ကျောင်းသူတွေကို အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ ထောက်ပံ့ပေးမယ့် နယူးဇီလန်

Image :shutterstock (By Diana Zuleta)

နယူးဇီလန် နိုင်ငံ ကတော့ ကိုဗစ်ကိစ္စ ကိုင်တွယ် ထိန်းချုပ်မှုကောင်းတယ်လို့ အမှတ် ပေးခံထားရတဲ့ နိုင်ငံ တွေထဲမှာ ပါပါတယ်။အသက် (၃၈)နှစ်ပဲရှိ သေးတဲ့ ၀န်ကြီးချုပ် Jacinda Ardern ကလည်း အုပ်ချုပ်မှု၊လမ်းညွှန်မှု ကောင်း တဲ့ ခေါင်းဆောင် တစ်ယောက်  အဖြစ် နဲ့ နာမည်ကြီး နေပါတယ်။နယူးဇီလန် အစိုးရ အနေနဲ့ အေ ကာင် အထည် ဖော် မယ့် နောက်ထပ် အစီအစဉ် တစ်ခု ကိုတော့ ဇွန်လ (၃)ရက်နေ့က ကြေညာလိုက်ပါတယ်။အဲ့ဒါက တော့ ကျောင်း တွေ မှာ အမျိုးသမီး လစဉ် သုံး ပစ္စည်းတွေ ထောက်ပံ့ ပေးမယ့် အစီအစဉ်ပါ။ဒီ အ ကြောင်းကိုတော့ CNN မှာ ဖော်ပြ ထား ပါတယ်။

 

View this post on Instagram

 

First trip out of Wellington in a very long time, and it was to visit WelTec. The perfect opportunity to talk with students and tutors about our announcement yesterday on trades and vocational training. As part of our COVID recovery plan, we’re making apprenticeships and vocational training in areas we have shortages (think building and construction, manufacturing, care work, community health and counselling) absolutely free! It’s one of the many ways we can invest in skills and education, and is part of a much bigger package of recovery initiatives. I’ll update you on a few others over the next couple of days (all of which have made the Minister of Education much happier than this photo makes him look!)

A post shared by Jacinda Ardern (@jacindaardern) on

ဆင်းရဲမွဲ တေမှု ကြောင့် နိုင်ငံ တစ်ဝန်း ကျောင်းတွေမှာ ပညာသင်ယူ နေတဲ့ ကျောင်းသူတစ်ချို့ဟာ လစဉ် သုံး ပစ္စည်း နဲ့ အမျိုးသမီး တစ်ကိုယ်ရည် ကျန်းမာရေး အတွက် လိုအပ်တဲ့ အရာ တွေ ကို ၀ယ်ယူသုံးစွဲ ဖို့ မတက်နိုင်ပဲ ဒုက္ခ ကြုံ နေရပါတယ်။အသက် (၉) နှစ်က နေ (၁၈) နှစ် အတွင်းမှာရှိတဲ့ အမျိုးသမီး 95,000  နီးပါး ဟာ  ခံစရာ ၊သုံးစရာ လစဉ် ပစ္စည်း မ၀ယ်နိုင် လို့ ရာသီလာ နေ ချိန် မှာ ကျောင်း မတက်နိုင်ပဲ အိမ် မှာ ပဲ နေ နေ ကြရတယ်လို့ ၀န် ကြီး ချုပ် Jacinda Ardern က ပြောပါတယ်။” ဒီလို မျိုး လစဉ် သုံး ပစ္စည်းတွေ မတက် နိုင်တဲ့ ကျောင်းသူ တွေ ကို လစဉ်သုံး ပစ္စည်းတွေ အခ မဲ့ ပေး သွားမယ်..” လို့ ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။နယူးဇီလန် အစိုးရ က တော့ ပဏာ မ အ နေနဲ့   အ မေရိကန် ဒေါ်လာ(၁.၇)သန်းကို ရင်းနှီးမြှုပ် နှံ ထားပြီး Waikato ဒေသမှာ ရှိတဲ့ ကျောင်း (၁၅) ကျောင်းမှာ ဒီအစီအစဉ် ကို စတင် အ ကောင်အထည် ဖော်သွားမှာပါ။(၂၀၂၁)ကျရင် တော့ နိုင်ငံ တစ်ဝန်းမှာ ရှိတဲ့ အ ခြေခံပညာအဆင့် ကျောင်းတွေ အကုန်လုံးကိုပါ အ ကောင်အထည် ဖော် သွားနိုင်ဖို့ ကြိုးပမ်း သွားမှာပါ။

READ
ရေမွှေးအစား လက်သန့်ဆေးထုတ်လုပ်သွားမယ့် ဇိမ်ခံပစ္စည်းကုမ္ပဏီကြီး LVMH
Image :shutterstock /By La corneja artesana
ဖွံ့ ဖြိုးစဲ နိုင်ငံ တွေ မှာ နေထိုင် ကြတဲ့ အမျိုးသမီးေ တွ အတွက်က တော့ ရာသီလာ ချိန် ဟာ ပြဿနာ တစ်ခုလို ဖြစ် နေပါတယ်။လေ့လာမှုတွေ အရ ဆိုရင် တော့ ဖွံ့ ဖြိုးပြီး နိုင်ငံ တွေ ဖြစ်တဲ့ အ မေရိကန်၊ဗြိတိန် ၊နယူး ဇီလန် . တို့ လို နိုင်ငံ တွေ မှာတောင် မှ ရာသီလာရင် ငွေ ကြေးမတက်နိုင်လို့ ဒုက္ခ ရောက် နေရတဲ့ အမျိုးသမီး သန်း ပေါင်း များစွာ ရှိ တယ်လို့ ဆိုထားပါတယ်။နယူးဇီလန် အ ခြေစိုက် Youth19 ရဲ့ ကျန်းမာရေး ဆိုင်ရာ စစ်တမ်းတစ်ခု အရ ဆိုရင် တော့  အသက် (၁၂-၁၈) ၀န်းကျင်မှာရှိတဲ့ ကျောင်းသူ (၁၂) ရာခိုင်နှုန်း ဟာ အမျိုးသမီး လစဉ် သုံး ပစ္စည်းဖိုး ကို မတက်နိုင် တဲ့ အတွက် ဒုက္ခ ရောက် နေကြရတယ်လို့ ဆိုပါတယ်။ကျောင်းသူ (၁၂) ယောက်မှ တစ်ယောက်က လစဉ် သုံး ပစ္စည်း မသုံး နိုင်လို့ ရာသီလာတဲ့ ရက် တွေ ဆိုရင် ကျောင်းမသွားနိုင် ဖြစ်ေ နရတယ်လို့ အဲ့ဒီ စစ်တမ်းမှာ ဖော်ပြ ထားပါတယ်။
Image :shutterstock /By matka_Wariatka
#SHWEMOM
SHARE