အမေရိကန်ပြည်ထောင်စု North Carolina မှ လက်ထပ်ထားတဲ့ မကြာသေးတဲ့ စုံတွဲ တစ်တွဲ က တော့ မျှော်လင့် မထားတဲ့ ကံကြမ္မာ ဆိုးနဲ့ ရင် ဆိုင် ခဲ့ရပါတယ်။Florida Keys မှာ ဟန်းနီးမွန်း ထွက်နေတုန်း ယာဉ်တိုက်မှု ဖြစ်ပြီး ကွယ်လွန် သွားခဲ့ပါတယ်။ William ‘Rowdy’ Harrell က တော့ အသက် ၃၀ ဖြစ်ပြီး Blakely Harrell က တော့ အသက် ၂၃ နှစ် ပါ။သူတို့နှစ်ဦးလုံး က တော့ နိုဝင်ဘာ ၂၅ ရက်နေ့ ဒေသစံတော်ချိန် ည (၉)နာရီ (၄၀) ၀န်းကျင် လောက်မှာပဲ အခင်းဖြစ်ပွားရာ နေရာ မှာ တင် ပွဲချင်း ပြီး သေ သွားခဲ့ရတာပါ။ဒီအကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားတာပါ။
View this post on Instagram
သူတို့ ကြင်စဦးမောင်နှံက တော့ နိုဝင်ဘာ ၂၁ ရက်နေ့ကမှ လက်ထပ် ခဲ့ ကြတာပါ။လက်ထပ်ပြီး ခါစ မို့ ပျော် နေတဲ့ အချိန် ရက်ပိုင်းလေး မှာပဲ သေခြင်း တရားရဲ့ ခေါ် ဆောင်ရာေ နာက်ကို ပါသွားခဲ့ရတာပါ။ William က တော့ National Association for Stock Car Auto Racing(NASCAR) မှာ အလုပ်လုပ် ခဲ့ ဖူးပါတယ်။သူ့နဲ့ အတူ အလုပ် တွဲ လုပ်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေ က တော့ William တို့ လင်မယားနှစ်ယောက် ကွယ်လွန် သွား တဲ့ အပေါ် ၀မ်းနည်းကြောင်း ဆိုရှယ်မီဒီယာ ပေါ်မှာ Post တွေ တင်ခဲ့ပါတယ်။ဖလော်ရီဒါ အဝေးပြေးလမ်းမ ကင်းလှည့် အဖွဲ့ ရဲ့ အပြောအရ တော့ Harrell က 2020 Toyota Corolla ကားကို မောင်းနှင်လာခဲ့တာလို့လို့ ဆိုပါတယ်။အယ်လ်ကိုဟော က တော့ ယာဉ်မ တော် တဆမှု ဖြစ်ပွားရတဲ့ အကြောင်း အရင်း ဖြစ်ပြီး Harrell က ကုန်တင်ကားကို ၀င်တိုက်မိခဲ့တာပါ။ကုန်တင်ကားကတော့ သူတို့ စုံတွဲမောင်းလာတဲ့ ကားကို ရှောင်ဖို့ ကြိုးစား ခဲ့ ပေမယ့် မ အောင် မြင်ခဲ့ပဲ ဒီလို အဖြစ် ဆိုးနဲ့ ကြုံခဲ့ရတာပါ။
View this post on Instagram
ကုန်တင်ကားေ မာင်းသူက တော့ အသက် (၆၂) အရွယ် ရှိပြီး သူက တော့ ဒဏ်ရာ အနည်းငယ် ပဲ ရခဲ့ပါတယ်။သူနဲ့ အတူ ပါလာတဲ့ အသက် (၅၈)နှစ်နဲ့ (၆၂)နှစ်အရွယ် အမျိုးသမီးတို့ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခဲ့ ကြပါတယ်။အခြေအနေ က တော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။အားလုံး က တော့ ခါး ပတ် ပတ်ထားခဲ့ကြပါတယ်။Harrell ရဲ့ သူငယ်ချင်း မိတ်ဆွေ တွေ က တော့ မင်္ဂလာဆောင်ပြီးတာမှ ၄ ရက်ပဲ ကြာ သေးတဲ့ စုံတွဲ သေ ဆုံး သွား ပြီဆိုတဲ့ သတင်းကြောင့် တော်တော် လေး တုန်လှုပ်ခဲ့ကြပါတယ်။ Harrell က ပျော်ပျော် နေတတ်တဲ့ လူတစ်ယောက် ဖြစ်ပြီး လူကောင်း တစ်ယောက် ပါ၊သူတို့ လင်မယား ကွယ်လွန်သွားပြီဆိုတာ မယုံနိုင် သေးဘူး လို့ အပေါင်းအသင်းတွေ က တော့ ပြောခဲ့ပါတယ်။
View this post on Instagram
ကြင်စဦး မောင် နှံ အတွက် မင်္ဂလာ ဓါတ်ပုံ ရိုက်ကူးပေးခဲ့တဲ့ ဓါတ်ပုံဆရာ Hannah Sharriee က တော့ ဓါတ်ပုံရိုက်ပေးတုန်းက အဖြစ် အပျက် ကို ပြန်လည် ဝေမျှ ခဲ့ပါတယ်။အဲ့ဒီတုန်းက Blakely Harrell ကို မင်္ဂလာ ပွဲ နေ့ အတွက် သူမအဖို့ ဘာက အရေးကြီးဆုံးလဲ လို့ မေးတဲ့ အခါမှာတော့ သတို့သမီးလောင်းက ပြုံးပြီး Rowdy နဲ့ အတူရှိနေဖို့ လို့ ပြန် ပြော ခဲ့ကြောင်း နဲ့ တကယ့်ကို တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတဲ့ အတွဲ လေး ပါ လို့ ပြော ခဲ့ပါတယ်။
View this post on Instagram
#SHWEMOM