ကပ်ဘေးကာလအတွင်း ရပ်ကွက်ထဲကလူတွေရဲ့ ကျေးဇူးရှင်ဖြစ်လာခဲ့သူ

Facebook- Greg Dailey

သူ့နာမည်ကတော့ Greg Dailey ပါ။ New Jersey ရဲ့ East Windsor မှာ သတင်းစာလိုက်ပို့တဲ့လုပ်ငန်းကို ၂၅ နှစ်ကြာအောင် လုပ်ကိုင်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ သူနေထိုင်ရာ ရပ်ကွက်ထဲမှာပဲ မနက်တိုင်း သတင်းစာလိုက်ပို့နေခဲ့တာ အလုပ်တစ်ခုလိုမဟုတ်ဘဲ အိမ်နီးချင်းတွေကို သံယောဇဉ်တွယ်လွန်းလို့ ဒီအလုပ်ကို ဆက်လက်လုပ်ကိုင်နေခဲ့တာပါ။ သူ့မှာ ကိုယ်ပိုင်အိမ်နဲ့ ကားနဲ့ရှိနေတာကြောင့် သတင်းစာမပို့လည်း အလယ်အလတ်တန်းလောက်တော့ နေထိုင်စားသောက်လို့ရနေပါတယ်။

သတင်းစာပို့တဲ့ သက်တမ်းတစ်လျှောက် အသက်အရွယ်ကြီးတဲ့လူတွေ၊ တစ်ဦးတည်းနေထိုင်တဲ့လူတွေနဲ့ Greg ဟာ တော်တော်လေးကို ခင်မင်ရင်းနှီးနေခဲ့ပါပြီ။ အခုလို ကပ်ရောဂါဘေး ရင်ဆိုင်ကြုံတွေ့နေရချိန်မှာတော့ Greg တစ်ယောက် သတင်းစာပို့တဲ့ လုပ်ငန်းကို မရပ်လိုက်ဘဲ သူ့ရဲ့ ဖောက်သည်တွေ အထီးကျန်နေမှာဆိုးလို့ ပိုပြီးတောင် ဂရုစိုက်ခဲ့ပါသေးတယ်။

Facebook- Greg Dailey

ဥပမာ အသက်ကြီးနေပြီဖြစ်တဲ့ အဖွားတစ်ယောက်ကိုဆိုရင် အရင်တုန်းက ခြံရှေ့မှာပဲ သတင်းစာချပေးခဲ့ပေမယ့် အိမ်ပြင်တောင် မထွက်စေချင်တာကြောင့် အိမ်တံခါးဝထိတကူးတကဝင်ပြီး သတင်းစာသေချာလေးပေးတာမျိုးတွေပေါ့။ ဒါနဲ့ တစ်ရက် သတင်းတွေမှာကြားနေတဲ့အတိုင်း စားသောက်ကုန်ပစ္စည်းတွေ ဝယ်လို့မရတဲ့ အခက်အခဲ ကြုံတွေ့နေရသူတွေဖို့ တစ်ခုခု ကူညီပေးဦးမှဆိုပြီး Greg တစ်ယောက်စိတ်ကူးမိခဲ့တယ်။

READ
နာမကျန်းတဲ့အဖွားရဲ့နောက်ဆုံးဆန္ဒကို ထူးခြားစွာဖြည့်ဆည်းပေးခဲ့တဲ့မြေးလေး

ဒါနဲ့ သတင်းစာပို့တိုင်း အိမ်စေ့ကို ဘာလိုသေးလဲ ဘာများဝယ်ပေးရမလဲဆိုပြီး စားသောက်ကုန်နဲ့ အိမ်သုံးကုန်ပစ္စည်းတွေကို သွားမဝယ်နိုင်တဲ့လူတွေအတွက် မေးကာ ကိုယ်တိုင်အမြတ်တစ်စက်မှမယူဘဲနဲ့ စေတနာအရင်းခံပြီး စတိုးဆိုင်ကို တကူးတကသွားဝယ်ကာ ပေးနေခဲ့ပါတယ်တဲ့။

Facebook- Greg Dailey
Facebook- Greg Dailey

ဒီလိုကူညီခဲ့တာ COVID-19 ကာလအတွင်း တစ်ရပ်ကွက်လုံးက အသက်အရွယ်အိုမင်းနေတဲ့လူတွေ၊ တစ်ယောက်တည်းနေတဲ့ မိန်းမသားတွေအတွက် Greg ဟာ ကျေးဇူးရှင်တစ်ဦးလို ဖြစ်လာခဲ့ပါတယ်။ Greg တစ်ယောက် မနက်ခင်းတိုင်း သတင်းစာ အစောင်ရေ ၈၀၀ လောက်ပို့ရင်း အိမ်တိုင်းနီးပါးကိုလည်း စားသောက်ကုန်တွေလိုက်ပို့ပေးရတဲ့အတွက် သူကိုယ်ပိုင်ကားတောင် အသုံးပြုနေရတဲ့ အထိ ဖြစ်လာခဲ့တာပါ။ ဒါတောင် ဘောက်ချာနဲ့ စာရင်းအတိအကျပဲ ပိုက်ဆံကိုယူတာနော်။

အခုအချိန်ထိလည်း Greg တစ်ယောက် အဘိုးအဘွားတွေကိုဦးစားပေးပြီး ပစ္စည်းတွေပို့ပေးနေတုန်းပါတဲ့လေ။

Facebook- Greg Dailey

penny

SHARE