တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ခေတ်စားနေပြီဖြစ်တဲ့ Neymar Challenge

(၂၀၁၈ )ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကနေ ဘရာဇီးအသင်းထွက်လိုက်ရပြီဖြစ်ပေမယ့် နေမာနဲ့ ပတ်သက်တဲ့ မှတ်ဥာဏ်တွေကတော့ အားလုံးဆီမှာ ကျန်နေခဲ့ကြပါတယ်။ ကွင်းထဲမှာ နေမာလဲကျတာတွေ၊ လိုတာထက်ပိုပြီ လူးလှိမ့်နေခဲ့တာတွေက ဘောလုံးပရိသတ်တွေအတွက် ဟာသလုပ်စရာဖြစ်ခဲ့ရပြီး အခုနောက်ဆုံးမှာတော့ Neymar Challenge ဆိုပြီးတော့တောင် လှုပ်ရှားမှုတစ်ခု လုပ်နေကြပါပြီ။

Neymar Challenge ဆိုတာကတော့ ကွင်းထဲမှာဖြစ်ခဲ့တဲ့ နေမာရဲ့ ပုံစံအတိုင်း တစ်ယောက်ယောက်က ကိုယ့်ကိုလာထိလိုက်တာနဲ့ မြေကြီးပေါ်လူးလှိမ့်ပြရတဲ့ပုံစံပါ။ ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ Neymar Challenge က ခေတ်အစားဆုံးဖြစ်နေပြီး နိုင်ငံပေါင်းစုံက ဘောလုံးပရိသတ်တွေ ပါဝင်ဆင်နွှဲနေကြတာပါ။

စကော့တလန်နိုင်ငံက ဘောလုံးသင်တန်းကျောင်းတစ်ခုမှာတော့ ကလေးငယ်တွေက Neymar Challenge ကို ဆင်နွှဲနေကြလို့ အတုယူမှားမှာ စိုးရိမ်ပြီး အဲဒီအပြုအမူကို ကျောင်းမှာမလုပ်ရဘူးလို့ ပိတ်ပင်လိုက်ရတဲ့အထိပါပဲ။

မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာလည်း Neymar Challenge က ခေတ်စားလာနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံက လူငယ်တွေရိုက်ကူးထားတဲ့ Neymar Challenge ဗီဒီယိုကို မြင်တွေ့နေရပြီဖြစ်ပါတယ်။

READ
"နင် Romeo ဆို ငါဟာလေ Juliet" ဆိုတဲ့ နန်းသီရိမောင်

Neymar Challenge ကို ကမ္ဘာတစ်ဝှမ်းလုံးမှာ လုပ်နေကြတဲ့ ဗီဒီယိုလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Linn

Source : unilad

 

SHARE