အမွှာညီအစ်မနှစ်ယောက်ကို တစ်ပြိုင်တည်း တွဲခဲ့ကြောင်း ဖွင့်ဟခဲ့တဲ့ တင်းနစ်ကစားသမား

[email protected] [email protected]

သြစတြေးလျနိုင်ငံရဲ့ နာမည်ကြီး တင်းနစ်ကစားသမားတစ်ဦးဖြစ်တဲ့ Nick Kyrgios ဟာ တစ်ချိန်က သူနဲ့ပျော်ပါးခဲ့တဲ့ သူ့ချစ်သူဟောင်း တင်းနစ်မစ်မယ်နဲ့ သူ့ရဲ့ညီမအကြောင်းကို ဖွင့်ဟပြောခဲ့ပါတယ်။ အဆိုပါတင်းနစ်မယ်ကတော့ ကနေဒါနာမည်ကြီးတင်းနစ်ချန်ပီယံ Eugenie Bouchard နဲ့ Eugenie ရဲ့ အမွှာညီမ Beatrice တို့ပဲ ဖြစ်ပါတယ်။ Nick ဟာ တင်းနစ်လောကရဲ့ ပလေးဘွိုင်းဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားသူ တစ်ဦးပါ။ သူ့ရဲ့ ရည်းစားဟောင်း Eugenie Bouchard ကလည်း တစ်ချိန်က ကမ္ဘာ့အဆင့်(၅)အထိ ရောက်ခဲ့ပြီး တင်းနစ်လောကရဲ့ အလားအလာ အကောင်းဆုံး တင်းနစ်မယ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

[email protected]
View this post on Instagram

misssss uuuuuu (paris last year)

A post shared by Genie Bouchard (@geniebouchard) on

https://www.instagram.com/p/B5GWbRuJbou/

Nick ဟာ ဒီလထဲမှာ သူ့ရဲ့ Instagram ကနေပြီးတော့  “Swaggy as f**k box haha” ဆိုတဲ့ caption နဲ့ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ အဆိုပါဓာတ်ပုံထဲမှာတော့ Nick ရယ်၊ Eugenie Bouchard ရယ်၊ Beatrice တို့ရယ်ပဲ ဖြစ်ပါတယ်။ Nick ဟာ ဒီလိုမျိုး အမွှာညီအမနဲ့ ဇာတ်လမ်းရှုပ်ခဲ့တာကို ဂုဏ်ယူမဆုံး ပုံစံဖြစ်နေပုံပါပဲ။ အမှန်တကယ်ကတော့ Nick ဟာ Eugenie နဲ့ အရင်ဆုံး ကြိုက်ပြီး ချစ်သူတွေ ဖြစ်ခဲ့တာပါ။ ဒီလိုနဲ့ နှစ်ယောက်သားတွဲပြီး သိပ်မကြာတဲ့အချိန်မှာ Nick ဟာ Eugenie ရဲ့ အမွှာညီအမ Beatrice နဲ့ ဖောက်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
ချစ်တင်းနှောဖို့ ငြင်းဆိုခဲ့လို့ ချစ်သူကို ရိုက်နှက်ခဲ့တဲ့ အမျိုးသား

https://www.instagram.com/p/B0_6kHkHxdT/?utm_source=ig_embed

View this post on Instagram

Hi sunshine nice to see you again

A post shared by Beatrice Bouchard (@beatricebouchard) on

ဒီလိုမျိုးဖောက်ပြန်နေတာ လူမိသွားတဲ့အချိန်မှာတော့ Eugenie ဟာ Nick ကို လမ်းခွဲခဲ့ပါတယ်။ “ညီအမနှစ်ယောက်စလုံးကို တစ်ယောက်တစ်မျိုးဆီ ကျွန်တော်ချစ်ခဲ့မိတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ အမွှာညီအမနှစ်ယောက်စလုံးဟာ အရမ်းချစ်ဖို့ကောင်းပါတယ်။ အခုတော့ နှစ်ယောက်စလုံးနဲ့ မသက်ဆိုင်တော့ပါဘူး” လို့ Nick က ပြောကြားခဲ့ပါတယ်။

https://www.instagram.com/p/B6UWleBgmuA/

Nick တစ်ယောက် ဒီလိုနှစ်ယောက်စလုံးနဲ့ လမ်းခွဲပြီးတဲ့အချိန်မှာ ရုရှားတင်းနစ်မယ် Anna Kalinskaya နဲ့ တွဲခဲ့ပါသေးတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ Anna နဲ့ လမ်းခွဲသွားခဲ့ပါတယ်။ “ ကျွန်တော်စိတ်ကိုက ဘယ်လိုဖြစ်နေမှန်းကို မသိတာ။ အခုဆိုလည်း အနည်းဆုံးတစ်ပတ်တစ်ခါ လိင်ကဆက်ဆံဖြစ်တယ်။ တစ်ခါတစ်လေ ကျွန်တော့်ပရိသတ်အမျိုးသမီးတွေတောင် ပါသေးတယ်ဗျ” လို့ Nick က The Sun သတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

READ
လွန်ခဲ့သောနှစ်(၅၀၀၀)က အရိုးစုများနှင့် သင်္ချိုင်းမြေပုံကို တရုတ်ပညာရှင်များရှာဖွေတွေ့ရှိ

 

Pyi Hein Kyaw

SHARE