အသက် (၂၂) နှစ်အရွယ်ချစ်သူနဲ့ဇာတ်လမ်းပြီးသွားပြီဖြစ်တဲ့ နေမာရဲ့ မိခင်

[email protected] [email protected]

လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်တုန်းက နေမာရဲ့ မိခင်ဖြစ်သူ Nadine ဟာ အသက်၂၂ နှစ်အရွယ်ပဲရှိသေးတဲ့ Gamer ကောင်လေးနဲ့ တွဲခုတ်တဲ့ ဇာတ်လမ်းကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ ဒါပေမယ့် မကြာသေးခင်အချိန်မှာပဲ Nadine ဟာ အဆိုပါကောင်လေးနဲ့ ဇာတ်လမ်းပြီးဆုံးသွားပြီဖြစ်ကြောင်း Foxsports သင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

Somente agradecer a ti Senhor…obrigada !

A post shared by Nadine Gonçalves (@nadine.goncalves) on

Nadine နဲ့ တွဲခဲ့တဲ့ Gameer ကောင်လေးနာမည်ကတော့ Tiago Ramos ဖြစ်ပြီး နေမာထက် ၆ နှစ်တောင် ငယ်ကြောင်း သိရပါတယ်။ ဒါ့အပြင် Tiago ဟာ နေမာရဲ့ အမာခံပရိသတ်တစ်ဦးလဲ ဖြစ်ပါတယ်။ The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင်တော့ Tiago ဟာ နေမာတစ်ယောက် Brazil ပြန်ရောက်လာတိုင်း နေမာအိမ်မှာ သွားရောက်တွေ့ဆုံရင် နေမာမိခင်နဲ့ ဇာတ်လမ်းဖြစ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

View this post on Instagram

Inexplicável ❤️

A post shared by Tiago Ramos (@tiagoramoss) on

လွန်ခဲ့တဲ့ ၂ပတ်က Nadine ဟာ သူမရဲ့ Instagram အကောင့်ကနေပြီးတော့ Tiago နဲပ တွဲနေပြီဖြစ်ကြောင်း ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အဲဒီပို့စ်အောက်မှာတောင် နေမာက သူ့အမေကို ပျော်ရွှင်ပါစေလို့ ဆုတောင်းထားတဲ့ comment တောင် ဝင်ရေးခဲ့ပါသေးတယ်။

View this post on Instagram

Sol e praia 😜🥵

A post shared by Tiago Ramos (@tiagoramoss) on

ဒါပေမယ့် အခုအချိန်မှာတော့ Tiago ကို နေမာမိခင် Nadine က လမ်းခွဲခဲ့ပါတယ်။ အကြောင်းအရင်းကတော့ Tiago ဟာ သူနဲ့ မတွေ့ခင်မှာ ယောက်ျားတော်တော်များများနဲ့ တွဲခဲ့တဲ့အကြောင်းကို သိသွားလို့ပဲ ဖြစ်ပါတယ်။ Tiago ဟာ Nadine နဲ့ မတွေ့ခင် နေမာရဲ့ ကိုယ်ပိုင်စာဖိုမှူးတစ်ယောက်ဖြစ်တဲ့ Mauro နဲ့ တောင် Dating လုပ်ခဲ့ဖူးကြောင်း သိရပါတယ်။

ဒါ့ကြောင့် အခုဆိုရင်တော့ Tiago ဟာ Nadine ရဲ့ စံအိမ်ကြီးကို စွန့်ခွာသွားခဲ့ရပြီး သူ့ရဲ့ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ Tiago ဟာ ဒီလိုအိမ်ပြန်ရောက်ကြောင်း အသိပေးတဲ့အနေနဲ့  Tiago ရဲ့ မိခင်ဖြစ်သူနဲ့ အမဖြစ်သူပါဝင်တဲ့ ဗီဒီယိုဖိုင်တစ်ခုကို သူ့ရဲ့ Instagram အကောင့်နေပြီးတော့ ပို့စ်တစ်ခုတင်ခဲ့ကြောင်း သိရပါတယ်။

READ
အနုပညာရှင်နဲ့ပရိတ်သတ်တို့ အတူတူအိပ်ရတဲ့ ဂျပန်က Reality Show အကြောင်း

Pyi Hein Kyaw

SHARE