ရေမြောင်းအောက်ကို အစာဆင်းရှာဖို့ ကြိုးစားတဲ့ ရက်ကွန်းလေးရဲ့ သနားစွယ်ရာအဖြစ်

Newton Fire Department/Twitter

ရက်ကွန်းလေးတစ်ကောင်ဟာ ရေမြောင်းအောက်ကို အစားဆင်းရှာဖို့ ကြိုစားစဉ်၊ လေထောင့်ကွက် သံမြောင်းဖုံးထဲမှာ ခေါင်းတစ်နေခဲ့တဲ့ အဖြစ်ပါ။ ဒီရက်ကွန်းလေးကတော့ နောက်ဆိုရင် မြောင်းထဲကိုဆင်းပြီး အစာရှာဖို့အတွက် နှစ်ကြိမ်/သုံးကြိမ်လောက် စဉ်းစားပြီးမှ လုပ်ဖွယ်ရာ ရှိပါလိမ့်မယ်။

Newton Fire Department/Twitter

ဒီအဖြစ်အပျက်ကြောင့် မီးသတ်သမား (၈)ယောက်လည်း (၂)နာရီကြာ ရက်ကွန်လေးကိုကယ်ဆယ်ဖို့ အလုပ်ရှုပ်ခဲ့ရပါတယ်။ ရက်ကွန်းလေးကို စမြင်ခဲ့သူကတော့ စက်ဘီးသမားတစ်ယောက်ဖြစ်ပြီး၊ သူက မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့ ရက်ကွန်းလေးကို မြင်ပြီးတော့ မီးသတ်တပ်ဖွဲ့ကို ခေါ်ပေးခဲ့ပါတယ်။

ရက်ကွန်းလေးဟာ လူစကားမပြောတတ်သော်လည်း၊ မျက်လုံးလေးတွေက ကယ်ပါယူပါ ပြောနေသည့်အလား သနားစဖွယ်ပါဘဲ။ ဒီအဖြစ်အပျက်ဟာ သြဂုတ်လ(၁)ရက် ကြာသပတေးနေ့ မနက်ပိုင်းလောက်မှာ Newton, Massachusetts မှာဖြစ်ခဲ့တာပါ။ ပထမတော့ ဆပ်ပြာအဆီနဲ့ ရက်ကွန်းလေးကို ထုတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အလုပ်မဖြစ်ပါဘူး။

READ
အတန်းအ၀င် နှုတ်ဆက်တာကအစ ကလေးရွေးချယ်မှုကိုတန်ဖိုးထားတဲ့ မူကြိုဆရာမ
Newton Fire Department/Twitter
Newton Fire Department/Twitter
Newton Fire Department/Twitter

သူ့ဒေါသကို ဆွပေးသလိုဖြစ်တာကြောင့် ရက်ကွန်းလေးဟာ လူတွေကို ရန်မူအော်ဟစ်နေပါတော့တယ်။ နောက်ထပ် နည်းလမ်း နှစ်မျိုးသုံးမျိုး သုံးကြည့်လည်း အဆင်မပြေတာကြောင့်၊ မီးသတ်သမားတွေလည်း မတတ်နိုင်တော့ဘဲ၊ Animal Control ကို ဖုန်းနဲ့လှမ်းခေါ်ရပါတော့တယ်။

 

ကပ္ပတိန် Eric Fricke နဲ့အဖွဲ့ရောက်လာပြီး၊ ချက်ချင်းမကယ်သေးဘဲ ရက်ကွန်းလေးကို ခဏအနားပေးထားပါတယ်။ သူ အပြည့်အဝ အနားယူပြီးမှ အသားလေး ကလော်ပြီးမကြည့်ပါတယ်။ ဒါဟာ အတော်လေး အလုပ်ဖြစ်ခဲ့ပြီး၊ အခုဆိုရင် ရက်ကွန်းလေးဟာ ဘေးအန္တရာယ်ကင်းရှင်းသွားပါပြီတဲ့။

READ
ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီးကို အိမ်ယာမဲ့ထင်ပြီး အစားအသောက် လှူဒါန်းခဲ့တဲ့အမျိုးသမီး

လင်းသုတ

SHARE