲ့ အထဲမှာ နယူးဇီလန်နိုင်ငံလည်း ပါပါတယ်။ဒါကြောင့် ကိုဗစ် ကြောင့် ထိခိုက်ရတဲ့ စီးပွားရေး ကို ပြန် လည် ထူထောင်နိုင်ဖို့ အတွက် သူမရဲ့ စိတ်ကူးကိုတော့ Ardern က FB Live မှာ ပြောခဲ့တာပါ။ ၀န်ထမ်းတွေ ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် ပို ကောင်းလာ ဖို့၊ အလုပ်နဲ့ ဘ၀ ကို Balance ဖြစ်ဖို့ နဲ့ နိုင်ငံရဲ့ ခရီးသွားကဏ္ဍ ကို တိုးတက် လာ စေဖို့ ဆိုတဲ့ ရည်ရွက် ချက်  နဲ့ ပြောခဲ့တာပါ။

Image:twitter/Jacinda Ardern

တစ်ပတ် (၄) ရက် အလုပ်လုပ် ခြင်းက လုပ်ငန်းခွင် အတွက် လည်း အဆင် ပြေ သလို ခရီးသွားလုပ်ငန်း ကိုလည်း မြှင့် တင်ပေး ရာ ရောက်မယ်လို့ ပြောခဲ့ပါတယ်။မေလ (၁၉)ရက်နေ့ က နယူးဇီလန်ရဲ့ ခရီးသွားဆွဲဆောင်မှု နေရာ တစ်ခု ဖြစ်တဲ့ Rotorua မြို့  က နေ ပြောခဲ့တာပါ။သူမ က တော့ ကိုဗစ် ကြောင့် ထိခိုက်နစ်နာမှု အများဆုံး ဖြစ် ခဲ့ ရတဲ့ ခရီးသွားလုပ်ငန်းကို တစ်ပတ် လေး ရက် အလုပ်လုပ် တာက တစ်ဖက်တစ်လမ်းက နေ ကူညီ ပေးနိုင် မယ်လို့ မျှော်လင့် နေပါတယ်။” တစ်ပတ် လေး ရက် အလုပ်လုပ်သင့်တယ် လို့ လူတော်တော် များများက အကြံပြုကြတာ ကျမ ကြား နေရတယ်.။ဒါက အလုပ်ရှင်နဲ့ အလုပ်သမား တို့ကြားက ကိစ္စ ဆို ပေမယ့်လည်း ဒီ နေရာ ကျ  မ ပြောချင် တာက COVID-19 ကြောင့်  Work From Home က လူတွေနဲ့ သဟဇာတ ဖြစ်ပြီး လုပ်ငန်းစွမ်းဆာင် ရည်ကို ကောင်း စေတာ ကျမ တို့ သိလိုက်ရတယ်။ကျ မတိုက်တွန်းချင်တာ တကယ်လို့ များ ရှင်က အလုပ်ရှင် တစ်ယောက် ဆိုရင်  ရှင်ရဲ့ အလုပ် နေရာမှာ ပဲ တစ်ခုခုကို လုပ် နေမှာလား၊မလုပ်ဖူးလား စဉ်းစားကြည့် ရ အောင်၊ဒါက နိုင်ငံရဲ့ ခရီးသွား ကဏ္ဍ ကို  သေချာ ပေါက် အကူအညီ ဖြစ်စေ မှာပါ..” ဆိုပြီး ပြောခဲ့ပါတယ်။

READ
Rush hour အချိန်ကို အစားအသောက်နဲ့ တိုက်ဖျက်ဖို့ ကြိုးစားနေတဲ့ တိုကျိုရထားစနစ်
Image:twitter/Jacinda Ardern

ခရီးသွားလုပ်ငန်းရဲ့ (၆၀) ရာခိုင်နှုန်း ဟာ  ပြည်တွင်း ခရီးသွားလုပ်ငန်း သာ ဖြစ်ကြောင်း ဒါပေမယ့်လည်း နယူးဇီ လန် ပြည်သူတွေ ဟာ ပြည်ပ ခရီးသွားလုပ်ငန်းတွေ အတွက် လည်း ဒေါ်လာ (၉)ဘီလီယံ လောက် သုံးစွဲ တယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။ပြည်တွင်း ခရီးသွားလုပ်ငန်းကိုပဲ ဦးစားပေးကြဖို့ ကိုလည်း သူမက တိုက်တွန်း ခဲ့ပါတယ်။ ဒီဇင် ဘာ တုန်းက ထွက်ရှိခဲ့တဲ့  ကိန်းညွှန်းတွေ အရ ဆိုရင် တော့ ခရီးသွားလုပ်ငန်းဟာ နိုင်ငံ့ GDP ရဲ့ (၅.၈) ရာခိုင်နှုန်း ၊ဒေါ်လာ (၁၆.၂)ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။လူ (၂၃၀,၀၀၀) နီးပါးဟာ ခရီးသွား နယ်ပယ်မှာ အလုပ် လုပ် နေတာဖြစ်ပြီး၊လူဦးရေရဲ့ (၈.၄)ရာခိုင်နှုန်း လောက် လုပ် နေတာပါ။လူဦးရေ (၅)သန်း လောက်ရှိတဲ့ နယူး ဇီလန် မှာ ကိုဗစ် ဖြစ်ပွားသူ (၁၅၀၀) နဲ့ သေဆုံးသူ (၂၁)ယောက်ရှိခဲ့ပါတယ်။Microsoft   ကတော့ ကိုဗစ် မတိုင် ခင် (၂၀၁၉)တုန်းက တစ်ပတ် လေး ရက် အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးကို ကြိုးစားခဲ့ဖူးပါတယ်။

#SHWEMOM

SHARE