အနောက်ဥရောပလူမျိုးတွေဟာ လက်ဆောင်ပေးရင်တောင် အဓိပ္ပါယ်အမျိုးမျိုးနဲ့ ပေးတတ်ကြပါတယ်။ ဥပမာ ပန်း ဘယ်နှစ်ပွင့်ပေးရင် ဘာဖြစ်လို့၊ ဘယ်လိုအရောင်ကိုသုံးထားရင် သူရဲ့စိတ်ခံစားချက်က ဘယ်လို စသဖြင့် လက်ဆောင်ပစ္စည်းအပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုမှု အတော်လေး အလေးထားကြပါတယ်။
ဒါပေမယ့် တစ်ချို့လက်ဆောင်တွေကျတော့ အပေးမတတ်ရင် လက်ခံရယူရသူရဲ့စိတ်ထဲမှာ ကြောင်စီစီဖြစ်တတ်သလို၊ တစ်ချို့လက်ဆောင်တွေက ထင်မှတ်မထားတဲ့ အခြားအဖြေမျိုးတွေကိုလည်း ပေးတတ်တယ်ဆိုတာ ဒီသတင်းဆောင်းပါးလေးက သာဓက ဆောင်ပါလိမ့်မယ်။
ဒီဓာတ်ပုံတွေကို u/zevHS အမည်ရ အကောင့်ကနေ ဖော်ပြထားတာဖြစ်ပြီး၊ သူကလည်း ဒီဓာတ်ပုံတွေကို Awkward Family Photos အမည်ရ အင်စတာဂရမ်ကနေ ယူလာတာလို့ ပြောပါတယ်။ စာထဲမှာ အသစ်စက်စက် ဇနီးမောင်နှံကို (သူတို့ရဲ့ အရေးကြီးဆုံးနေ့ဖြစ်တဲ့ Propose လုပ်တဲ့နေ့ကို တုပပြီး) ကြေးသွန်းပုံလေး ဖန်တီးက ယောက္ခမက လက်ဖွဲ့ခဲ့တာလို့ ဆိုပါတယ်။
View this post on Instagram“MY MOTHER-IN-LAW THOUGHT IT WAS A GOOD IDEA TO GET A SCULPTURE OF THIS BEAUTIFUL MOMENT.”
ဒါပေမယ့် ဓာတ်ပုံနှစ်ခုမှာ အဓိပ္ပါယ်က တစ်မျိုးစီပါ။ ဘယ်ဘက်က ပထမပုံမှာ အမျိုးသားက ဒူးထောက်ထိုင်ချပြီး၊ အမျိုးသမီးက ပုံကိုမြင်တာနဲ့ အလွန်စိတ်လှုပ်ရှားနေဟန် ရှိတယ်ဆိုတာ မြင်သာစေပါတယ်။ ဒါပေမယ့် ညာဘက်က ပုံမှာတော့ ထုးခြားနေပါတယ်။ ကြည့်တတ်သူ မြင်၏ ဆိုတဲ့အတိုင်း ပန်းပုထွင်းသူက ဓာတ်ပုံထဲက သူမြင်တဲ့အတိုင်းကို ထွင်းထားတာ ဆိုသော်လည်း အမျိုးသားရဲ့ အောက်ကို ကွေးညွှတ်ကျနေတဲ့ လက်က “မတော်ရာကို ပုံဖော်ထားသည်အလား ”စိတ်မသက်သာရာကို မြင်စေခဲ့ပါတယ်။

ဓာတ်ပုံထဲမှာတော့ အလင်းအမှောင် ပါလို့ ဒီကိစ္စဟာ ဘယ်လိုမှ အငြင်းပွားစရာ မဟုတ်သော်လည်း၊ ပန်းပုထွင်းထားတဲ့ အထဲမှာတော့ အလင်းအမှောင်မပါတဲ့အတွက် ဒီ ငေါက်တောက်ကျနေတဲ့ အရာက အဓိပ္ပါယ်တစ်မျိုးကို ဖြစ်စေခဲ့ပါတယ်။ ဒီပုံနဲ့ပတ်သက်ပြီး မှတ်ချက်ရေးသူတွေ ထောင်ချီ ရှိခဲ့ပါတယ်။
လင်းသုတ