PSG ကစားသမားသစ် နေမာရဲ့ အံ့ဖွယ်ဘောလုံး Skill များ

မကြာသေးမီကမှ စပိန်ထိပ်သီး ဘာစီလိုနာအသင်းကနေ ပြင်သစ်လီဂူးကလပ် PSG အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အပြီးပြောင်းရွှေ့သွားတဲ့ နေမာဟာ အခုဆိုရင် ဘောလုံးလောကမှာ လုပ်ခလစာအများဆုံးရရှိထားတဲ့ ကစားသမားတွေထဲမှာ တစ်ဦးအပါအ၀င် ဖြစ်သွားပါပြီ။

နေမာဟာ လူငယ်ကစားသမားအဖြစ် Portuguesa Santista ကလပ်အသင်းနဲ့အတူ 1999 ခုနှစ်မှာ စတင်ခဲ့ပါတယ်။ 2003 ခုနှစ်မှာ ဆန်းတို့စ်လူငယ်အသင်းမှာ စတင်ကစားခွင့်ရခဲ့ပြီး၊ 103 ပွဲကစားကာ 54 ဂိုး သွင်းနိုင်ခဲ့ပါတယ်။ 2013 ခုနှစ်မှာ ဘာစီလိုနာအသင်းကို ယူရို 57.1 သန်း (Official ကြေငြာသည့် amount မဟုတ်ပါ)နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှာ 4 နှစ်ကြာ မက်ဆီ-ဆွာရက်ဇ်တို့နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး၊ 123 ပွဲကစားကာ 68 ဂိုး သွင်းယူခဲ့ပါတယ်။ ယခုနှစ် 2017 ခုနှစ်မှာ ပြင်သစ်လီဂူးကလပ် PSG အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ပေါင် 222 သန်းနဲ့ ပြောင်းရွှေ့နိုင်ခဲ့ပြီး ရာသီအသစ်ကို စတင်ပေးဆပ်တော့မှာ ဖြစ်ပါတယ်။

READ
ဗွီဒီယိုမှတ်တမ်းသာမရှိရင် လုံးဝယုံနိုင်စရာမရှိတဲ့ ဂိုးသွင်းယူမှုများ

ယခု ဖော်ပြထားတဲ့ ဗွီဒီယိုဖိုင်ဟာ နေမာရဲ့ နိုင်ငံကစားသမားဘ၀တစ်လျှောက်မှာ မှတ်မှတ်ရရ ဖြစ်စေခဲ့တဲ့ ဘောလုံးစွမ်းရည်အချို့ ဖြစ်ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

SHARE