ဆယ်လီလောကရဲ့ မနဲ့မောင် စုံတွဲ ဖြစ်တဲ့ Nick Jonas နဲ့ Priyanka Chopra တို့ကတော့ နောက်ဆုံးမှာ ရွှေလက်တွဲ သွားကြပါပြီ။သူတို့စုံတွဲ ကတော့ စနေနေ့(ဒီဇင်ဘာ ၁ ရက်) နေ့က အိန္ဒိယမှာ လက်ထပ်ခဲ့ကြတာပါ။အိန္ဒိယရိုး ရာ အ တိုင်း ထိမ်းမြားလက်ထပ်တာမဟုတ်ပဲ အနောက်တိုင်းစတိုင် Western ceremony အတိုင်း လက်ထပ် ခဲ့ကြတာပါ။ Priyanka Chopra ကတော့ အသက်(၃၆)နှစ်ဖြစ်ပြီး Nick Jonas ကတော့ (၂၆)ဖြစ်တာကြောင့် အသက်က (၁၀) နှစ်လောက်ကွာပါတယ်။



မင်္ဂလာပွဲကိုတော့ အိန္ဒိယနိုင်ငံ Jodhpur မြို့က Umaid Bhawan နန်းတော်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ပြီးခဲ့တဲ့ ဇူလိုင်လ က စေ့စပ်ခဲ့ကြတာဖြစ်ပြီး စေ့စပ်ပြီး (၄)လအကြာမှာပဲ လက်ထပ်ခဲ့ကြတာပါ။မင်္ဂလာပွဲကိုတော့ Nick ရဲ့ သင်းအုပ်ဆရာ ဖခင် Paul Kevin Jonas Sr. က ကြီးမှူး ကျင်းပပေးခဲ့တာပါ။Chopra ကတော့ Ralph Lauren ဖက်ရှင်ကုမ္ပဏီရဲ့ ၀တ်စုံကို ရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်။သူမရဲ့ ပူပူနွေးနွေးခင်ပွန်း Nick Jonas ကလည်း အဲ့ဒီ Brand ကိုပဲ ၀တ်ဆင်ခဲ့ တယ်လို့ သိရပါတယ်။သူမဟာ (၂၀၁၇) Met Gala ပွဲမှာတုန်းကလည်း Ralph Lauren Collection ကို ရွေး ချယ် ၀တ်ဆင်ခဲ့ဖူးတာကြောင့် သူမဘ၀ရဲ့ အကြီးအကျယ်ဆုံး ဒီလိုပွဲမှာလည်း အဲ့ဒီ brand ကိုပဲ ရွေးချယ် ခဲ့တာပါ။သူမရဲ့ မင်္ဂ လာ ပွဲရဲ့ ဧည့်သည်စာရင်းမှာတော့ Parineeti Chopra, Madhu Chopra, Game of Thrones ရဲ့ မင်းသမီး ချော Sophie Turn er, Elizabeth Chambers, Jasmin Walia တို့ပါဝင်တဲ့ အပြင် အိန္ဒိယ၀န်ကြီးချုပ် Nare ndra Modi ကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
Priyanka Chopra ရဲ့ ပွဲမှာလည်း Deepika Padukone ရဲ့ ပွဲလိုပဲ No Phone ဆိုပြီး တားမြစ်ထားပါတယ်။တစ် ညငှားရမ်းခ ကန်ဒေါ်လာ ( $60,000) တန်တဲ့ Umaid Bhawan နန်းတော်မှာ ပြုလုပ်တဲ့ သူမရဲ့ မင်္ဂလာပွဲ ကို တက်ေ ရာက်လာသူတွေအနေနဲ့ ပွဲကို စတင်ဝင်ရောက်ချိန်ကစပြီး ပွဲပြီးလို့ ထွက်ခွာတဲ့ အထိ ကတ်(ဖိတ်ကြားခံ ထားရတဲ့ ဧည့်သည်ဖြစ်ကြောင်း သိနိုင်ဖို့) ကို မဖြစ်မနေ ကိုင်ဆောင် ထားခဲ့ရ ပါတယ်။မင်္ဂလာပွဲ ကျင်းပတဲ့ နန်း တော်ကြီးမှာတော့ လေဆာလျှပ်စစ်အလင်းရောင်တန်းတွေ ထွန်းညှိခဲ့တယ်လို့ သိရပါတယ်။


Source Dailymail