ဝန်ထမ်းများအတွက် ခြစ်ခြစ်ကုတ်ကုတ် ငွေစုစရာမလိုတဲ့ ၃၆၅ ရက် ငွေစုနည်း

သာမန်ဝန်ထမ်းတွေအဖို့ လစာရလာတဲ့အခါ သုံးရင်း စားရင်းနဲ့ သံသရာလည်တတ်ကြပါတယ်။ နှစ်ကုန်လို့ တစ်နှစ်တာ စုဆောင်းငွေ ကိုယ့်လက်ထဲ ဘယ်လောက်ကျန်လဲ ကြည့်မိတဲ့အခါ လောက်လောက်လားလား ငွေစုမိတဲ့လူဆိုတာ မရှိသလောက်ပါပဲ။ အခုဖော်ပြပေးမှာကတော့ (၃၆၅) ရက် ငွေစုဆောင်းနည်း ဖြစ်ပါတယ်။

ဒီနည်းက သာမန်လူတစ်ဦးအဖို့ အလွယ်တကူငွေစုဆောင်းနိုင်တဲ့ နည်းလမ်းလေးဖြစ်ပြီး ဒီနည်းအတိုင်း ငွေစုမယ်ဆိုရင်တော့ နှစ်ကုန်တဲ့အခါ ကိုယ်ဘဏ်အကောင့်ထဲမှာ ငွေပမာဏ အတန်အသင့် ရှိနေမှာဖြစ်ပါတယ်။ ယူကေက နည်းလမ်းလေးဖြစ်လို့ သူရဲ့ မူရင်း ငွေစုနည်းမှာတော့ ပေါင်ငွေကြေးတွေနဲ့ ပြောပြထားပါတယ်။ ပထမဆုံး ပိုက်ဆံစစုတဲ့ နေ့မှာ ၁ ပေါင်ကနေ စစုထားပါတယ်။ နောက်တစ်နေ့ သို့မဟုတ် နောက် ၂ ရက်ကြာလောက်မှာတော့ ပထမရက်က ပမာဏထက် အနည်းငယ်တိုးပြီး ၂ ပေါင် ဖယ်စုထားလိုက်ပါတယ်။

ဒီနည်းဟာ တကူးတက ကိုယ့်လစာထဲက ပမာဏကြီးကြီး ဖြတ်ထားစရာမလိုဘဲ နည်းနည်းစု ဖယ်ထားတာဖြစ်တဲ့အတွက် ငွေသိပ်လျော့တယ်လို့လည်း မထင်ရတော့ပါဘူး။ ငွေစုတာ ၇ ရက်မြောက်မှာဆို ၇ ပေါင်အထိ စုရမှာဖြစ်ပါတယ်။ အများဆုံးက ၇ ပေါင်အထိဖြစ်ပြီး နောက်တစ်ပတ် ပြန်စရင် အစကနေ ပြန်စရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ရတာ အလုပ်ရှုပ်တယ် ထင်တဲ့သူတွေကလည်း တူညီတဲ့ ပမာဏကိုပဲ လစာထဲကနေ တစ်ခါတည်း ဖယ်ထားလိုက်လို့လည်း ရပါတယ်။

READ
စပိုင်လုပ်ရာမှာ သုံးတဲ့ ထူးထူးခြားခြား ပစ္စည်းများ
Pixabay

သူပြောတဲ့ နည်းမှာ နှစ်ကုန်သွားတဲ့အခါ လက်ထဲ ပေါင် ၁၅၀၀ (မြန်မာငွေကြေးနဲ့ဆို သိန်း ၂၀) ရှိနေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေလည်း ထိုနည်းကို သုံးပြီး ကိုယ့်ငွေကြေးအလိုက် လိုက်လုပ်နိုင်ပါတယ်။ အဲ့ဒီလို ရက်သတ္တပတ်အလိုက် နည်းနည်းစီ တိုးစု၊ နောက်တစ်ပတ်စရင် အစကပြန်စုလိုက်နဲ့ နှစ်ကုန်တဲ့အခါ ကိုယ့်အတွက် အသုံးဝင်မယ့် ငွေပမာဏတစ်ခုကို ရနေမယ့် ၃၆၅ ငွေစုဆောင်းနည်းလေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ်။ ဝန်မပိစေတဲ့ ငွေစုနည်းလေး ဖြစ်တာကြောင့် လိုက်လုပ်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: ladbible

SHARE