ခွင့်ပြုချက်မတောင်းဘဲ ဗီဒီယိုရိုက်သူကို အေးအေးဆေးဆေး ပညာပေးခဲ့တဲ့ John Cena

Twitter "John Cena"

ပြီးခဲ့တဲ့ ဇူလိုင် ပထမအပတ်ထဲမှာ WWE ရဲ့ လီဂျန့် John Cena ဟာ လန်ဒန်မြို့ထဲ ဈေးဝယ်ထွက်နေခဲ့တယ်လို့ မီဒီယာတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။

Cena ဟာ အားကစားလောကထဲမှုာ သိပ် အနေအေးပြီး အထာကျတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် ဗြိတိန်က  Mo Deen ဆိုသူ YouTuber ရဲ့ ခွင့်ပြုချက်မတောင်းဘဲ ဗီဒီယိုရိုက်ခဲ့တဲ့ လုပ်ရပ်ကြောင့် Cena ရဲ့ တစ်ခြားသော စိတ်နေစရိုက်ပေါ်ထွက်လာတာကို တွေ့မြင်ရပါတော့တယ်။

Mo Deen/YouTube

ဗီဒီယိုထဲမှာလည်း Cena ဟာ အေးဆေးပဲ အကြံပေးတဲ့ ပုံစံနဲ့ပဲ ဖြေရှင်းခဲ့တယ်၊ ခွင့်ပြုချက်တောင်းသင့်ကြောင်း၊ လေးစားမှုရှိခဲ့ကြောင်း ပြောခဲ့တာကို တွေ့ရမှာပါ။ YouTuber ကလည်း တစ်ဖန် သူဟာ နာမည်ကြီးကြောင်း ပြောဆိုတဲ့အခါမှာလည်း ဘယ်သူကြီးပဲဖြစ်နေဖြစ်နေ၊ ဘာကြီးပဲလုပ်လုပ် သူ့အနေနဲ့ ဂရုမစိုက်ကြောင်း ပြောခဲ့ပြီး ခွင့်သာတောင်း၊ ပြီးရင် တစ်ချိန်လုံးရိုက်နိုင်ကြောင်းပါ Cena က ရှင်းပြပါတယ်။ Cena အဓိကဆိုလိုချင်တာက လေးစားမှုအကြောင်းဖြစ်ပါတယ်။

READ
တစ်ရက်ထက်တစ်ရက် ပိုတိုးပြီးချစ်ပါလို့ ချစ်ခင်ပွန်းကို ပြောလိုက်တဲ့ သင်ဇာနွယ်ဝင်း

အဲ့ဒီ့ ကိစ္စနဲ့ ပတ်သက်လို့ Cena ဟာ “Respect is reciprocal. You get what you give.” ဆိုပြီး တင်ခဲ့ပါသေးတယ်။ မကြာသေးခင်ကမှ Fast & Furious 9 မှာ ပါဝင် သရုပ်ဆောင်ဖို့ရှိကြောင်းလည်း ကြေညာခဲ့တယ်။ နောက်ပြီး အသက် ၄၂ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ Cena က WWE နဲ့လည်း အဆက်အသွယ် ပြတ်ဖို့ဆိုတာမရှိကြောင်းလည်း ထုတ်ဖော်ခဲ့တယ်။

Matthew

SHARE