ချွေးမအတွက် သိပ်ကိုဂုဏ်ယူရပါတယ်ဆိုတဲ့ Priyanka Chopra ရဲ့ ယောက္ခထီး

Instagram- @priyandachopra

တကယ်တော့ အမျိုးသမီးတစ်ယောက် အိမ်ထောင်ရက်သားကျသွားခဲ့ရင် ကံကောင်းတယ်၊ မကောင်းဘူးဆိုတာ တစ်ဖက်အမျိုးသားရဲ့အသိုင်းအဝိုင်းတွေကနေပြီး အဲဒီအမျိုးသမီးအပေါ် ဆက်ဆံပုံတွေနဲ့ အများကြီးသက်ဆိုင်လို့နေပါတယ်။ တစ်ခါတစ်လေ ကိုယ်က ဘယ်လောက်ပဲ တော်တော် ထက်ထက်၊ ချောချော၊ ချမ်းသာသာ အိမ်ထောင်ဖက်ရဲ့ အသိုင်းအဝိုင်းတွေက အဆင်ပြေပြေမဆက်ဆံတဲ့အခါမျိုးမှာတော့ အိမ်ထောင်ရေးလည်း သာယာနိုင်မှာမဟုတ်ပါဘူး။

ဒီနေရာမှာတော့ Priyanka Chopra တစ်ယောက် ကံကောင်းတယ်လို့ဆိုနိုင်မှာပါ။ ဘာသာခြား၊ လူမျိုးခြားဖြစ်တဲ့ Nick Jonas နဲ့ လက်ထပ်ခဲ့ရပေမယ့်လို့ Jonas တစ်မိသားစုလုံးက သူမကို သမီးအရင်းတစ်ယောက်လို ချစ်ပေးတဲ့အပြင် ရင်းရင်းနှီးနှီး ကြင်ကြင်နာနာနဲ့လည်း ဆက်ဆံပေးကြပါသေးတယ်။

အခုလည်း သူ့ချွေးမကို အရမ်းတွေဂုဏ်ယူနေပါတယ်ဆိုပြီးတော့ Nick Jonas ရဲ့ ဖခင်ကပြောလာခဲ့ပါတယ်ဆိုပြီး Pinkvilla မှာ ဖတ်လိုက်ရပါတယ်။ အကြောင်းအရာကတော့ The White Tiger ဆိုတဲ့ ရုပ်ရှင်ကားတစ်ကား ထွက်တော့မှာဖြစ်ပါတယ်။

ဒီကားထဲမှာ Priyanka က သရုပ်ဆောင်ထားခဲ့ပြီးတော့ သာမန် bollywood ရုပ်ရှင်တွေလိုမျိုးမဟုတ်ဘဲ hollywood ဆန်ဆန် အလှည့်အပြောင်းတွေအများကြီးနဲ့ ရိုက်ကူးထားခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ ဒီ trailer လေးကိုကြည့်ပြီး Nick Jonas ရဲ့ အဖေကတော့ Priyanka လိုမျိုး သိပ်တော်တဲ့ချွေးမမျိုးရထားတာ တော်တော်လေးကို ကံကောင်းတာပဲဆိုပြီး ပြောလာခဲ့တာပါ။

The White Tiger ကိုတော့ Netflix က ပြသမှာဖြစ်ပြီးတော့ Priyanka နဲ့အတူတူ Rajkummar Rao နဲ့ Adarsh Gourav တို့က ပါဝင်သွားမှာဖြစ်ပါတယ်။

penny

SHARE