နောက်မျိုးဆက်တွေ Nemo ငါးလေးတွေကို မြင်ဖူးတော့မှာမဟုတ်တဲ့အကြောင်းအရင်း

Pixabay-JacLou

Finding Nemo ထဲက clownfish လေးတွေကို အားလုံးရင်းနှီးကြမယ်ထင်ပါတယ်။ လက်ဖဝါးတစ်ခုစာအရွယ်အစားရှိပြီး လိမ္မော်ရောင်တောာက်တောက်လေးရှိတဲ့ ခန္ဓာကိုယ်ပေါ်မှာ အဖြူ၊အမည်းအစင်းကြားလေးတွေနဲ့ Nemo ငါးလေးတွေကို နောက်မျိုးဆက်တွေ အပြင်မှာမြင်ဖူးကြတော့မှာမဟုတ်ပါဘူးတဲ့။

Economic Times ရဲ့ ဖော်ပြချက်အရ ရာသီဥတုပြောင်းလဲမှုတွေကြောင့် Nemo ငါးလေးတွေအနေနဲ့ မျိုးပွားမှုဆိုင်ရာမှာ သွားပြီးအနှောက်အယှက်သွားဖြစ်နေပါတယ်။ ဒါကြောင့် နောက်နှစ်တွေကြာလာတဲ့အခါကျရင် Nemo ငါးလေးတွေဟာ တဖြေးဖြေးလျော့နည်းကာ နောက်ဆုံးမှာမျိုးသုဉ်းသွားမှာပါဆိုပြီးခန့်မှန်းထားကြပါတယ်။

Pixabay-fridzema

အဓေိကကတော့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေအပူချိန်၊ ပင်လယ်ရေအောက် သန့်စင်ခြင်းနဲ့ Nemo ငါးလေးတွေစားတဲ့ ရေညှိပင်တစ်မျိုးဟာလည်း ရှားပါးလာခဲ့ကြတာကြောင့် ဖြစ်ပါတယ်။ လ့လာချက်ကိုတော့ သြစတေးလျတက္ကသိုလ်မှ သုတေသီ James Cook ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ၁၀ နှစ်ကြာလေ့လာမှုပြုခဲ့ပြီးမှ သတင်းထုတ်ပြန်လာခဲ့တာပါ။ သုတေသနကိုတော့ Kimbe ပင်လယ်ကွေ့မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လကရှိမြင်တွေ့နေရတဲ့ Nemo ငါးလေးတွေရဲ့ အရေအတွက်အတိုင်းဆိုရင်တော့ အခု generation ရဲ့ နောက်ထပ် generation ၅ ခုမြောက်မှာတော့ လုံးဝမြင်တွေ့ရတော့မှာမဟုတ်တော့ပါဘူး။ ဒီအပြင် Nemo ငါးလေးတွေရဲ့သက်တမ်းဟာလည်း တဖြေးဖြေးနဲ့တိုလာခဲ့ပါတယ်တဲ့။

READ
ကမ္ဘာ့အံ့ဖွယ်(၈) ပါးမြောက်အဖြစ် တွေ့မြင်ရဖွယ်ရှိနေတဲ့ Great Green Wall
Pixabay-johnnyyip35

Penny

SHARE