(၅) ရက်ကြာနေတဲ့ ပါစတာကို စားပြီးနောက် နာရီပိုင်းအတွင်း သေဆုံးသွားတဲ့ အမျိုးသား

ကျောင်းသားတစ်ဦးဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်(၁) ပတ်လောက်က ချက်ပြုတ်ထားခဲ့တဲ့ ပါစတာခေါက်ဆွဲကို စားသုံးပြီးနောက်ပိုင်း စိတ်မကောင်းဖွယ် သေဆုံးခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူကျောင်းသားလေးဟာ အသက်(၂၀) နှစ်အရွယ် အေဂျေအမည်ရတဲ့ ကျောင်းသားလေးတစ်ဦးပါ။ အေဂျေဟာ လွန်ခဲ့တဲ့ (၅) ရက်ခန့်က ပါစတာခေါက်ဆွဲကိုချက်ပြုတ်ခဲ့ပါတယ်။ သူဟာ ချက်ပြုတ်ပြီးတဲ့ ပါစတာကို ချက်ခြင်းမစားသေးပဲ အပြင်မှာ(၂) ရက်ထား၊  ရေခဲသေတ္တာထဲမှာ နောက်ထပ်(၃) ရက်ထည့်ထားပြီးနောက်မှာ စားခဲ့တာ ဖြစ်ပါတယ်။

Credit: Youtube/Chubbyemu

ဒေါက်တာ ဘားနဒ်ရဲ့ အဆိုအရ အေဂျေဟာ (၅) ရက်ကြာ ပုပ်သိုးဆွေးမြေ့နေတဲ့ ပါစတာကို နေ့လည်စာအတွက် မိုက်ကရိုဝေ့ဖ်ထဲ အပူပေးပြီး စားသောက်ခဲ့ပါတယ်။ စားသောက်ပြီးစီးတဲ့အခါမှာတော့ အေဂျေဟာ ချက်ခြင်းပဲ နေမကောင်းဖြစ်ပြီး ခေါင်းကိုက်လာပါတယ်။ ၀မ်းဗိုက်နာကျင်လာတဲ့အပြင် အော့အန်တာတွေပါ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ အေဂျေဟာ သူကိုယ်တိုင် အစာအဆိပ်သင့်နေပြီမှန်း သိလိုက်တာကြောင့် ရေများများသောက်၊ ဆေးပါသောက်ပြီး အိပ်ရာဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာ ချွေးတွေရွှဲနစ်ပြီး နိုးလာတာကြောင့် သူဟာ ရေချိုးခန်းဆီသွားခဲ့ပါတယ်။

ရေချိုးခန်းအရောက်မှာတော့ အေဂျေဟာ လဲကျသွားခဲ့ပါတယ်။ ဒါကို သူငယ်ချင်းဖြစ်သူက မြင်လိုက်တာကြောင့် ချက်ခြင်းပဲ ဆေးရုံဆီဖုန်းဆက်ပြီး အေဂျေကို အရေးပေါ်ခေါ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အေဂျေခမျာ စိတ်မကောင်းစရာပဲ သေဆုံးသွားခဲ့ပါတယ်။ အေဂျေကို ရင်ခွဲစစ်ဆေးချက်အရတော့ သူဟာ bacillus cereus အစာအဆိပ်သင့်ပြီး သေဆုံးရတယ်ဆိုတာ အဖြေထွက်လာခဲ့ပါတယ်။ ၄င်းဘက်တီးရီယားဟာ အဆိပ်တွေကို ထုတ်လုပ်ပေးပြီး အော့အန်တာ ၀မ်းပျက်ဝမ်းလျောတာတွေကို ဖြစ်စေနိုင်ပါတယ်။

READ
ပင်ပန်းနွမ်းနယ်ခြင်းကိုဖြစ်စေတဲ့ သင်သတိမထားမိတဲ့အကြောင်းအရာ(၈)ချက်
Credit: PA

၎င်းဘက်တီးရီးယားဟာ အေဂျေရဲ့ အသည်းဆီရောက်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုစနစ်ကို ပျက်စီးစေခဲ့တာ ဖြစ်ပါတယ်။ ၄င်းဖြစ်ရပ်ဟာ (၂၀၀၈) ခုနှစ်တုန်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အမေရိကန်ရဲ့ Clinical Microbiology ဂျာနယ်မှာပါ ပါဝင်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာ ဘားနက်ဒ်ကတော့ အစားအသောက်တွေကို ရက်တာရှည်ခံထားပြီး စားသောက်တဲ့ အဖြစ်မျိုးတွေဟာ ဖြစ်ခဲကြောင်း ဆိုပါတယ်။

တကယ်လို့ အစာအဆိပ်သင့်ခဲ့ရင်လည်း ခေါင်းကိုက်ပြီး အော့အန်ဝမ်းလျောတာတွေဖြစ်ကာ နာရီပိုင်းအတွင်းမှာပဲ သေဆုံးတတ်ကြောင်း ဆိုပါတယ်။ “သာမန်ရိုးကျအတိုင်း အစာအဆိပ်သင့်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ လူတော်တော်များများက ပါစတာအပါအ၀င် ခေါက်ဆွဲအမျိုးမျိုးကို (၁) ရက်၊ (၂) ရက် စသဖြင့် အထားခံပြီး စားကြတယ်။ ဒီလိုမျိုးက ကိစ္စမရှိဘူး။ ဒါပေမယ့် အခုလို ရက်တွေသိပ်ကြာနေပြီ ဆိုရင်တော့ သတိထားသင့်ပါတယ်။ အနံ့အသက်လည်း မကောင်းတော့ပါဘူး။ ဒါကြောင့် အစားအစာကို မစားခင်မှာ ရက်ကြာနေပြီလား၊ အနံ့အသက်၊ အရသာကို သေချာလေ့လာပြီးမှ စားတာက   အန္တရာယ်အကင်းဆုံးပါ။” လို့ ဆိုပါတယ်။

READ
မျက်ကပ်မှန်တပ်သူတိုင်း သိထားရမည့် မျက်လုံးကိုအန္တရာယ်ပေးနိုင်သည့်အချက်များ

လင်းလင်း (ShweMom)

Ref: ladbible

SHARE