မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ အင်စတာဂရမ်ပေါ်မှာကြည်နူးနေကြတဲ့ Nick Jonasနဲ့ Chopra

instagram.priyanka chopra

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Nick Jonas နဲ့  အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Priyanka Chopra တို့ကတော့ ဒီဇင်ဘာလ ဒီလိုအချိန်မှာ သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးကို အန္ဒိယမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Nick Jonasနဲ့ Chopra တို့က မင်္ဂလာသက်တမ်း ၁နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

instagram.priyanka chopra

ဒါကြောင့် Nick Jonasနဲ့ Chopra တို့ဇနီးမောင်နှံကတော့ အခုအချိန်ထိ သူတို့ရဲ့ အချစ်တွေပူနွေးနေဆဲဆိုတာ အင်စတာဂရမ်ပေါ်မှာ ပြသလိုက်တာဖြစ်ပါတယ်။ Nick Jonas ကတော့ ” လွန်ခဲ့တဲ့ တစ်နှစ် ဒီအချိန်မှာ ထာဝရဆိုတဲ့ စကားကို ငါတို့ပြောခဲ့ကြတယ်။ ဒါပေမဲ့ ငါ့ရဲ့ အချစ်တွေနဲ့ ယှဉ်လိုက်ရင် ထာဝရဆိုတာ ဘာမှမဟုတ်ပါဘူး။ ပျော်ရွှင်စရာ မင်္ဂလာနှစ်ပတ်လည်နေ့လေးပါ” လို့ရေးထားပြီး အင်စတာဂရမ်ပေါ်မှာ ဓါတ်ပုံ တင်ခဲ့တာဖြစ်ပါတယ်။

SHARE