ဘာစီလိုနာတိုက်စစ်မှူးနေမာကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်198သန်းနဲ့ PSGခ်ါယူ

အခုနှစ်နွေရာသီမှာ ဟစ်အဖြစ်ဆုံးအပြောင်းအရွှေ့ဖြစ်တဲ့ ဘာစီလိုနာအသင်းမှ ဘရာဇီးတိုက်စစ်မှူးနေမာဟာ ပီအက်စ်ဂျီ
အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် 198သန်းနဲ့ တရားဝင်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ နေမာရဲ့ပြောင်း
ရွှေ့ကြေးဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အမြင့်မားဆုံးစံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် အသက် 25နှစ်အရွယ်ရှိတဲ့ နေမာဟာ ပီအက်စ်ဂျီအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် 5သိန်းရရှိမှာဖြစ်ပြီး (5)နှစ်
စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ကျောနံပါတ်(10)ကို ၀တ်ဆင်ကစားမှာဖြစ်ပြီး အသင်း
ရဲ့တိုက်စစ်ကို ဦးဆောင်မှာဖြစ်ပါတယ်။

နေမာဟာ ကြာသပတေးနေ့က ဘာစီလိုနာအသင်းဖော်တွေနဲ့ ပရိသတ်တွေအားလုံးကို နှုတ်ဆက်ခဲ့သလို ဘာစီလိုနာနဲ့
မက်ဆီတို့ကလည်း နေမာထွက်ခွာမယ်လို့အတည်ပြုကြေညာခဲ့ပါတယ်။ သောကြာနေ့(ယနေ့)မှာတော့ နေမာဟာ
ပီအက်စ်ဂျီအသင်းနဲ့ တရားဝင်တွေ့ဆုံမိတ်ဆက်ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နေမာက “ပီအက်စ်ဂျီဟာ ရည်မှန်းကြီးမားတဲ့ ဥရောပကလပ်အသင်းတွေထဲက တစ်သင်းအပါအ၀င်ပါ။ ဒီအချက်ကပဲ ကျွန်တော့်ကို စွဲဆောင်ခဲ့တာပါ။ စိန်ခေါ်မှုအသစ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဒီနေ့ကစပြီး အသင်းဖော်တွေကို
အကူအညီပေးမှာဖြစ်သလို အသင်းအတွက်လည်းအကောင်းဆုံးကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

READ
ပင့်ကူနဲ့ နကျယ်ကောင်တို့ရဲ့ နိုင်သူစားစတမ်း သတ်ပုတ်ပွဲ

နေမာရဲ့ Profile နဲ့ စိတ်ဝင်စားဖွယ်အချက်အလက်များ

၁။ 1992ခုနှစ်၊ ဖေဖော်ဝါရီလ 5ရက်နေ့ ဘရာဇီးနိုင်ငံ၊ ဆာအိုပေါ်လိုမြိ့မှာ မွေးဖွားခဲ့။

၂။ 2009ခုနှစ်မှာ ဆန်းတို့စ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့ပြီး စုစုပေါင်း 229ပွဲမှာ 138ဂိုးသွင်းပြီး ဆန်းတို့စ်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းသူရဲကောင်းဖြစ်။

၃။ 2013ခုနှစ်  21နှစ်အရွယ်မှာ ရီးယဲလ်၊ မန်ယူ၊ ချယ်လ်ဆီး၊ မန်စီးတီးတို့ရဲ့ဆက်သွယ်ခြင်းကို ခံခဲ့ရပေမယ့် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့။

၎။ 2013သြဂုတ်လ လီဗန်တးနဲ့ပွဲမှာ ဘာစီလိုနာနဲ့စတင်ပွဲထွက်ခဲ့ပြီး (4)နှစ်အတွင်း ဘာစီလိုနာအတွက် 186ပွဲမှာ
105ဂိုးသွင်းယူပြီး 80ကြိမ်ဂိုးဖန်တီးပေးထားနိုင်။

၅။ အသက်(18)နှစ်နဲ့ ဘရာဇီးအသင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး 77ပွဲမှာ 52ဂိုးသွင်းယူပေးထားနိုင်။

2016-17ရာသီ နေမာရဲ့ ဂိုးဖန်တီးမှု

ဘာစီလိုနာကစားခဲ့စဉ် နေမာရဲ့ ဂိုးသွင်းနှုန်းနဲ့ ဖန်တီးမှုနှုန်း

READ
လိင်မှုကိစ္စပြုချိန်တိုင်း သမီးကိုမူးယစ်ဆေးကျွေးထားသည့်မိခင်နှင့်၎င်းရည်းစားထောင်ဒဏ်ကျ

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; dailymail.co.uk
SHARE