ကပ်ရောဂါ တိုက်ပွဲမှာ နယူးဇီလန် နိုင်တယ်လို့ ၀န်ကြီးချုပ် Jacinda Ardern ရဲရဲဝံ့ဝံ့ပြော

Image:twitter/@TheWomensOrg

အသက် (၃၉)နှစ်အရွယ် New Zealand ၀န်ကြီးချုပ် Jacinda Ardern  ကတော့ COVID-19 ကပ်ရောဂါ တိုက်ပွဲမှာ နယူး ဇီလန်  အနိုင် ရတယ်လို့ ဧပြီ (၂၇) ရက်နေ့ က ထုတ်ပြောလိုက်ပါတယ်။နယူးဇီလန် က တော့ တကယ်လည်း ဒီတိုက်ပွဲမှာ စနစ်တ ကျ ကိုင်တွယ်ဖြေရှင်းပြ နိုင်ခဲ့တဲ့ နိုင်ငံတွေ ထဲက တစ်နိုင်ငံပါ။အနိုင်ရတယ်လို့ အလကား လေကြီးပြီး ကြွေး ကြော်တာ တော့ မဟုတ်ပါဘူး နိုင်ငံတစ် ၀န်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ကို လျှော့ ချ ပြ နိုင်ခဲ့သလို အရင်က ထုတ်ပြန် ထားတဲ့ သတိပေးချက် Level 4 ကနေ 3 အထိ ပြောင်းလဲ လျှော့ ချ ပြ နိုင်ခဲ့ပါတယ်။ဒါတင် မကပဲ ကူးစက် ပျံ့ သွားမှု နှုန်း ကလည်း ဆက်ပြီး ကျ ဆင်းေ အာင် လုပ်ပြ နိုင်ခဲ့တာပါ။

Image:twitter/@TrillionaireL

လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းကဆိုရင် နယူးဇီလန် မှာ နောက်ထပ် ကူးစက်ခံရတဲ့ လူနာ အသစ် အနည်းငယ် လော က်ပဲ ထပ် တွေ့ ခဲ့တယ်လို့ ၀န်ကြီးချုပ် Jacinda Ardern က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ေ ပြာ ခဲ့ပါတယ်။ သူမ ဟာ ရောဂါ ဖြစ်ပွားမှု လူနာ အ ရေ အတွက် တွေကိုပါ ထုတ် ပြ ခဲ့ပါတယ်။ဖြစ်ပွားမှု နှုန်း ကတော့  တကယ်လည်း တဖြည်းဖြည်း ကျ လာခဲ့တာပါ။Ardern  က တော့ ကိုရိုနာကို အပြည့်အ၀ တွန်းလှန် နိုင်ဖို့ အတွက် က တေ့  နောက် ထပ် ကျန် နေ သေးတဲ့ ရောဂါ ဖြစ်ပွားမှုတွေကို လိုက်လံ ဖော်ထုတ် ဖို့ လို နေ သေး ကြောင်း ဒါ ပေမယ့်လည်း လက်ရှိ အ နေ အထားနဲ့ဆိုရင်တော့  နိုင်ငံတွင်း ထပ်မံ ကူးစက်မှုတွေ ကို ဟန့် တားနိုင်လိုက်ပြီလို့ ပြောခဲ့ပါတယ်။” နယူး ဇီလန် မှာ နောက်ထပ် ပြည်တွင်း ကူးစက်မှုတွေ ထပ် မ တွေ့ ရ တော့ဘူး။ဒီတိုက်ပွဲမှာ ကျ မ တို့ နိုင်တယ်။ဒါပေမယ့် ဒီ အနေ အထားကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ သတိဝီရိထားပြီး  နေကြ ရမယ်..” လို့ ပြောခဲ့ပါတယ်။

READ
နှာခေါင်းပေါ်မှာ တွဲလောင်းကျနေတဲ့ အကြိတ်ကြီးကို ခွဲစိတ်ဖယ်ထုတ်နိုင်ခဲ့တဲ့ ကောင်လေး
Image:twitter/@TrillionaireL

ဧပြီ (၂၇) မှာတော့ နယူးဇီလန်မှာ နောက်ထပ် ရောဂါ ဖြစ်ပွားမှု အသစ် တစ်ခုသာ ထပ်ပြီး တွေ့ ရှိခဲ့ပါတယ်။နိုင်ငံ တစ်ဝန်းမှာဆိုရင် ဖြစ်ပွားမှု (1,122) ရှိတယ်လို့ အမျိုးသားကျန်းမာရေးဆိုင်ရာ ဒါရိုက်တာ Dr. Ashley Bloom field  က ပြောခဲ့ပါတယ်။သေဆုံးသူ အရေ အတွက် က တော့ (၁၉)ဦး ပါ။သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ မေးတဲ့ ကို ရိုနာကို ရှင်းလင်းပစ်နိုင်မှာလား ဆိုတဲ့ အ မေးကိုတော့ Bloomfield က ရည်မှန်းချက်က တော့ ရှင်း ထုတ် ပစ်ဖို့ပါ။ ဒါပေမယ့် ဒါဟာ အမြစ်ထုတ် ရှင်းပစ် ဖို့ လို့ တော့ မဆိုလိုပါဘူး။ကျ တော်တို့ ပြောတဲ့ ရှင်းထုတ်ပစ်ဖို့ ဆိုတာ ဖြစ်ပွားမှု နှုန်းကို နည်းနိုင်သမျှ နည်း အောင် လျော့ ချ ဖို့ နဲ့ နောက်ထပ် ကူးစက်မှု ထပ် မဖြစ်လာအောင် တားဆီး ပေးဖို့ပါ..” လို့ ပြန်ပြောခဲ့ပါတယ်။လက်ရှိမှာတော့ ဖြစ်ပွားမှုနှုန်းကို လျော့ ချ နေ နိုင်ပေမယ့် နောက်ထပ် ဖြစ်ပွားမှု လူနာ သစ် တွေ လည်း ပေါ်လာတာမျိုး ဖြစ်သွား နိုင်  ကြောင်းနဲ့ လက် ရှိမှာတော့ ဖြစ်ပွားမှုနှုန်းကို တဖြည်းဖြည်း သုည အထိ ရောက် အောင် လျော့ ချ ဖို့ လုပ် နေတယ်လို့ ပြောခဲ့ပါတယ်။

READ
သင့်ချစ်သူက သင့်ကိုတန်ဖိုးထားစေချင်ရင် မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်(၅)ချက် ...

Source:CNN

SHARE