Social Distancing ကို လိုက်နာပြီး ၀န်ကြီးချုပ်ကိုတောင်မှ ပေးမ၀င်ခဲ့တဲ့ ကော်ဖီဆိုင်

Image:pixabay/freephotocc/IG/Jacinda Ardern

Jacinda Ardern က တော့ အသက် (၃၉)နှစ်ပဲရှိသေး ပေမယ့် လက်ရှိမှာ နယူးဇီလန်နိုင်ငံရဲ ၀န်ကြီးချုပ် တာဝန် ကို ထမ်းဆောင်နေသူပါ။သူမက တော့ နယူးဇီလန်ရဲ့ အ ယောက် (၄၀) မြောက် ၀န်ကြီးချုပ် နဲ့ Labour Party  ရဲ့ ခေါင်း ဆောင် အဖြစ် (၂၀၁၇)တည်းက တာဝန်ထမ်းဆောင်နေတာပါ။COVID-19 ကပ်ရောဂါ ဘေးမှာလည်း သူမရဲ့ ကိုင်တွယ်ဖြေရှင်းမှု တွေနဲ့ ပတ်သက်ပြီး နာမည်ကောင်းရထားသူပါ။သူမ ကတော့ ပြီးခဲ့တဲ့ ရက်က မြို့ တော် Wellin gton မှာရှိတဲ့ နာမည်ကြီး ကော်ဖီဆိုင် တစ်ဆိုင်ကို ထိုင် ဖို့ သွားခဲ့ ပေမယ့် သူမကို ၀င်ခွင့် ပေးဖို့ ဆိုင်က ငြင်းဆို တာကို ခံခဲ့ရပါတယ်။ဒီ အ ကြောင်းကိုတော့ CNN နဲ့  Insider တို့ မှာဖော်ပြထားတာပါ။

သူမတို့ နယူးဇီလန် အစိုးရ က ထုတ်ထားတဲ့ social distancing စည်းမျဉ်း စည်းကမ်းတွေ ကို လိုက်နာ တဲ့ အ နေ နဲ့  ကော်ဖီဆိုင်က ၀င်ခွင့်မ ပေးခဲ့တာပါ။သတ်မှတ်ထားတဲ့ လူအ ရေ အတွက် နဲ့ သတ်မှတ် ထားတဲ့ စည်း ကမ်း တွေ နဲ့ အညီ ဆိုင်တွေကို ပြန်ဖွင့်ဖို့ ပြောထားတဲ့ အတွက် အခန်း မကျန် တော့လို့ ဆိုင်ပိုင်ရှင်က ၀င် ခွင့် မပြု ခဲ့တာပါ။ လူတွေကို သုံးပေ ခွာပြီး ဆိုင်ထိုင်စားသောက်ရမယ်ဆိုတဲ့ စည်းကမ်း အပါအ၀င် တခြား Social Distancing  စည်း ကမ်း တွေကို နယူးဇီလန်မှာ ထုတ်ထားပါတယ်။Jacinda Ardern  နဲ့ သူမနဲ့ စေ့စပ်ထားတဲ့ သတို့ သား လောင်း Clarke Gayford တို့က Olive လို့ ခေါ်တဲ့ ကော်ဖီ ဆိုင်ကို လာခဲ့တာပါ။ဒါပေမယ့်လည်း ဆိုင်ထဲမှာ သတ်မှတ်ထား တဲ့ လူပြည့် နေလို့ အခု တော့ ထိုင်လို့ မရ သေးပါဘူး ဆိုပြီး ငြင်းပယ် တာကို ခံခဲ့ရတယ်လို့ Joey ဆိုတဲ့ တွစ်တာ အသုံးပြု သူ တစ်ယောက် က လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ Post တင်ခဲ့တာပါ။

နေရာ လွတ် သွားရင်ြ့ပန်လာပါ့မယ်ဆိုပြီးတော့ ၀န်ကြီးချုပ်နဲ့ သူ့ရဲ့ သတို့ သား လောင်းက ပြန် ပြော ခဲ့ပါတယ်။ Clarke Gayford က တော့ ကြိုတင်ဘိုကင်ယူထားတာမျိုး သူမလုပ်ထားမိ တဲ့  အ ကြောင်း နဲ့ ဒီ ဆိုင်ရဲ့ ၀န်ဆော င်မှု က တော့ A+ ပါပဲ ဆိုပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်။ဝန်ကြီးချုပ်ရဲ့ ပြောခွင့် ရသူ တစ်ဦး ကတော့ ၀န်ကြီး ချုပ် ကလည်း ဆိုင်ထိုင်နိုင်ဖို့ အခွင့်ထူး မယူပဲ တခြားသာမန် ပြည်သူတွေ လိုပဲ စောင့်ဆိုင်း ခဲ့ တယ်လို့ ဆိုပါတယ်။အမည် မ ဖော်လို တဲ့ Olive  ကော် ဖီဆိုင် ပိုင်ရှင် ကလည်း ၀န်ကြီးချုပ်က နောက်နာရီ ၀က် လောက် အကြာမှာတော့ ပြန် လာခဲ့ပြီး တခြား သာမန်ပြည်သူ Customer တွေ လိုပဲ ၀န်ဆောင်မှုကို ယူခဲ့ပြီး နှစ်လို ဖွယ် ကောင်းတဲ့ ၀န်ကြီးချုပ် တစ်ယော က်ပါလို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။နယူးဇီလန်မှာတော့ ကိုဗစ် ကြောင့် လူ (၂၁)ဦး သေခဲ့ပြီး ကူးစက်ခံရသူ (1,498) ဦး အထိ ရှိခဲ့ပါတယ်။နယူးဇီလန်မှာ ငါးပတ် လောက် Lockdown နဲ့ တင်းကြပ်တဲ့ စည်းကမ်း တွေ သတ်မှတ် ခဲ့ပြီး နောက်မှာတော့ ပြီးခဲ့တဲ့ ငါးရက်အတွင်းမှာ ကူးစက်ခံရသူ တစ်ယောက်ပဲ တွေ့ ခဲ့ပါတယ်။

SHARE