သတို့သမီးကို လူကြားသူကြားထဲမှာတောင် အနိုင်ကျင့်နှိပ်စက်ရဲတဲ့ သတို့သား

နှစ်ဖက်မိဘ စုံညီစွာနဲ့ လက်ထပ်ထိမ်းမြားဖို့ဟာ ချစ်သူတို့အတွက် ခရီးပန်းတိုင်တစ်ခုပါ။ နှစ်ကိုယ်တူ စုံမက်လို့ ယူထားကြတဲ့အခါ အားနည်းသူကို အားကြီးသူက အနိုင်ကျင့်တဲ့အပြုအမူမျိုးဟာ ဇနီးမောင်နှံတွေ ကြားထဲမှာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် မင်္ဂလာအခမ်းအနားတစ်ခုမှာတော့ သတို့သားဖြစ်သူဟာ ပွဲလာဧည့်သည်တွေ ရှေ့မှောက်မှာပဲ သတို့သမီးရဲ့ မျက်နှာကို အကြင်နာကင်းမဲ့စွာ လှမ်းရိုက်ခဲ့တဲ့ အဖြစ်ကို အခုလို သိရပါတယ်။

pubg jamaica pubg

၎င်းအဖြစ်ကို ဗီဒီယိုရိုက်ကူးထားရာမှာ အာရှအရှေ့လယ်ပိုင်းဒေသတစ်ခုမှာ ဖြစ်ခဲ့တယ်လို့ ယူဆရပါတယ်။ ဖြစ်ရပ်မှာတော့ သတို့သားနဲ့ သတို့သမီးဟာ ဧည့်သည်တွေ ရှေ့မှောက်မှာ အချင်းချင်း ကိတ်ခွံ့ကျွေးနေကြတာ ဖြစ်ပါတယ်။ ပထမဆုံး သတို့သားက သတို့သမီးကို ကိတ်ခွံ့ကျွေးအပြီးမှာ သတို့သမီးက သတို့သားကို ပြန်ပြီး ကိတ်ခွံ့ရမယ့်အလှည့် ရောက်လာပါတယ်။ ဒါပေမယ့် သတို့သမီးက သတို့သားကို စနောက်ချင်တာကြောင့် ကိတ်ကို မကျွေးပဲ လွှဲဖယ်လိုက်ပါတယ်။

pubg jamaica pubg

ဒီအခါမှာ သတို့သားဟာ ချက်ခြင်းပဲ ဒေါသထွက်လာပြီး သတို့သမီးရဲ့ မျက်နှာကို ဖြတ်ကနဲ လှမ်းချလိုက်တာပါ။ အားပြင်းတဲ့အတွက် သတို့သမီးခမျာ သူမနောက်ဘက်က ထိုင်ခုံပေါ်ကိုတောင် ထိုင်ရက်သား လဲကျသွားခဲ့ပါတယ်။ သတို့သမီးလဲကျသွားလို့ သတို့သမီးနဲ့ဧည့်သည်တွေကို အားနာပြီး ပြန်တောင်းပန်သလားဆိုတော့လည်း မတောင်းပန်ပဲ သတို့သားဟာ မျက်နှာရှစ်ခေါက်ချိုးနဲ့ ဒေါသတွေ ထွက်နေတာပါ။ သတို့သားနောက်မှာ ရပ်နေတဲ့ အမျိုးသားတစ်ဦးကတော့ သတို့သားကို အချိန်မှီလှမ်းဆွဲလိုက်တာကို တွေ့ရပြီး ဧည့်သည်တွေကတော့ သတို့သမီးလေးကို နှစ်သိမ့်ပေးနေကြပါတယ်။

READ
ကိုယ်ဝန်ကို မမွေးဘဲငြင်းပယ်ပြီး၊ (၄၆)နှစ်ကြာ လွယ်ထားလို့ ကျောက်ဖြစ်သွားတဲ့ကလေး
pubg jamaica pubg

မင်္ဂလာပွဲမှာ ဇနီးမောင်နှံတွေဟာ အချင်းချင်း ချစ်ခင်လေးစားစွာနဲ့ ယုယဖေးမရမယ့်အစား ဒီဖြစ်ရပ်မှာ သတို့သားရဲ့ သတို့သမီးအပေါ် ဆက်ဆံပုံက ဆိုးဝါးလွန်းပါတယ်။ လူရှေ့သူရှေ့မှာတောင် ဒီလိုပုံစံချိုးနေရင်တော့ နောက်ကွယ်မှာ သတို့သမီးဟာ ဘယ်လောက်ထိအောင် ညှင်းပန်းနှိပ်စက်ခံရဦးမလဲ မသိနိုင်ပါဘူး။ သတို့သမီးအနေနဲ့တော့ ချစ်တာတစ်ခုတည်းနဲ့ မျက်စိမှတ်ပြီး သတို့သားပြုသမျှ နုခံနေရမယ့်အဖြစ်မျိုးကို လုံးဝလက်မခံဖို့တော့ လိုမှာပါ။ ဒီအဖြစ်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်က လူတွေကတော့ တစ်သက်လုံး ပေါင်းသင်းရမယ့် ဇနီးသည်ကို ဘာမဟုတ်တဲ့ ကိစ္စနဲ့ အမျက်ထွက်ပြီး လက်ပါခဲ့တဲ့ ကိစ္စအပေါ် မခံမရပ်နိုင်အောင် ဖြစ်နေကြတယ်။ သတို့သားဟာ လူ့စည်းမျဉ်းကို ချိုးဖောက်ကြောင်းနဲ့ သူ့ကို မှတ်လောက် သားလောက်အောင် သင်ခန်းစာပေးသင့်ကြောင်း ၀ိုင်းဝန်းပြောဆိုလျက် ရှိနေကြပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE