အိမ်မှာ အသုံးလည်းဝင်၊ ကျူးကျော်မှု အန္တရာယ်တွေကိုလည်း ကာကွယ်နိုင်မယ့် စားပွဲ

အိမ်မှာ အသုံးလည်းဝင်၊ ကျူးကျော်လာတဲ့ သူတွေရဲ့ အန္တရာယ်ကိုလည်း ကာကွယ်နိုင်မယ့် စားပွဲ တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

Amazon/Woodquail

ဒီ ပစ္စည်းကို Amazon မှာ တင်ရောင်းထားပြီး အိပ်ယာဘေးမှာ ထားတဲ့ စားပွဲသာသာဖြစ်ပါတယ်။ စားပွဲဟာ အရှင်ဖြစ်ပြီး ဆက်ထားထားတဲ့ အပိုင်းတွေကို ဖြုတ်လို့ရတယ်။ အဲ့ဒီလို့ ဖြုတ်လိုက်မယ်ဆိုရင်တော့ သစ်သား ဒိုင်း၊ ဘေ့စ်ဘောတုတ်တံ အဖြစ် အသုံးချနိုင်မှာဖြစ်ပါတယ်။

Amazon/Woodquail

ဝါးနဲ့ ပြုလုပ်ထားတဲ့ ဒီစားပွဲဟာ တစ်ယောက်တည်းနေတဲ့သူတွေ၊ ကျုးကျော်မှုကို ခံရဖူးတဲ့ သူတွေအတွက်တော့ အလွန်သင့်တော်တဲ့ စားပွဲဖြစ်ပါတယ်။ လူသတ်လက်နက်တွေကို အပြည့်အ၀ကာကွယ်နိုင်ဖို့အတွက် ရိုးရိုးရှင်းရှင်းဖန်တီးထားတာဖြစ်ကြောင်း သိရတယ်။

Amazon/Woodquail
Amazon/Woodquail

အိပ်ယာဘေးတို့၊ စားပွဲဘေးတို့မှာ ထားမှဆိုလည်း မော်ဒန် ပရိဘောဂ ဆန်ဆန်ရှိနေမယ်။ အလယ်မှာ ဗဟိုမှာပါဝင်တဲ့ အ၀ိုင်းလေးတွေနေ ကေဘယ်ကြိုးတွေ ဆက်သွယ်နိုင်တယ်။ ဒီ ဒီဇိုင်နာ ပရိဘောဂက အဆင်းလှမှုနဲ့ လက်တွေ့ကျတဲ့ ဖန်ရှင်တွေကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ရောင်းမလောက်ဖြစ်ပြီး ပစ္စည်းပြတ်သွားတဲ့အထိ အားပေးတဲ့သူတွေ ရှိခဲ့ကြောင်းကိုလည်း သိရပါတယ်။

READ
မိန်းကလေးတိုင်းသိသင့်တဲ့ အလုပ်အင်တာဗျူးအတွက် ပြင်ဆင်ခြယ်သနည်း(၃)မျိုး
amazon

Matthew (ShweMOM)

SHARE